မိဘကျေးဇူးမြင့်မိုရ်ဦးအထူးကျေအောင်ဆပ်ပါမည်

Monday, February 7, 2011

ချစ်သူများနေ့အကြိုအနမ်းပြိုင်ပွဲ



ကဲအခု Valentine's Day နီးလာသည်နှင့်အမျှ ပွဲတော်မျိုးစုံကျင်းပလျှက်ရှိရာ
တရုပ်ပြည်မြို့ကြီးတော်တော်များများမှာတော့
မည်သည့်စုံတွဲမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အနမ်းပြိုင်ပွဲတွေကျင်းပနေပါတယ်။
အနမ်းပြိုင်ပွဲဆိုတော့ ဘယ်သူနည်းပညာသာသလဲဆိုတာကိုအမှတ်ပေးတာပေါ့၊
အမျိုးသားအများစုဟာ ပြင်သစ်အနမ်းနဲ့လည်တိုင်အထက်ချောမွတ်မှုတွေလောက်သာ သိကြပေမဲ့
ဘယ်သူကညာဏ်ကွန့်ပြီးမိန်းကလေးများကိုအနမ်းပေးနိုင်သလဲဆိုတာ ကြည့်ပါတယ်
ဒီပြိုင်ပွဲတွေကို တရုပ်ပြည်မြောက်ပိုင်း တိုင်ဂျန်း မြို့မှအစပြုခဲ့ပြီး နှစ်စဉ်ကျင်းပလေ့ရှိပါတယ်၊
အဲ့ဒီပြိုင်ပွဲတွေရဲ့အမည်ကိုတော့Everybody Is Happy' လို့ခေါ်ဆိုပြီး
နှစ်စဉ်ဖေဖော်ဝါရီ ၁၄ တိုင်းကျင်းပပြီး အနိုင်ရရှိသူအား ယွမ် ၂၀၀၀(us 240) ချီးမြှင့်လေ့ရှိပါတယ်

စိတ်ဓာတ်ကျနေရင် ဒါလေးဖတ်ပါ

သူငယ်ချင်းတစ်ယောက်တစ်ယောက်က လုပ်သမျှတွေအဆင်မပြေလို့ စိတ်ညစ် တဲ့အကြောင်း စာရေးသူကိုလာပြောပြပါတယ်၊ ဒါနဲ့သူကိုစိတ်ဓာတ်ခွန်အား တိုးပွားစေဖို့ စကားတစ်ချို့ပြောဖြစ် ပါ တယ်၊ ခုသူငယ်ချင်းကိုပြောပြဖြစ်တဲ့ စကားလေးတစ်ချို့ကို စာ ဖတ်သူတွေကိုမျှဝေချင်တာပါ၊

လူတိုင်းစိတ်ညစ်ကြပါတယ်၊ စိတ်ဓာတ်ကျကြပါတယ်၊ လူငယ်တွေမှာအများဆုံး စိတ်ဓာတ်ကျ ရတဲ့အကြောင်းကတော့ အချစ်ရေးမပြေလည်လို့ဖြစ်တာများပါတယ်၊ လူလတ်ပိုင်းတွေကြပြန်တော့ အိမ်ထောင်ရေး၊ စီးပွားရေးအဆင်မပြေကြလို့ စိဓာတ်ကျ ရတာများပါတယ်၊ လူကြီးပိုင်းတွေကြပြန် တော့ သားသမီးကံမကောင်းလို့ ကျန်းမာရေးမ ကောင်းလို့ စတဲ့အကြောင်းတွေကြောင့် ဓိတ်ဓာတ် ကျရပါတယ်၊ တရားဝင်သုတေသန လုပ်ထားတာပေါ့မဟုတ်ပါဘူး၊ ဖြစ်လေ့ဖြစ်ထရှိတတ် တာလေး တွေကို ခန့်မှန်းခြေနဲ့ ပြောပြကြည့်တာပါ၊ မှားသွားရင်လည်း ဆောရီးပါလို့ ကြိုတင်တောင်းပန် ထားပါရစေ၊ ဘာပဲဖြစ်ဖြစ် လူတိုင်းဟာ တစ်နေ့နေ့တစ်ချိန်မှာတော့ စိတ်ဓာတ်ကျ၊ စိတ်ညစ်ကြရတာပဲ မဟုတ်လား၊

စိတ်ညစ်တဲ့အခါ ဘယ်လိုဖြေဖြောက်ကြမလဲ များသောအားဖြင့်အရက်သောက် လိုက်ကွာလို့ ပြောကြမယ်ထင်ပါတယ်၊ အရက်သောက်လို့ တကယ်စိတ်ညစ်တာတွေက ပြေပျောက်သွားပါသလား စိတ်ညစ်လို့ အရက်သောက်ဖူးသူတိုင်းသိပါတယ်၊တကယ်မ ပြေပျောက်ပါဘူး၊ အရက်သောက်တဲ့အ တွက် အမှားတွေထပ်ဆင့်ပြုလုပ်မိပြီး စိတ်ညစ်စရာတွေထပ်ဆင့်တိုးဖို့သာများပါတယ်၊ ဒါဆိုစိတ်ညစ် ရင်ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲ၊လွယ်ပါတယ်စာဖတ်သူရယ် လွယ်တယ် ပြောလို့ဆက်မဖတ် ချင်တော့ဘူးလား၊ လွယ်ပေမဲ့ခက်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအရာက မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရတာမို့ပါ၊ ဒါပေမဲ့အချိန်တော့ယူရမယ်နော်၊ ခုရေတွင်းတူး ခုရေကြည် သောက်ဆိုသလိုတော့မဖြစ်နိုင်ဘူးလေ၊ မြစ်ကမ်းဘေးကိုရောက်ဖူးကြတယ်မို့လား၊ ကမ်းဘေးမှာ ရေမ တက်အောင်၊ ရေမတိုက်စားအောင် မြေတွေအုတ်တွေဖို့ထားတယ်မို့လား၊ အဲဒီလိုဖို့ထားတာ ကာထား တာတွေဟာ ရေတွေမတက်ခင် ကြိုတင်လုပ်ထားရတာလေ ရေတွေတက်လာမှလုပ်နေရင် ဘယ်မှာ နိုင်တော့မှာလဲ အားလုံးစုန်းစုန်မြုပ်တော့မယ်ပေါ့၊ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းက တိုက်ပွဲရဲ့တစ်ဝက်ကိုနိုင်ထားခြင်းပါ စာရေးသူရယ်၊ ကောင်းပြီးလေ ဘယ်လိုပြင်ဆင်ကြမလဲ၊ ဘာနဲ့ပြင် ဆင်ကြမလဲ၊

