မိဘကျေးဇူးမြင့်မိုရ်ဦးအထူးကျေအောင်ဆပ်ပါမည်

Monday, January 18, 2010

ကဗျာ

အမိမြေဒီချိန်ဆို တို့မြေမှာ ချယ်ရီတွေလဲ လှိုင်နေရော့မယ်....ချယ်ရီ...ရိုးတံတွေမှာ နီတျာရဲအဖူးလေးတွေ စီပြီး ကိုင်းနေတဲ့ လမ်းလေးက လျှောက်ပြီး....ဆပ်ဖလူးပန်းတွေကိုကောက် လက်ခုပ်ခုပ်ပြီး တစ်ယောက်ကို တစ်ယောက်ပေးခဲ့ကြဖူးတယ်.....ဗိန်ဗောင်းတီးတဲ့ တီးလုံးတွေ ကြားမှာနစ်မွန်းခဲ့ဖူးတယ်......ညည့်သန်းခေါင် ရေတံခွန်စီးကျသံတွေကို နားထောင်ပြီး စိတ်ကူတွေယဉ်ခဲ့တယ်..........အဝေးက မိုးကုပ်စက်ဝိုင်းကို ကြည့်ပြီး အနာဂတ်ကို လှမ်းမျှော်ကြည့်တတ်ခဲ့တယ်...............မိုးတွေရွာပြီးလို့ မြူတွေဆိုင်းနေမယ့် တောင်ပြာတန်းကြီးကို လွမ်းတယ်........အသံလဲမတူ အကြောင်းကွဲတဲ့ နေရာမှာ မပျော်ဘူး....ဒါပေမယ့် တုနိုင်းမဲ့တဲ့ ကျေးဇူးရှင်ကို အိပ်မက်တွေပေးပြီး ခဏခဏ ခွဲခဲ့ရလို့ မျက်ရည်သမ်းနေမယ့် ရုပ်ပုံကို မမြင်ရက်တာကြောင့် မပျော်ပေမယ့် တော်ရာမှာဘဲ ကြိုးစားနေနေရပါတယ်...........ဘယ်လိုဖြစ်ဖြစ် အမိမြေနဲ့ အမေ့ကိုတော့ လွမ်းတယ်။။။။။။။။။။။

0 comments:

Post a Comment