ဆရာတော်ဦးကောဝိဒ(မြိတ်)ဖြေဆိုတော်မူပါသည်။
အွန်လိုင်းမှာ ချစ်သူဖြစ်ကြတာ ကာမေသုထိုက်ပါသလား
အမေး။ ။အရှင်ဘုရား…အွန်လိုင်းပေါ်မှာ လူတစ်ယောက်နဲ့တွေ့ပါတယ်၊ မမျှော်လင့်ဘဲ သူနဲ့ အွန်လိုင်းပေါ်မှာ ချစ်သူတွေ
ဖြစ်ခဲ့ကြပါတယ်။ နောက်တော့ လူလွတ်တစ်ယောက်မဟုတ်ဘဲ
အိမ်ထောင်နဲ့လို့သိရပါတယ်။ တပည့်တော်မှာလဲ သမီးလေး တစ် ယောက်နဲ့ပါ။
တပည့်တော်သိချင် တာက အွန်လိုင်းပေါ်မှာပဲ တွေ့ကြပြီး အွန်လိုင်းပေါ်မှာပဲ
ချစ်ကြိုက်ကြတာ “ကာမေသု” ထိုက်ပါသ လား သိချင်ပါတယ်ဘုရား။
မငယ်ငယ်
မော်လမြိုင်
အဖြေ။ ။မငယ်ငယ်ရေ….အွန်လိုင်းပေါ်ပဲ တွေ့ပြီး ပြောကြဆိုကြ ချစ်သူတွေဖြစ်ကြတာ
အရေးမကြီးဘူး။ အပြင်မှာ လူချင်းတွေ့ပြီး ကျုးလွန်ခဲ့ကြတယ်ဆိုမှ ကာမေသု
ထိုက်တာပါ။ ကာမေသု ထိုက် မထိုက်ဆိုတာကို အချက်လေးချက်နဲ့ တိုက်ဆိုင်ကြည့်ပါ
၊ အချက်လေးချက်ထဲ က တစ်ခုခု ချွတ်ယွင်းနေတယ်ဆိုရင်တော့ မထိုက်ပါဘူး၊
လေးခုစလုံးနဲ့ ညီညွတ်နေတယ်ဆိုရင်တော့ ကာမေသုထိုက်ပါတယ်။ တစ်ခုတော့
ရှိပါတယ်။ နှစ်ဘက်စလုံးက အိမ်ထောင်ရှိရက်နဲ့ အွန်လိုင်းပေါ်ချစ်သူဖြစ်ကြတာဟာ
ကာမေသု မထိုက်သော်လဲ ကိုယ့်ရဲ့ယောင်္ကျား ၊မိန်းမမှ တစ်ပါး
တစ်ခြားယောင်္ကျား၊မိန်းမအပေါ်မှာ စိတ်နဲ့ ပြစ်မှားမိခဲ့တာတော့ သေချာနေတယ်။
ဒါဟာ ကာမေသုထိုက်ဖို့ရာ နီးစပ်လာတဲ့သဘောပဲ။
ဘုရားရှင်လက်ထက်က တစ်နေ့မှာ အသက်ကြီးတဲ့ နကုလပိတာနဲ့ဇနီးမောင်နှံတို့ ဘုရားထံလျှောက်ကြပါတယ်။ သူတို့ဟာ
လက်ထပ်ထိမ်းမြားတဲ့အချိန်မှ အခုအချိန်အထိ သူရဲ့ဇနီးမှတစ်ပါး
တစ်ခြားမိန်းမတွေအပေါ်မှာ စိတ်နဲ့တောင် မပြစ်မှားခဲ့ဘူး လို့ လျှောက်တယ်။
ဇနီးဖြစ်သူ နကုလမာတာကလဲ သူလဲပဲ လက်ထပ်တဲ့အချိန်ကစ အခုအချိန်ထိ
ကိုယ့်လင်ယောင်္ကျားမှတစ်ပါးတစ်ခြား ယောင်္ကျားတွေအပေါ်မှာ စိတ်နဲ့တောင်မှ
မပြစ်မှားခဲ့ပါဘူး လို့ ဘုရားရှင်အားလျှောက်ထားကြပါတယ်။ ဒါဟာ
ဇနီးမောင်နှံတိုင်းအတွက် စံနမူနာယူကြရမဲ့အချက်ဆိုတာကို သတိထားစေချင်ပါတယ်။
ကာမေသုထိုက်တဲ့ အင်္ဂါလေးချက်