ဥပမာလေးတွေနဲ့ပြေကြည့်ချင်ပါတယ်၊ မြတ်စွာဘုရားရှင် ဘုရားမဖြစ်ခင်ကာလ လေးတစ်ခုမှာ ပါ၊ မဟာဗောဓိပင်အောက်မှာ ဘုရာဖြစ်တော်မူရန်ကျင့်ကြံနေတဲ့ အချိန်မှာ အားလုံးသိကြမယ် ထင်ပါ တယ်၊ မာန်နတ်မင်းကြီးလာရောက်နှောက်ယှက်တယ်လေ၊ စဉ်းစားကြည့်ပါ စာဖတ်သူရယ် အဲဒီအချိန် မှာ ဘုရားအလောင်းတော်နား ဘယ်သူမှ မရှိခဲ့ဘူးလေ၊ ဘုရာအလောင်းတော်တစ်ပါးတည်းပေါ့၊ မာန်နတ်မင်းကြီးဘက်ကြတော့ သူကိုယ်တိုင်ကလက်ရုန်း ပေါင်းတစ်ထောင်းနဲ့လေ၊ ပြီးတော့ နောက်လိုက်တပည့်စစ်သည်တွေကလည်းအများကြီးလေ၊ မာန်နတ်မင်းကြီးက ဂီရိမေခလာဆင်ကြီး ကိုစီးလို့လေ၊ ဘုရားအလောင်းတော်က မဟာဗောဓိပင်အောင်မှာ ကတစ်ပါးတည်းလေ၊ ဒီကြားထဲ မာန်နတ်မင်းက “ သိဒ္ဓတ္ထ ပလ္လင်ပေါ်ကအမြန်ဆင်းလော့”စတဲ့ ရန်စကားတွေနဲ့ အမနာပစတာတွေ ပြောကြားသေးတာလေ၊ တွေးကြည့်ရင် ကြက်သီးသီးဖြန်းဖြန်းထချင်စရာကြီးပါ စာဖတ်သူရယ်၊ ဘာကြောင့်လဲဆိုတော့ ဘုရားအလောင်းတော်ဘက်မှာ သက်သေပြစရာ ဘာရယ်မှ မရှိဘူးလေ၊ တကယ့်တကယ်ပိုင်ဆိုင်တာမှန်ပေမဲ့ ဘယ်မှာလဲသက်သေ၊ ဘယ်မှာစာချုပ်စာတမ်း၊ ဘယ်မှာလဲဂရမ်၊ မှန်ကန်ပေမဲ့ ကြံကြံဖန်ဖန်တွေနဲ့တွေ့တော့ တစ်ခါတစ်ခါ အမှန်အကန်တွေလည်း ခံသွားရဖူးတဲ့ သာဓ ကတွေ ရှိခဲ့ဖူးတယ်မို့လား စာဖတ်သူရယ်၊ ဒါပေမဲ့ ဘုရားလောင်းမှာ တစ်ခုတည်းသောသက်သေက ဟောဒီမဟာပထ၀ီမြေကြီးပဲရှိခဲ့တယ်လေ၊ ဘုရားအလောင်းတော်ဟာ တစ်လောကလုံးကိုပို့သနေတဲ့ မေတ္တာတွေကိုလည်း မာန်နတ်မင်းဆီကိုပဲ ပို့သထားပါတယ်၊ နောက် မဟာပထ၀ီမြေကြီးကို လက်ညှိုးညွှန်ပြပြီး “ဤမဟာပထ၀ီမြေကြီးသည် ငါပြုသမျှ ကောင်းမှုအစုစုအား သက်သေအရာ၌ တည်ပါစေသား”လို့ သစ္စာဆိုလိုက်ပါတယ်၊ သစ္စာဆိုလိုက်တာနဲ့တပြိုင်နက် မဟာပထီမြေကြီးက သက်သေအရာမှာတည်တဲ့အလား သွက်သွက်ခါအောင်လှုပ်ရှားသွားပါတယ်၊ အဲဒီအချိန်ကြမှ မာန်နတ်နဲ့သူ့စစ်သည်အပေါင်းအပါတွေလည်း ထွက်ပြေးသွားကြပါတယ်၊အဲဒီလိုသစ္စာဆိုနိုင်တာက လည်း ကောင်းမှုပြုတိုင်း ဟောဒီမဟာပထ၀ီမြေကြီးကို သက်သေအရာထားပြီး ရေစက်သွန်ချခဲ့လို့ပါ၊ ပြောချင်တာကတော့ စာဖတ်သူရယ် တကယ်အရေး တကယ့်ဘေးကြတော့ ကိုယ်ပြုခဲ့တဲ့ကောင်းမှု တွေက ကိုယ်ရဲ့အားကိုးရာနဲ့ ကိုယ်ပို့တဲ့မေတ္တာတွေက ကိုယ်ရဲ့ထာဝရမိတ်ဆွေကောင်းတွေပါ၊ စာဖတ် သူကပြောမှာပေါ့ ဘုရားလောင်းမို့လို့ပါကွာလို့၊ အဲဒီလိုထင်နေရင် စာဖတ်သူကျေနပ်သွား အောင်နောက်ထပ်ဥပမာလေးတစ်ခု ထပ်ပြောပြပါဦးမယ်၊ ခုပြောပြမဲ့ ဥပမာလေးက လူတောင်မဟုတ် ပါဘူး တိရစ္ဆာန်လေးတစ်ကောင်ရဲ့ တကယ့်အဖြစ်အပျက်ပါ၊ ကမ္ဘာဦးကဖြစ်ပျက်ခဲ့တာပါ၊ ဒီလိုပါ စာဖတ်သူ။ တစ်ခါက တောကြီးမျက်မည်းထဲမှာ အဖေအဖေတွေနဲ့ အတူနေတဲ့ ငုံးပေါက်စလေးတစ် ကောင်ရှိခဲ့ပါတယ်၊ ငုံပေါက်လေးက ငယ်သေးတော့ ဘယ်ကိုမှကောင်းကောင်းမပျံနိုင်ပါဘူး၊ အစာလည်းမရှာနိုင်ပါဘူး၊ တစ်နေ့ကံဆိုးချင်တော့ တောမီးကြီးထလောင်ပါတယ်၊ ဒီအချိန်မှာ တော ကောင်တွေအားလုံး မီးလွတ်ရာကိုပြေးကြပါတယ်၊ ငုံးပေါက်စလေးရဲ့အဖေနဲ့အမေလည်း မီးလွတ်ရာ ကိုပြေးသွားပါတယ်၊ လောင်နေတဲ့မီးလျှံတွေကြားမှာ အတောင်မရှိလို့ မပျံနိုင်တဲ့ ငုံးပေါက်စလေးတစ် ကောင် ထဲ ကျန်နေခဲ့ပါတယ်၊

တွေးကြည့်ပါစာဖတ်သူရယ် အဲဒီလိုအချိန်မျိုးမှာဆိုရင် စာရေးသူရောစာဖတ်သူပါ တကယ်ရင် ဆိုင်နေ ရရင် ခိုက်ခိုက်တုန်းအောင်ကြောက်ပြီး အီးအီးတွေ၊ ရှူးရှူးတွေပါနေမှာပါ၊ မီးကတွေက ဒီလောက် အားကောင်းနေတာလေ၊ ပူလည်းတော်တော်ပူနေမှာပါ၊ ဒါပေမဲ့ ငုံးပေါက်စလေး ဘာလုပ်တယ်ထင်ပါ သလဲ စာဖတ်သူရေ၊ ဆက်မဖတ်သေးပဲနဲ့ နဖူးပေါ်လက်တင်ထားပြီး ခဏလေးတွေးကြည့်လိုက်ပါနော်၊

ကဲစာဖတ်သူ ဦးနှောက်ခြောက်နေပါဦးမယ်၊ ဒီလိုပါစာဖတ်သူရယ်၊ ငုံးပေါက်စ လေးက ကြောက်နေတဲ့ စိတ်တွေ၊ ကျနေတဲ့စိတ်ဓာတ်တွေကို တခဏခြင်းစုစည်းလိုက်ပြီး၊ ခုလိုသစ္စာဆို ပါတယ်“ ငါ့မှာ အမိအဖရှိပါ၏၊ ဒီမီးမှလွတ်အောင် သူတို့မကယ်နိုင်ပါ အတောင်ရှိပါ၏ သို့သော် မပျံနိုင်ပါ၊ ဤသစ္စာစကားမှန်ကန်ပါက ဤတောမီးသည် ငြိမ်းပါစေသား” အံသြစရာကောင်းပါတယ် စာဖတ်သူရေ၊ အဲဒီလိုသစ္စာဆိုလိုက်တာနဲ့ တပြိုင်နက်တောမီးက ရေနဲ့ပက်ဖြန်းငြှိမ်းသတ်လိုက်သလို ငြိမ်းသွားပါတယ်၊ ငြိမ်းရုံတင်မက အဲဒီနေရာကို ကမ္ဘာတည်သရွေ့ မီးဘယ်တော့မှ မလောင်နိုင်ပါဘူး တဲ့၊ တခြားတန်ခိုး မဟုတ်ပါဘူးစာဖတ်သူ၊ သစ္စာတန်းခိုးပါ၊ ဒါကြောင့် မာန်လည်ဆရာတော်ကြီးက လည်း“ကတိသစ္စာ၊ တည်သောခါဝယ်၊ သြဇာလေးနက်၊ပေါ်ဆီတက်၍ ၊နွယ်မြက်သစ်ပင်၊ဆေး ဖက်ဝင်၏၊ သစ္စာနှုတ်သီးမာန္တာန်ကြီးကား သေပြီးသော်မှ ရှင်ပြန်ရ၏”လို့ ရေးဖွဲ့ထားတာပါ၊

