နှင်းဆီ ချစ်သူတို့ အတူဖတ်ဖို့ ဟာသများ အပိုင်း ၁ ကို တင်ပြီးသွားပြီး အပိုင်း၂ ကို ပြန်တင်ပေးဖို့ တာဝန်မကျေဖြစ်နေတာ အတော်ကြာပြီ။
ဒီနေ့တော့ အချိန်လေး ယူပြီးပြန်တင်ပေးလိုက်ပါတယ်ရှင်...။
အပိုင်း ၁ မှာ အားပေးကြတဲ့ သူငယ်ချင်းအားလုံးကို တယောက်ချင်းစီ လိုက်ပြီးကျေးဇူးတင်ကြောင်းမပြောနိုင်တဲ့အတွက် ခု ဒီနေရာ အပိုင်း ၂ လေးကနေပဲ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ကြောင်းပြောပါရစေရှင်...။
ကျေးဇူးအများကြီးတင်မိပါတယ်ရှင်။
လေးစားစွာဖြင့် ...
ပန်းနှင်းဆီ
....ချစ်အဓိပ္ပာယ်...
Love (အချစ်) ဟူသည်....
L..Lake of sorrow..(ဝမ်းနည်းပူဆွေးရေအိုင်)
O..Ocean of tears..(မျက်ရည်သမုဒ္ဒရာ)
V..Valley of death..(မရဏတောင်ကြား)
E..End of live..(ဘဝ နိဂုံး) ပါတဲ့.....
$$$$ဟိုတယ်နှလုံးသား $$$$
"ကျွန်တော့မှာ ဟိုတယ်လိုနှလုံးသား ရှိပါတယ်နော်"
"ဘာကိုပြောတာလည်းဟင်၊ ကျွန်မနားမလည်ဘူး"
"နောက်တစ်ယောက်အတွက် အမြဲတမ်း အခန်းရှိနေတယ်လေ"
@@@ အိုကွယ်...ရှက်လိုက်တာ @@@
စစ်သားလေးက သူ့ချစ်သူကို စစ်စခန်းတစ်ခုစီသို့ အလည်ခေါ်သွား၏။ သူတို့ရောက်ပြီး မကြာမှီ ရိုင်ဖယ်လ်တပ်သားများ သေနတ်ပြစ်လေ့ကျင့်နေသော နေရာသို့ ကူးသွားကြ၏။ မမျှော်လင့်ပဲ ကျယ်လောင်သော သေနတ်ပစ်သံများကို ကြားလိုက်ရသည့်အခါ ချစ်သူမိန်းခလေး တုန်လှုပ်လန့်ဖျက်သွားကာ စစ်သားလေး၏ ရင်ခွင်ထဲသို့ ပြေးဝင်မိလေ၏။
သူတို့နားမှ စစ်သားများ ပြုံးကြလေ၏။ ချစ်သူမိန်းကလေး အတော်ရှက်သွားကာ စစ်သားလေး၏ ရင်ခွင်မှ ရုန်းထွက်လိုက်၏။
"ဒီလောက်ထိ လန့်သွားမယ်လို့မထင်မိဘူး၊ ရှက်လိုက်တာကွယ်"
ထိုတွင် စစ်သားလေးက ပြုံးစိစိနှင့် ဆက်ပြောလိုက်၏။
"ကဲ အချစ်၊ ကိုယ်တို့ လက်နက်ကြီးတွေ လေ့ကျင့်နေတဲ့နေရာကို သွားကြည့်ရအောင်" တဲ့
#### နွားတစ်ကောင်၏ မှတ်တမ်း ####
ချစ်သူ့အိမ်မှာ ကျနော်ရောက်နေ၏။ ကျနော်တို့နှစ်ယောက် ဆိုဖာကြီးပေါ်မှာ အတူယှဉ်တွဲထိုင် ကြ၏။ ကျနော်က ချစ်သူကို တင်းတင်းကျပ်ကျပ် ဖက်လိုက်၏။ ချစ်သူကလည်း ကျနော့်ကို တင်းတင်းကျပ်ကျပ် ပြန်ဖက်၏။ သို့သော် သိပ်မကြာပါ။
ကျနော့်ကို အသာတွန်းဖယ်ပြီး ရုတ်တရက် ထရပ်လိုက်၏။ ပြီးတော့ မီးခလုပ်ကို လှမ်းပိတ်လိုက်၏။
ကျနော် အရိပ်အခြည်ကို ကောင်းကောင်းနားလည်လိုက်ပါသည်။ ဩော်...သူအိပ်ချင်ရှာပြီကိုး..။
ကျနော် သနားစိတ်ဖြင့် ထပြန်ခဲ့ပါသည်။....(ရိုင်းသွားရင် ခွင့်လွတ်ပါရှင်)
%%% ပုံမှန်အနေအထား %%%
"ဟဲ့...နင့်ချစ်သူက နင့်ကို နမ်းတဲ့အခါ သူ့မျက်နှာဘယ်လို ဖြစ်နေလည်း၊ ပြောပြစမ်းပါဟယ်"
"ဘယ်သိမှာလည်း၊ ငါက အနမ်းခံရတိုင်း မျက်စိကို စုံမှိတ်ထားတာဟဲ့..."