ဒါကြောင့်ပြောချင်ပါတယ် စာဖတ်သူရယ် ကိုယ်မှန်ရဲ့နဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ တစ်ယောက်တည်း ကူကယ်သူမဲ့ပြီး စိတ်ဓာတ်တွေ အတုံးလိုက်အတစ်လိုက်ကျနေတယ်ဆိုရင် ကျန်တာတွေသွားအားမကိုးပါနဲ့ ကိုယ်လုပ်ထားတဲ့ ကိုယ်ပိုင်ကုသိုလ်ကောင်းမှုတွေကို သစ္စာဆိုပြီး မေတ္တာသာများများပို့လိုက်ပါလို့။ ။

အော်မေ့တော့မလို့ စာဖတ်သူရေ သစ္စာဆိုလို့ ပါဠိစကားလုံးကြီး၊ တရားစကားကြီး ဆိုပြီး ကြောက်မသွားပါနဲ့ သစ္စာဆိုတာ=မှန်တာကို မှန်တဲ့အတိုင်းပြောဆိုတာပါလို့ မြန်မာလိုရိုးရိုးလေး တွေးပါနော်၊ မေတ္တာဆိုတာကတော့ ကိုယ်အတွက်အကျိုးမမျှော်ပဲ သူအကျိုးကို မျှော်ကိုးပြီး ကျန်းမာပါ စေ၊ ချမ်းသာပါစေ ပို့ဝေနေတာကို ဆိုတာပါ။ ။

စာဖတ်သူအားလုံး စိတ်ဓာတ်ကျခြင်းမှ ကင်းဝေးကြပါစေ၊

ရွှေမန်းသား

အရှင်အကုင်္ရ(ကျောက်ဆည်)

မေ့နိုင်ပေ

အသပြာ မကပ် တဲ့ ဤ လူမိုက်ပေမို့

ဝမ်းစာ ခဲခက်၊

ဆန်တွင်းက နက် သောကြောင့်

မရှိဝမ်းစာ ၊ ရှိတန်ဆာဟု

ဆိုရိုးစကား ရှိပေငြားသို့

မရှိဝမ်းစာ၊ ရှိ ပညာဟု

မှတ်သားပေအပ် ၊ ရှေးထုံးမူလျက်

စာအုပ်စာပေ ၊ လူ့မိတ်ဆွေလည်း

အဟောင်းဆိုင်ရောက် ၊ ဘဝပြောင်းသည်

ရုပ်၊ နာမ် ဆက်သည့်

ထမင်း တစ်နပ်

မမေ့အပ်။

ကျိန်စာမဟုတ်သော

အစစ်အမှန်ချစ်ဖို့
ကြိုးစားနေသူရဲ့
နှလုံးသားတံခါးကိုမှ
တစ်စစီဖြစ်အောင်
ရိုက်ချိုးရက်တယ်နော်
မာယာကြိုးတွေသီပြီး
တီးခတ်တဲ့ဂီတသံစဉ်မှာ
ခံစားချက်အစစ်ဆိုတာ
ဘယ်ရှိပါ့မလဲ.....
ကြင်နာမှူနဲ့ရက်လုပ်ထားတဲ့
အချစ်ဟာငါ့အတွက်တော့
နာကျင်မှူတွေပဲရှိတယ်
ကျိန်စာတော့မဟုတ်ဘူး
ဆန္ဒတစ်ခုပေါ့
အသဲခွဲတတ်တဲ့သင်လည်း
တံလျက်တွေသာရှိသော
1500လွင်ပြင်မှာ
သင်တစ်ယောက်တည်း
ဖြတ်...သန်း....ရ....ပါ....စေ......

Thursday, January 27, 2011

ကမ္ဘာကြီးရဲ့ ပြယုဂ်များ

နေ့စဉ်တိုင်း အသက်ရှင်ခွင့်ပေးထားတဲ့အတွက် ပထမဦးဆုံး ဘုရားသခင်ကို ကျေးဇူးတင်ရှိပါတယ်ရှင် ။

ဒီမနက် သံစဉ်ရရှိလိုက်တဲ့ မေးလ်လေးတစ်စောင်ကနေ အတွေးတွေရောက်လာလို့ ဒီပို့စ်လေးကို ရေးမိသွားတာပါ ။

သူငယ်ချင်းအားလုံးလဲ အခု ဒီပို့စ်လေးကို ဖတ်မိလို့ တစ်ခုခု ရင်ထဲကို အတွေးလေးရောက်သွားမယ် ဆိုရင်
ကျေနပ်မိမှာပါ ။

သံစဉ်တို့တွေဟာ သံစဉ်တို့ ရရှိထားတဲ့ အခွင့်အရေးတွေနဲ့ ပိုင်ဆိုင်ခွင့်တွေကို တန်ဖိုးထားတတ်မယ်ဆိုရင်
တကယ့်ကို ဘာနဲ့မှ လဲလို့ မရနိုင်ပါဘူး ။

တချို့လူတွေကြတော့လဲ အစားအစာကို ပေါများနေလိုက်တာ ။

စားလို့မကုန်ရင် အလွယ်တကူ လွှတ်ပစ်ကြတယ် ။

စားဖို့အတွက်ကို ကိန်းခန်းကြီးကြီးကျယ်ကျယ် ဖွဲ့ပြီး တခမ်းတနားစားသောက်ကြတယ် ။

သူများတွေ အများကြီး စားနိုင်တာကို အားမကျဘဲ ကိုယ်က လုံလောက်အောင်စားသောက်နေထိုင်နေရတဲ့ အချိန်မှာ
ကမ္ဘာကြီးရဲ့ တခြားတစ်ဖက် မှာ စားစရာဆိုလို့ နည်းနည်းလေးတောင်မရှိဘဲ သေကြေနေရတဲ့

သက်ရှိလူသားတွေ ဘယ်လောက်တောင် ရှိနေမလဲ ?????????????

ဒီဓါတ်ပုံလေးတွေကနေ စကားပြောသွားပါလိမ့်မယ် ။

ဒါကြောင့် မိမိ ရရှိထားသော ဘ၀လေးကို တန်ဖိုးထားစေချင်မိပါတယ် ။

ပြီးတော့ အစားအစာကို မလေလွင့်အောင် ထိန်းသိမ်းစေချင်ပါတယ် ။

မိုက်ကယ်ဂျက်ဆင် သီချင်းလေးလို ကမ္ဘာကြီးကို အစားရေစာ ပေါကြွယ်ဝပြီး စစ်မရှိဘဲ ငြိမ်းအေးသာယာစေချင်ပါတယ် ။

ချစ်တတ်ခြင်းတွေနဲ့ပျော်ရွှင်နိုင်ပါစေ ။
နှင်းဆီသံစဉ်

ဒီလိုလူလေးနည်းနည်းစားဖို့အတွက် အစားအစာတွေကို ဒီလို ကြီးကြီးကျယ်ကျယ် ပြင်ဆင်ရတယ် ရှင့် ။







သူတို့မှာတော့ စားဖို့မရှိလို့ ဒီလိုလေးတွေ နေနေရတယ် ။















ကမ္ဘာတစ်ဘက်ခြမ်းမှာ ဒီလို အလျှံအပယ်စားသောက်နေချိန်မှာတော့











နောက်ကမ္ဘာ တစ်ဘက်ခြမ်းမှာ ဒီလိုစားနေရတယ်ရှင် ။









စားသောက်ပြီးတဲ့ အစားအစာတွေကို ဒီလို ပစ်စလတ်ခတ် လွှတ်ပစ်တဲ့နေရာတွေ ရှိသလို ။









အစားမစားရလို့ သေကြေနေတဲ့ သူတွေကလဲ မနည်းမနောလေရှင် ။







ပျော်ပွဲ ရွှင်ပွဲတွေနဲ့ အစားအစာကို ပေါများစွာ ဖြုန်းတီးနေရချိန်မှာ













အစားလုံးဝမစားရလို့ လူစင်စစ်ကနေ ဒီလိုမျိုးလမ်းလျှောက်နေရတဲ့ သူတွေလဲ ရှိနေပါသေးတယ် ။









ဒါကြောင့် ဒီပို့စ်လေးကို ရေးနေချိန်မှာ ရင်မှာ ခံစားမှုပေါင်းများစွာနဲ့ပါရှင် ။



ကမ္ဘာကြီးရယ် ။ မညီမျှခြင်းတွေ များလိုက်တာနော် ။



လူသားအားလုံးကို ငြိမ်းချမ်းပျော်ရွှင်စေချင်မိတယ် ။



ယခု သံစဉ်တို့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေက ဘာမှ မဟုတ်ပါဘူးလို့ တွေးမိတယ် ။



သံစဉ်တို့ စားနေတဲ့ အစားအစာတွေကို အလေအလွင့် မရှိ ထိန်းသိမ်းချင်လာတယ် ။



လောကကြီးက တရားတယ်တဲ့ ။ လူတွေက မတရားတာတဲ့ ။ ဘယ်အရာက မတရားတာလဲ ။ သံစဉ့်ရင်ထဲမှာ တကယ့်ကို ၀မ်းနည်းခြင်းတွေနဲ့ နောင်တ တရားတွေနဲ့ မေးခွန်းတွေနဲ့ အတူတူ ဒီပို့စ်လေးကို ရေးမိပါတယ် ။







DON'T waste FOODS any more........ ......... ......
DON'T waste FOODS any more,
DONATE for needy












HEAL THE WORLD

There´s a place in your heart
And I know that it is love
And this place could
Be much brighter than tomorrow
And if you really try
You´ll find there´s no need to cry

In this place you´ll feel
There´s no hurt or sorrow
There are ways
To get there
If you care enough
For the living
Make a little space
Make a better place

Heal the world
Make it a better place

For you and for me
And the entire human race
There are people dying
If you care enough
For the living
Make a better place
For you and for me


သတိထားပေးပါနော် ။ သံစဉ်တို့ လွှတ်ပစ်နေတဲ့ အစားအစာတွေဟာ ဘာစားစရာမှ မရှိတဲ့ သူတို့အတွက်တော့ တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အစားအစာတွေ ဖြစ်လိမ့်မယ် ။



အစားအစာ လုံလောက်တဲ့ သံစဉ်တို့လိုနိုင်ငံကလူတွေ သံစဉ်တို့မမြင်ရတဲ့ကမ္ဘာတစ်ခြမ်းဘက်မှာ သံစဉ်တို့ထက်ဆိုးတဲ့ လူသားတွေ အသက်ရှင်နေကြတယ်ဆိုတဲ့ အသိလေးတစ်ခုရဖို့ ရည်ရွယ်ပါတယ်ရှင် ။



သူတို့ကိုစာနာပေးကြပါ။ ကိုယ်ရရှိထားတဲ့ဘ၀ကိုတန်ဖိုးထားကြပါနော် ။

အချစ်

အရင် ချစ်ခဲ့ကြတာ
နှစ်ယောက်လုံးပဲ

ငါသိတယ် နင်ချစ်နေသေးတယ်...
ငါ ကိုယ့်ကိုကိုယ်လည်းသိတယ်
နင့်ကို ချစ်နေသေးတယ်...

ဘယ်လိုကြောင့် ဝေးဖို့ဖြစ်လာတာ
ငါမသိခဲ့ဘူး...

ဘယ်လိုကြောင့်ပဲ
ငါတို့ ဝေးသွားဝေးသွား
ငါ့အချစ်ကို ငါတန်ဖိုးထားတယ်...

နင်ဘယ်သူနဲ့ပဲ ချက်ချက်
ငါ စိတ်မ၀င်စားတော့ဘူး...

ငါနင့်ကိုချစ်ခဲ့တဲ့ ငါ့အချစ်
အကောင်းဆုံးဖြစ်ခဲ့ပြီလေ...

ငါ့ အချစ်ကို နင်သိတဲ့ တစ်နေ့
နင် ငါ့လို ခံစား မနေရပါစေနဲ့...

နင် ဘယ်သူနဲ့ တွဲတွဲ
ငါမမြင်အောင် နေပါ့မယ်...

နင်လုပ်သလိုတော့ ငါမလုပ်တတ်
ငါ မတွဲ တတ် ငါမချစ်တတ်ဘူးလေ...

ဒါပေမဲ့ငါ့အချစ်က ငါ့အတွက်
တန်းဖိုး အရှိဆုံးပဲ...

နင်မရှိပဲ နေလို့မရတော့ဘူး
ဖြစ်ခဲ့တဲ့ ငါ့ဘ၀ ...

ငါရအောင်ပြန်ရပ်တည်မယ်
နင့်ကို ချစ်တဲ့ငါ့အချစ် နဲ့ ငါရပ်တည်နေမယ်....

ငါ့ရဲ့ အချစ်တွေကို နင်နားလည်လာတဲ့ တစ်နေ့ နေ့ ကို...
ငါ မျှော်နေမယ်နော်....

အချိန်တော့ မနှောင်းစေနဲ့...
အချိန်ကြာလို့ ငါ့အချစ်တွေ တည်ငြိမ်လာရင်
နင်ပြန်လာလည်း ငါမလွမ်းတတ်တော့မှာ
ဆိုးရွံ့ လေ ....

ကိုယ်ချစ်တဲ့သူနဲ့ လက်တွဲ နိုင်ကြပါစေ...
မျိုး

ညီညီညာညာ ဆိုလိုက်ကြပါ

ညီညီညာညာ ဆိုလိုက်ကြပါ ကျွန်တော် တို့ ရဲ့ ကမ္ဘာ မကြေ ပါ
ဒီစာ ကို ရေးချင်နေတာတော့ကြာပါပြီ ။ ဟောဒီ ပတ်စပို့ စာအုပ်လေးကို တွေ
့ကတည်းက စိတ်ဝင်စားလို့ ကြည့်မိရင်း ရေးချင်တဲ့ အတွေး တချို့ ဝင်လာလို
့ပါ။ လူမှာ အမျိုးကြက် မှာအရိုး ဆိုတော့လည်း . ကိုယ့်အမျိုး ကိုယ့် ဇာတိ
.ကိုယ့် အမိမြေကို ချစ်တတ်အောင်ပါ။ ဒါမျိုးတွေကတော့ အစိုးရ
သတင်းစာတွေမှာလည်း ဖတ်ဖူးမြင်ဖူးမှာပါ ။ ဒါပေမယ့် သူတို့ လို ၀ါဒဖြန်
့သဘောမဟုတ် ။ တကယ့်ကို ရင်ထဲက ခံစားလိုက်ရလို့ ရေးဖြစ်သွားတာပါ ။
အထူးသဖြင့် ပြည်ပ ရောက်ပြီး ကိုယ့်တိုင်းပြည်နဲ့  ဝေးနေတဲ့သူတွေ အတွက် တော့
အမိမြေရဲ့ တန်ဖိုးလေးကို သိတတ်။ တန်ဖိုးထားတတ်ကြပါစေလို
့ဆန္ဒပြုရင်းပေါ့။


အလေးပြု .. ဂျပု



အလယ်တန်း ကျောင်းသားဘ၀ ကတည်းက စိန်ပေါလ် ကျောင်း ရှေ့ အလံတိုင်ကို သောကြာနေ
့တိုင်း အမျိုးသားဝတ်စုံ (တိုင်ပုံ) ၀တ်ကာ အလေးပြုကြရသည်။ ပြီးနောက်
နိုင်ငံတော် သီချင်း ကမ္ဘာမကြေ ကို သံပြိုင်သီဆိုကြရလေသည်။