(မှတ်ချက်။ ။ ကိုယ်တွေ့မဟုတ်ပါ....ဟီးဟီး)
&&&& အဖျားရှူး ဇာတ်သိမ်း &&&&
ပရိဘောဂဆိုင်ကြီးကို ပိုင်သူတစ်ဦးသည် ပြန်လည်ရောင်းချဖို့ ပရိဘောဂများ ဝယ်ယူရန် နယူးရောက်သို့ ရောက်လာခဲ့လေသည်။
သူတည်းသော ဟိုတယ်ဓါတ်လှေကားထဲ၌ တနေ့တွင် တကယ်လှ တကယ်ချောသော မိန်းမပျိုလေးတစ်ဦးနှင့် တွေ့ရ၏။ မိန်းမပျိုလေးက ပြင်သစ်မလေးဆိုတော့ တယောက်ဘာသာစကားကို တယောက်နားမလည်။
ထို့ကြောင့် သူက မှတ်စုစာအုပ်လေးထုတ်ပြီး အငှားကားတစ်စီးပုံ ဆွဲပြလိုက်လေ၏။ ကောင်မလေးက ခေါင်းငြိမ့်၏။ ထို့နောက် သူတို့ အငှားကားတစ်စီးငှားကာ အတူစီးပြီး စားသောက်ဆိုင် တစ်ခုသို့ သွားကြလေ၏။
စားသောက်ဆိုင်တွင် စားသောက်နေကြရင်း သူဌေးကြီးက စာရွက်ပေါ်တွင် ကနေသည့်ပုံတစ်ခုဆွဲပြရာ ကောင်မလေးက သဘောတူခေါင်းငြိမ့်သဖြင့် သူတို့တွေ အတူကကြလေ၏။ ကောင်မလေးခမျှာ သူဌေးကြီးကို အတော်သဘောကျသွားလေ၏။
ထို့နောက် သူတို့နှစ်ဦး ဝိုင်အတူသောက်ကြလေ၏။ ထိုအချိန်တွင် ကောင်မလေးက သူဌေးကြီးထံမှ စာရွက်နှင့် ဘောပင်ကိုတောင်းကာ ကုတင်ပုံတစ်ခုကို ဆွဲပြလိုက်လေ၏။
ထိုပုံကို မြင်သောအခါ သူဌေးကြီးမှာ အံ့ဩစိတ်နှင့်အတူ ပါးစပ်ကပင် ထွက်၍ ယောင်မိသည်ဟူ၏။ သူဌေးကြီးယောင်လိုက်သည်ကား.....
"ဟား၊ တော်လိုက်တဲ့ ပြင်သစ်မပဲ၊ ငါပရိဘောဂရောင်းတယ်ဆိုတာ သူဘယ်လိုသိလဲမသိဘူးတဲ့။" ကဲ....မှတ်ကရော....
(^-^)((^-^) မရိုက်ပေါင်ရှင် (^-^)(^-^)
ခင်ပွန်း...။"မင်းကို ဟိုငနဲက ရည်းစားစကားလိုက်ပြောတာ ဘာလို့ ငြိမ်ခံခဲ့ရတာလည်း၊ ပါးဆွဲပြီး ရိုက်လိုက်ပါလား..."
ဇနီး......။" အိုတော်...မရိုက်နိုင်ပေါင်၊ အပျိုလို့ အထင်ခံရ နည်းသလားရှင့်.."
မြန်မာ့သွေးအဖွဲ့မှတင်ဆက်သော ချစ်သူတို့ အတူဖတ်ဖို့ ဟာသများထဲကဖြစ်ပါတယ်ရှင်....
ကျေးဇူးတင်စွာဖြင့်...
လေးစားလျှက်...





0 comments:
Post a Comment