အရင်တုန်းကတော့ ဒါမျိုး အစီအစဉ် မရှိ ။ ကျောင်းအုပ်ဆရာကြီး အသစ်ပြောင်းလာ ပြီးမှ သူ က
ယခုလို စီစဉ် သဖြင့် အပတ်စဉ် နိုင်ငံတော်အလံကို အလေးပြုရသည်။ ထို
့ကြောင့် ပထမဦးဆုံး အလေးပြုကြသည်တွင် အနည်းငယ် ကမောက်ကမ ဖြစ်လေသည်။
ကျောင်းသားခေါင်းဆောင် (မော်နီတာ) မှ နိုင်ငံတော်အလံ အား အလေးပြု ဟု အသံဝါ
ကြီးနှင့် ကျယ်လောင်စွာ အော်လိုက်သောအခါ .ကျွန်တော်တို
့ကျောင်းသားများကလည်း တညီတညွှတ်တည်း .. ဂျပု .. ဟု နောက်ပြောင်ကာ
သံယောင်လိုက်ကြသည်။



အလေးပြု .. . ဂျပု .. ကာရံလေးကတော့ မိနေသားပဲ ။

ဒါပေမယ့် . ကျေင်းအုပ်ဆရာကြီးက အတော့်ကို ဒေါသထွက်လေသည်။ နိုင်ငံတော်
အလံအလေးပြုပွဲ ကို နောက်ပြောင်စရာမလို ။ လေးစားတန်ဖိုးထားရမည်ဟုဆို၏။
အနားရှိ ဆရာမ များကလည်း အသံလာရာ ဘက်ဆီမှ ကျောင်းသားတချို့ ကို
ကျောပြင်ကို ဗျောတင်လေတော့သည်။



ရွှမ်း. .. ရွှမ်း . အဲဒါ ဂျပု အုံး…. ဂျပု အုံး။





ထို့ ကြောင့် မော်နီတာ ဖြစ်သူကို နောက်တစ်ခေါက် အလေးပြု ဖို့ စေခိုင်းလေတော့သည်။

ဒီတခါတွင်တော့ . ဆရာ ၊ မ များက အနီးကပ် သေချာစွာလိုက်ကြည့်လေသည်။ နိုင်ငံတော်အလံ အား
အလေးပြု ဟု ဒုတိယအကြိမ်ကျယ်လောင်စွာ ထွက်ပေါ်လာပါသည်။ အသင့်ရွယ်ထားသော
ကြိမ်လုံးများ၏ အောက်တွင် ကျွန်တော်တို့ ကျောင်းသားများက တုပ်တုပ်ပင်
မလှုပ်ရဲသော်လည်း တချို့ နေရာက ..တခွီးခွီး ဟု ရယ်သံများ ထွက်ပေါ်လာလေသည်။

ထို့ နောက် နိုင်ငံတော်သီချင်းသီဆိုပြီး စာသင်ခန်း သို့ ပြန်ဝင်ကြရသည်။
အတန်း ထဲ ရောက်သော ယခုန က အဖြစ်အပျက်များကို စမြုံ ပြန်ရင်း
ကမ္ဘာမကြေသီချင်းကို နောက်ပြောင်သီဆိုကြပြန်၏။



ကမ္ဘာမကြေ...



ဒါတို့ ပြည် ဒါတို့ မြေ တို့ ပိုင်တဲ့မြေ

ပြည်ထောင်စုကို လက်ဖက် ကျွေးလို့ 

တို့ တာဝန်ကြေ... ဒါတို့ ပြည်..ဒါ.တို့ ..........





ဖြန်း..ဖြန်း ဟူသော အတန်းပိုင် ဆရာမ ၏ ကြိမ်စင်္ကြာ က ဘယ်ကမှန်းမသိ ရောက်လာပြန်၏။



ဘာ..တဲ့..လက်ဖက် ကျွေးလို့ ..ဟုတ်လား...ဆိုအုံးလေ...



ပြည်ထောင်စုကို လက်ဖက် ကျွေး.ကြအုံးလေ ..နောက်တခါ ဒီထက် နာမယ် မှတ် ထား .. ဟောဒီ
ကြိမ်လုံးကို နမ်းထားကြ.. ဟုဆိုကာ ကြိမ်လုံး ကြီးကို အနားသို
့ထိုးပေးလေသည်။



ထိုစဉ် ကျွန်တော်ကလည်း ယောင်ယမ်းကာ ဆရာမ ၏ ကြိမ် လုံးကို အဟုတ်မှတ်ပြီး သွား နမ်းလိုက်မိသည်။



ထို့ ကြောင့် ဆရာမက ဒေါသပိုထွက်ကာ . အဲဒီ အူကြောင်ကြား ကောင် ကလည်း ရွဲ
့ပြော လို့ ပြောမှန်း မသိ ဟု ဆိုကာ ထပ်မံ အရိုက်ခံရပြန်သေးသည်။

(အော်..သားက သိမှ မသိတာကို ..နမ်း ပါဆို လို့ .)





နောက်အပတ် သောကြာနေ့ 



ကျောင်းအုပ် ဆရာကြီးက နောက်တချိန် Assembly တွေ့ ဆုံပွဲ တင် အမျိုးသားအလံ ၊
အမျိုးသားသီချင်း အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားလေတော့သည်။

လူဆိုတာ ကိုယ့်နိုင်ငံရဲ့ အမျိုးသား အလံ ၊ သီချင်း ၊ ၀တ်စုံ စသည်တို့ ကို
တန်ဖိုးထားလေးစားရမည်။ နိုင်ငံတကာအလယ်တွင် ထိုသို့ ကိုယ်ပိုင် သင်္ကေတ
များဖြင့် ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ဖို့ ရာ လွယ်ကူသည့် ကိစ တော့ မဟုတ်ချေ။
လွတ်လပ်သော နိုင်ငံ အဖြစ်ရပ်တည် နိုင်ရန် ပေးဆပ်ခဲ့ရသော ကျွန်တော် တို
့ဘိုးဘွားများ၏ အသက် သွေး ချွေးများက မနည်းလှပေ။ ထို့ ကြောင့်
တန်ဖိုးကြီးမားလှသော နိုင်ငံတော် အလံ ကို ရိုသေရမည်။ နိုင်ငံတော်
သီချင်းကို လေးမြတ်ရမည်။ ကိုယ့်အမျိုးသားဝတ်စုံကို တန်ဖိုးထားရမည်။



ကမ္ဘာပေါ်တွင် ကိုယ်ပိုင် နိုင်ငံ ရယ်လို့ မည်မည် ရ ရ မရှိသည့် နိုင်ငံ
ပေါင်းများစွာရှိလေသည်။ တိုင်းတပါးက ကျွန်ပြုသိမ်းပိုက်ထားပြီး
ယခုထက်တိုင် လွတ်လပ်သော နိုင်ငံအဖြစ် မရောက်ရှိသေးပဲ နိုင်ငံတကာ အလယ်တွင်
ညှိုးငယ်စွာ နေရသော တိုင်းနိုင်ငံ များ အကြောင်းပြောပြလေသေည်။ ကျွန်တော်တို
့မြန်မာနိုင်ငံ သည်ပင် တချိန်က ကိုလိုနီ ကျွန် နိုင်ငံ ဖြစ်ခဲ့သေးသည်။
အကယ်လို့ များ ဗိုလ်ချုပ် အောင်ဆန်း တို့ လို ပုဂ္ဂိုလ် တို့ က
စွမ်းစွမ်းတမံ မကြိုးစားခဲ့ မိလျှင် လွတ်လပ်ရေး ဆိုတာလည်း
ဝေး၀ါးနေအုံးမည်သာ။

အာဇာနည် ကြီးများ၏ သက်စွန့် ကြိုးပမ်းမှူ့ ကြောင့်သာ ကျွန်တော် တို့ ယခု ကဲ့သို့ နေနိုင်ခြင်ဖြစ်သည်။

တရုတ်ပြည်ရှိ ဟောင်ကောင်ကျွန်း ပင်လျှင် လွန်ခဲ့သော ၁၉၉၇ ခုနှစ်လောက်မှ သာ အင်္ဂလိပ်တို
့က ပြည်မကြီး ထံသို့ လွှဲပြောင်းပေးခဲ့သည် မဟုတ်ပါလော။

တိုင်းတပါးလက်အောက်ခံ ဘ၀ သည် သိမ်ငယ်ပေစွ ။ အောက်ကျ ပေစွ ။



ထိုသို့ ပြောကြားနေစဉ် ဘေးနားမှ သူငယ်ချင်းတဦးက အရွှင်းဖောက်လေသည်။
ဆရာကြီးကလည်း …ဟောင်ကောင်လို အေးအေးဆေးဆေးမှ လွတ်လပ်ရေး ယူရင် ပြီးရော ။
ငါ တို့ တွေ လည်း သူတို့ ထက်တော့ တိုးတက်မှာပဲ . ချမ်းသာမှာပဲ..
အင်္ဂလိပ်ခေတ်တုန်းက Rangoo , Burma ဆိုတာ အာရှ မှာ တစ်ပဲကွ .. အခုကတော့
အင်္ဂလိပ် ခေတ် ထက်တောင် အောက်ကျနေသေးတယ်။ မင်းစဉ်းစားကြည့်လေ…
အင်္ဂလိပ်ကျွန်ဘ၀ ကလွတ် တော့လည်း ငါတို့ က ကမ္ဘာပတ်ပြီးတော့ ကျွန်ခံနေကြရတာပဲ
။ ငါ့ ဦးလေတွေ ဆိုရင် မလေး ကိုသွားလိုက်။ ထိုင်းကို သွားလိုက်နဲ့ ။
အင်္ဂလိပ်ခေတ်တုန်းက ဒီနိုင်ငံတွေက ငါတို့ ကို မော်
တောင်ကြည့်ဝံ့တာမဟုတ်ဘူးကွ။ အခုတော့ ကွာ။ မင်းလည်း ကျောင်းပြီးတာနဲ
့နိုင်ငံခြားကို သွားပြီး အလုပ် လုပ်ရလိမ့်မယ် . မယုံရင် ကြည့်နေ ။

ဗိုလ်ချုပ်တို့ က..လွတ်လပ်ရေး ယူတာ နည်းနည်းစောသွားတယ်။ အခု နေမှ ယူရင် အေးဆေးပဲ .
တိုက်ခိုက်စရာတောင်မလိုတော့ဘူး။ အခုလိုလည်း နိမ့်  နေမှာမဟုတ်ဘူး.



အနှီ သူငယ်ချင်း၏ စကားသည် မည်သို့ မှ လက်ခံနိုင်စရာမရှိပေ။ လူဆိုတာ
ကိုယ်ပိုင် နိုင်ငံ ဖြင့်နေနိုင်ရပေမည် ။ သူတပါး လက်အောက်ခံ ဖြင့်
မနေသင့်ပေ။ အသက်ပေး စွန့် လွတ်သွားသော သူရဲကောင်းတို့ ကား အချည်းအနှီး
မဖြစ်တန်ရာ။ သို့ သော် . အကြောင်းကြောင်း ကြောင့် ဆင်းရဲနေသော မြန်မာ
နိုင်ငံကို ကြည့်ကာ မချိတင်ကဲ ဖြင့် ကလေး သဘာဝ ပြောသည်ဟုသာ နားလည်မိပါသည်။



(၀န်ခံချက် . .လွန်ခဲ့သော 15 နှစ်ခန့် က သူ ပြောခဲ့သည့် မင်းလည်း နိုင်ငံခြားမှာ
ကျွန်ခံ ရလိမ့်မည်ဟု စကားသည် နောင်သော် ကျွန်တော့် အဖို့ သွေးထွက်အောင်ပင်
မှန်လေတော့ သတည်း)


ဒုက္ခပင်လယ် ထဲက ပါလက်စတိုင်း
ို့ နောက် ဆရာကြီးက မ.လွတ်လပ်သေးသော နိုင်ငံများအကြောင်း နှင့် ၄င်း တို့ ၏
နေ့ စဉ် လူမှု့ ဘ၀ဒုက္ခ များကို ပြောကြားလေတော့သည်။ အဓိက ထောက်ပြ သွားသည်
နိုင်ငံကတော့ ..အရှေ့ အလယ်ပိုင်းရှိ .. Palestine ပါလက်စတိုင်း ဟူသော
နိုင်ငံ အကြောင်းပင် ။ ကမ္ဘာကျော် ဂျေယုဆလင် မြို့  ရှိသည်
့နိုင်ငံလည်းဖြစ်သည်။ ထိုနိုင်ငံသည် 1947 ခုနှစ် ခန့် မှ စတင်ကာ
ဂျူးလူမျိုးများက တိုက်ခိုက်သိမ်းပိုက်ပြီး Israel အစ္စရေး ဟူသည့် နိုင်ငံ
တည်ထောင်လိုက်ကြသည်။ ထိုနယ်မြေကို သူပိုင်သည် ငါ ပိုင်သည် ဟု ငြင်းခုန်ကာ
နယ်မြေလု စစ်ပွဲ များ အကြိမ်ကြိမ်ဆင်နွဲကြသည်။ ဂျူးတို့ ကလည်း သူတို့ ၏
အဘိုး၊အဘေးများ ၏ ဘိုးဘွားပိုင်မြေ ဖြစ်သည်ဟုဆိုကာ အလျော့မပေး သဖြင့်
ပါလက်စတိုင်းသား တို့ သည် နိုင်ငံလက်မဲ့ ဖြစ်ကုန်ကြရသည်။ ခေတ်အဆက်ဆက်
လွတ်လပ်ရေးတိုက်ပွဲများဖြင့် ကြိုးပမ်းခဲ့သော်ငြားလည်း ယနေ့ ထက်တိုင်
မလွတ်လပ်နိုင်သေးပေ။ မငြိမ်းချမ်းသေးသော နိုင်ငံပင်ဖြစ်သည်။



သွေးစွန်းသောနေ့ ရက်များ မည် ဒုက္ခ အတိ ပြီးလေ၏။ မျက်ရည် တို့ ဖြင့် ပြည့်လျှမ်းနေသော
မျက်လုံးများ ၊ ဗုံးကွဲသံ ၊ သေနတ်သံများ ၊ ကယ်သူမဲ့သူတို့ ၏ အော်ဟစ်သံများ
သည် ပါလက်စတိုင်းသားတို့ ၏ မထူးဆန်းသော အရာများ ဖြစ်လေသည်။



အဖြူသည် အနက် နှင့် ယှဉ်လိုက်မှ ပို ဖြူလာသည်။ အလင်းသည် အမှောင် နှင့်
နှိုင်းကြည့်မှ ပို ၀င်းလာသည်။ တည်ငြိမ်အေးချမ်း ပြီး လွတ်လပ်သောနိုင်ငံ ၏
တန်ဖိုးသည် မလွတ်လပ်ပဲ နေ့ စဉ်လိုလို တိုက်ပွဲ များ ဖြစ်နေသော နိုင်ငံ
များအကြောင်း သိရမှ ပိုပြီး တန်ဖိုးတက်လာသည်။ ကျွန်တော်တို့ သည်
ကိုယ့်နိုင်ငံ ကို တန်ဖိုးထားသင့်သည် မဟုတ်ပါလော။ ကျွန်တော် တို့ ၏
ဘိုးဘေး များသည်ပင် တချိန်က ပါလက်စတိုင်းပြည်သူများလို ခံစားခဲ့ကြရဖူး၏ ။
ဒုက္ခ ပင်လယ် ဝေဖူး၏။



ဆရာကြီးသည် ကျောင်းသားများကို ဇာတိသွေး၊ဇာတိမာန် များ ရှင်သန် အောင်ပျိုးထောင်ပေး၏။
မျိုးချစ်စိတ်ဓာတ်ကို မွေးဖွားပေး၏။ အမျိုးသား သီချင်း ၏ တန်ဖိုးကို
ဂုဏ်မြင့်ပေး၏။



ထို နေ့  ထို အချိန်မှ စတင် ကာ နောက် နောင် နိုင်ငံတော် အလံ အလေးပြုပွဲ တွင် မည်သည့် နောက်ပြောင်သံမှ မကြားရတော့ ။
အားလုံးသော ကျောင်းသားများက အလံတော်ကို ရိုသေလေးမြတ်စွာ ဦးညွှတ်
လိုက်ကြသည်။


ကျွန်တော်သည် ထိုစဉ်ကတည်းက ပါလက်စတိုင်း ဟူသော နိုင်ငံ ၏ အမည်ကို စတင် ရင်းနှီးခဲ့ပါသည်။ ကမ္ဘာ့ မြေပုံတွင်
လိုက်ရှာကြည့်သော် မတွေ့ ချေ။ အော်. ဘယ်ပါ ပါ့မလဲ။ လွတ်လပ်သည့် အချုပ်အခြာ
အာဏာ နိုင်ငံမှ မဟုတ်တာ။ သို့ သော် . ပါလက်စတိုင်း တို့ ၏ သတင်းသည်
ကမ္ဘာ့ သတင်း ခေါင်းစီး များတွင် အမြဲလိုလိုပင် ။ ကြားလိုက်ရသည်က လည်း
စိတ်ချမ်းသာ စရာမရှိ ။ အနိဌာ ရုံ တွေ ချည်းပင် ။ သနား ဖွယ်ရာ ကောင်းလေစွ ။



ယခု ကျွန်တော်သည် အရှေ့ အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သော့ ဆော်ဒီအာရေးဗီးယား
နိုင်ငံ တွင် ဟိုတယ် ၀န်ထမ်း အဖြစ် လုပ်ကိုင်လျက်ရှိပါသည်။ ဟိုတယ်သို
့လာရောက်တည်းခိုသူများတွင် ပါလက်စတိုင်း လူမျိုးများ လည်း မကြာခဏ တွေ
့ရတတ်သည်။ သို့ သော် ထူးဆန်း သည် က သူတို့ ၏ နိုင်ငံကူးလက်မှတ် (Passport )
စာအုပ် ဖြစ်သည်။ သူတို့ တွင် ကိုယ်ပိုင်နိုင်ငံ မရှိပါပဲ မည်သို့ သော
နိုင်ငံကူးလက်မှတ် (Passport ) ကို ကိုင်ဆောင်ကြသနည်း ။ စိတ်ဝင်စားစွာ
ကြည့်လိုက်မိသောအခါ .


ဘာသာစကား အခက်အခဲကြောင့် ကာယကံရှင်အား ခွင့်မတောင်းမိသည့်အတွက် အနူးအညွှတ် တောင်းပန်အပ်ပါသည်။





ကာယကံရှင်အား နစ်နာလိုစေသောရည်ရွယ်ချက် အလျင်းမရှိ ။ ကိုယ့်လူမျိုး များ သင်ခန်းစာယူရန်သာ ရည်ရွယ်လျက်






ဟုတ်ပါသည်။ ၄င်းတို့ ၏ အိမ်နီးချင်းဖြစ်သော လက်ဘနွန် နိုင်ငံမှ နိုင်ငံကူးလက်မှတ် (Passport ) များကိုထုတ်ပေးထားပါသည်။ သို့ သော် ဒေသခံ လက်ဘနွန်
နိုင်ငံသားစစ်စစ်များ ကိုင်ဆောင်သော စာအုပ် နှင့် ပါလက်စတိုင်းသားများ ၏
စာအုပ်ကတော့ ကွဲပြားခြားနားပါသည်။

ပုံတွင် တွေ့ ရသည့်အတိုင်း နိုင်ငံကူးလက်မှတ် ၏ အောက်နားတွင် ပါလက်စတိုင်း နိုင်ငံသားဖြစ်ကြောင်း
တံဆိပ်တုံး ထုထားပါသည်။ စာအုပ်တွင်လည်း Refugee ဟုခေါ်သည့် ဒုက သည်များ ဟု
ရေးသားဖော်ပြထားလေသည် ။ စာအုပ်၏ မျက်နှာဖုံးကတော့ လက်ဘနွန် နိုင်ငံ ဟူ
ဖော်ပြထားပါသည်။



ကျွန်တော်သည် အဆိုပါ စာအုပ်ကို ကြည့်ပြီး ခဏ မျှ တွေးကြည့်ဖူးပါသည်။ ကိုယ်ပိုင်နိုင်ငံ ရှိလျက် အိမ်နီးချင်း သူတပါး
နိုင်ငံ မှာ အရာရာအောက်ကျို့ စွာ နေရမည်သာ။

ကိုယ့် အိမ် ကိုယ့် ယာ ကို တိုင်းတပါးသားတို့ က သိမ်းယူ ထားသဖြင့် နေစရာ အိမ်မရှိသောကြောင့်
သူတပါးအိမ်တွင် ခိုကပ်နေရသော ဘ၀ ကား လွန်စွာ အသည်းနာ စရာကောင်းလှပေသည်။
အော်..ငါတို့ မြန်မာ နိုင်ငံလည်း အဲဒီလို မလွတ်လပ်တဲ့နိုင်ငံဖြစ်ရင် ..
ငါတို့ ရဲ့ အလံတော် ၊ ငါတို့ ရဲ့ နိုင်ငံတော် သီချင်း . ငါတို့ ရဲ
့အမျိုးသားဝတ်စုံ ဒါတွေ လည်း ယခုကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ၀တ်နိုင်မည်
မဟုတ်ချေ။

ထို့ ကြောင့် ရှိရင်းစွဲ ကိုယ်ပိုင်အလံ ကို လေးစားစွာ အလေးပြု လိုက်ရင်း . . . ကိုယ့်နိုင်ငံတော် သီချင်းကို ရင်ထဲမှ လှိုက်လှဲ
စွာ သီဆိုလိုက်ချင်ပါတော့သည်။

ကမ္ဘာမကြေ .. ကမ္ဘာမကြေ

ဒါတို့ ပြည် ဒါတို့ မြေ တို့ ပိုင်တဲ့မြေ..
ပြည်ထောင်စုကို အသက်ပေးလို့ တို့ ကာကွယ်မလေ
ဒါတို့ ပြည်. ဒါတို့ မြေ.......
...............

“ငါတို့ညီအစ်ကိုတွေ ဟိုရောက်ဒီရောက်”

ငါတို့ အခု စိတ်ရှိလက်ရှိရေးနေကြတာဘာလဲ
စိတ္တဇလား ဂေါ်လီလား
ငါ့တို့မျက်လုံးရဲ့ ဟိုတစ်ဖက် တိုက်အမြင့်ကြီးပေါ်မှာ
သေကြောင်းကြံခုန်ချတော့မယ့် ငါတို့ရှိတယ်
ဒီမှာ … အလန်းဇယားနဲ့ အရင်ခေတ်ပြန်ရောက်သွားသလို ဘဲလ်ဘောင်းဘီနဲ့
လက်ချင်းချိတ်သွားတဲ့ နေရာ
အဲဒီနေရာမှာပဲ ငါတို့ပင့်ကူအိမ်ကို ငါတို့ပြန်ယက်နေခဲ့တာ
ငါတို့အကုန်လုံးဟာ ဆေးကြောသုတ်သင်မှုမရှိတာကြာပြီဖြစ်တဲ့ တံမြက်စည်းတွေပဲ
ငါတို့ဟာ ကိုယ့်ကိုယ်ကို ဘယ်တော့မှပြန်ထည့်မစားတတ်တဲ့ ပန်းကန်ပြားတွေပဲ
ပြောရရင် ငါတို့ဟာ ဘယ်လိုနေနေ တည့်မတ်မလာတော့မယ့် မျှော်စင်တွေပဲ
ငါတို့ညီအစ်ကိုတွေ ဘယ်တော့မှမတည့်ခဲ့ကြ၊ ဘယ်တော့မှလည်း မမုန်းခဲ့ကြ
ငါတို့ဟာ စိတ္တဇလား ဂေါ်လီလား ဂျစ်ပစီလား လူကြီးမင်းလား
ကောင်မလေးတစ်ယောက်တည်းကို ငါတို့အကုန်လုံးဝိုင်းကြိုက်ခဲ့ဖူး
အဆုံးအဖြတ်ဖဲတစ်ချပ်ကို မျက်လုံးတွေအများကြီးနဲ့ စိတ်ပျက်လက်ပျက် ပွတ်တိုက်ကြည့်ခဲ့ဖူး
လမ်းပေါ်မှာ ငါတို့ရဲ့ ဟီးဟီးဟားဟား တစ်လမ်းသွားအသံနဲ့
ငါတို့ရဲ့ ဟိုရောက်ဒီရောက် ခြေလှမ်းများ
ငါတို့ .. ငါတို့ဆိုလို့ ငါတို့ကို တရားမရှိဘူး ထင်ကြဦးမယ်
ဘာဖြစ်ပါသလဲ … ခေတ်ကိုက
ဟိုဆရာတော်မှ ဒီဆရာတော်မှဆိုပြီး တရားမရွေးပဲ ဆရာတော်ကိုရွေးကြတဲ့ခေတ်
ဒီတော့ ဘာဖြစ်ပါသလဲ
ငါတို့ညီအစ်ကိုတွေ နက်သထက်နက်လာတဲ့ မိုက်တွင်းထဲ တစ်ယောက်ပြီးတစ်ယောက်ခုန်ချ
ဒီလိုနဲ့ … လူလိမ္မာ ပညာရှိများရဲ့ အဝေးကိုရောက်
ဘီယာစတေရှင်ကိုရောက်၊ ကာရာအိုကေကိုရောက်၊ Foot Massage ကိုရောက်၊
အခုတစ်မျိုးတော်ကြာတစ်မျိုးလေးတွေရဲ့အနားကိုရောက်
ငါတို့ ညီအစ်ကိုတွေ ဟိုရောက်ဒီရောက် ။

ကျွန် တစ်ဖြစ်လဲ ငါ၏ သခင်မ

နင် ဟာ ငါ့ ရဲ့အကျဉ်းသား

ဖြစ်တယ်


သွားဆိုသွား

လာဆိုလာ

သေဆိုသေ

ရှင်ဆိုရှင်


ပြီးနောက်


ငါ့လက်ခုပ်ထဲက

ရေတစ်ပေါက်ဆိုလဲဟုတ်ရဲ့


သွန်လိုသွန်

မှောက်လိုမှောက်

သောက်လိုသောက်


ထို့ကလူ

နင် ဟာ ငါ့ ရဲ့

ပန်းတိုင်တခုဖြစ်နေခဲ့


ရိုကျိုးနေတဲ့

ငါ့နှလုံးသား ကိုးကွယ်ရာ

အရှင်သခင်က

နင် တစ်ယောက်ထဲရယ်သာ


ပြယုဒ် ဆန်ဆန်

ငါ့ရဲ့

အတိတ်

အနာဂတ်

ပစ္စုပန် အိမ်မက်က

နင့်အတွက် ရည်စူးခြင်း ဖြစ်နေရဲ့.........................။

အပြာရောင်နေ့တစ်နေ့

ပြာလင်းနေမယ့်...
နေ့တစ်နေ့...
နတ်ဘုရားတို့ ဖန်ဆင်းမဲ့အချိန်...
ငါ....စောင့်မျှော်နေမယ်...
အဲဒီတစ်နေ့...
ရောင်စုံပန်းပွင့်တွေနဲ့
ပျား ပိတုန်းတွေ ၀ဲပျံကြမယ်...
ကြယ်တွေလည်းအစုံ
ကောင်းကင်ဘုံမှာ..
တိမ်တွေထွန်းလင်းလို့..
ငါ့ဗီးနပ်စ်ကို ကြိုနေမယ်...
ရင်ခွင်ဦးမှာ
ရူးရူးမူးမူး ချစ်ဖူးခဲ့တာပါ...
ငါ့သွေးစက်တိုင်း...
ချစ်သူ...နာမည်တွေနဲ့ပြည့်နှက်....
ငါဆိုတာ.....
အဲဒီလို....အရိုင်းဆန်ခဲ့တဲ့ ကောင်ပါ ....။
အပြာရောင်တစ်နေ့..
ချစ်သူနဲ့ ဆုံတွေ့မယ်
ပကတိအရှိတရားနဲ့
ကောင်းကင်အပြင်ဖက်
ငါတို့ တက်တွေဖွင့်..ရွက်တွေလွှင့်
အိုး................
ချစ်ခြင်းတရားတွေ...
ကူးလူးပျံသန်း
ဗီးနပ်စ်ရဲ့ ရွှေအိုရောင်ဆံပင်တွေ
လေဝှေ့လိုက်တိုင်း
သံစဉ်တွေဖြာထွက်လို့...
ငါ့ရင်ခွင်ကြားက
ချစ်သူရဲ့ ရှက်ပြုံးလေးတွေ
အနမ်းမိုးတွေနဲ့
ဝှက်ကွယ်ပေးထားမယ်...
အိုကွယ်....ချစ်သူရယ်...
အဲဒီတစ်နေ့.....ငါ...
စောင့်မျှော်နေတယ်....။

အဆုံးမသတ်သေးတဲ့ ကဗျာ

မိုးစက်ကလေးတွေ
တဖွဲဖွဲကျဆင်း
ငါ့ ရင်ထဲက လမင်း
သူများကမ္ဘာမှာ လင်းခဲ့ရဖူးတယ်။ ။


ငါကလည်းခက်တယ်
ချစ်သူလက်ကို ကိုင်ဖို့ထက်
စာတစ်အုပ်ကိုပဲ လက်မှာကိုင်စွဲ
ဘ၀တိုက်ပွဲ ဆင်နွဲချင်မိတယ် ။။

ချစ်သူမျက်နှာကို တစိမ့်စိမ့်ထိုင်ကြည့်
ချစ်သူမျက်ဝန်းတွေကို
ဘာသာပြန်ဖို့ထက်
ကဗျာတစ်ပုဒ်ကိုပဲ
ဘာသာပြန်ချင်နေမိတယ်။ ။

လောကကြီးလည်း ဘာထူးလဲ
မုန့်တလှည့် တုတ်တလှည့်လို့ဆိုပေမယ့်
အမေမွေးကတည်းက
အရိုက်ခံခဲ့ရတာ
အခုထက်ထိ
ငါ
မုန့်မစားရသေးဘူး .. ။ ။

ဒီလိုနဲ့ .. ...
ကျီးအာသီးနှလုံးသားနဲ့
ဘီလူးခေါင်းဆောင်းထားတဲ့
လူတွေကြားထဲမှာ တစစ
ကျင်လည်ရင်း
ဖဲခိုးတတ်တဲ့ အကျင့်လေး
ငါ
ကြိုးစားမွေးတတ်ခဲ့ပြီ ... ။ ။

ဒီလိုနဲ့
ကဗျာဆရာဆိုတဲ့ ဘွဲ့ထူးကို
အချစ်ဦးနဲ့ လဲခဲ့ရဖူးပြီ။ ။

ိစိတ်ဓါတ်တွေ ဖြူစင်ဖို့ အတွက်
ငါ့စိတ် ငါ
အဖြူရောင်တွေ အထပ်ထပ်သုတ်ရင်း
ငါ့ နှလုံးသားလဲ
အလစ်မှာ
အိုးမဲသုတ်ခံလိုက်ရပြီ .. ။ ။

ရယ်တော့ရယ်ရတယ်နော် .. ..မိဇင်မာ
အရိယာဖြစ်ပြီ ...
သောတပန်ဖြစ်ပြီလို့
ကြွေးကြော်နေတဲ့သူတွေ
ကြက်သတ်နေတာကို
လမ်းဘေးက ဘုံဆိုင်တစ်ခုမှာ
ငါ တွေ့လိုက်ရတယ် . . .။

နောက်.........
တချိန်က လက်ဖက်ရည်ဖိုး ပြတ်ခဲ့သူတွေဟာ
အခု
လက်ဖက်ရည်ဖိုး မက်သူတွေ ဖြစ်လာခဲ့ပြီ။ ။

တော်ပြီကွာ
ငါ ကိုယ်တိုင် အဆုံးမသတ်တတ်တဲ့
ကဗျာ
မင်း ဘာသာမင်းပဲ
ဆက် စပ်လိုက်ပေါ့
......................။ ။

မိုးစက်နွေ