(၁)မသွားမလာ မဆက်ဆံကောင်းသူဖြစ်ခြင်း။
(၂)မှီဝဲလိုစိတ်ရှိခြင်း။
(၃)လုံ့လပြုခြင်း။
(၄)ပြုကျင့်မှုမှာသာယာခြင်း။ (အဋ္ဌသာလိနီ၊ ဋ္ဌ ၊ ၁၄၁)
ဘုရားဥပဒေများကို ခေတ်ကာလအရ ပြောင်းလဲလို့ရပါသလား
အမေး။ ။အခြေခံဥပေဒတွေဟာ ခေတ်ကာလနဲ့ မညီရင် ပြုပြင်လို့ရပါတယ်ဘုရား၊ ဘုရားဥပေဒတော်များကိုလဲ ခေတ်ကာလအရ ပြောင်းလဲသင့်
ရင် ပြောင်းလဲလို့ရပါသလားဘုရား။ သင်္ဂါယနာတင်တာနဲ့ အခု The world Buddhist
summit နဲ့ အတူတူပါလားဆိုတာ သိချင်ပါတယ်ဘုရား။
မောင်ဇော်မျိုး(Activator)
ရန်ကုန်
အဖြေ။ ။မေးခွန်းမေးထားတာက (က) ခေတ်ကာလအရ ဘုရာဥပဒေကို ပြောင်းလဲသင့်ပါသလား။
(ခ) သင်္ဂါယနာနဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ အတူတူ လား ဆိုတဲ့မေးခွန် နှစ်ခုဖြစ်ပါတယ်။
ဒါကို အစဉ်အတိုင်းပဲ ပြောပါမယ်။
(က) အခြေခံဥပဒေတွေက ခေတ်ကလာအလိုက် အဆင်မပြေရင် ပြောင်းလဲလို့ ရတယ်ဆိုပေမဲ့ ဘုရားရှင်ချမှတ်ခဲ့တဲ့ ဥပဒေတော်ကို
ပြောင်းလဲလို့လဲ မရပါဘူး၊ ပြောင်းလဲပိုင်ခွင့်လဲ ဘယ်သူ့မှာမှ မရှိပါဘူး။
ဘုရာရှင်ပရိနိဗ္ဗာန်စံခါနီးမှာ ဘုရားရှင်က အရှင်အာနန္ဒာအား
“ချစ်သားအာနန္ဒာ…ငါဘုရာကွယ်လွန်တဲ့အခါ အသေးအနုပ်သိက္ခာပုဒ်များကို
ပယ်နှုတ်လိုခဲ့သော် ပယ်နှုတ်လေလော့” လို့ မိန့်တော်မူခဲ့တယ်။
(မဟာဗုဒ္ဓ၀င်၊ပဉ္စမတွဲ၊နှာ-၄၇၇)
ဒီလိုမိန့်တော်မူခဲ့ပေမဲ့ အရှင်မဟာကဿပစတဲ့ မဟာသ၀ကကြီးများအစထားလို့ သံဃာအားလုံးက ပယ်နှုတ်ခြင်း၊ ပြင်ဆင်ခြင်း
မပြုခဲ့ပါ။ ယနေ့အထိတိုင်အောင်လဲ ပယ်နှုတ်ခြင်း၊ ပြင်ဆင်ခြင်းများကို
မပြုလုပ်ခဲ့ပါ။ ပထမသင်္ဂါယနာမှ ဆဋ္ဌမသင်္ဂါယနာတိုင်အောင် သံဃာထေရ်ကြီးများ
အဆက်ဆက် အသက်စွန့်ကာ ထိန်းသိမ်းလာခဲ့ကြတာပါ။
“၀ိနည်းသည် သာသနာအသက်” ဆိုတဲ့အတိုင်း ဘုရားဥပဒေတော်ဆိုတဲ့ ၀ိနည်းတည်ရှိနေသမျှကာလပတ်လုံး
သာသနာတော်ကြီး တည်မြဲနေမှာပါ။ ဒါကြောင့် ခေတ်ကာလများ ဘယ်လောက်ပဲ
ပြောင်းလဲပေမဲ့ ဘုရားရှင်ချမှတ်ခဲ့တဲ့ ဥပဒေတော်ကြီးကတော့
ပြောင်းလဲသင့်တဲ့အချိန်ဆိုတာ ရှိလာမှာမဟုတ်သလို ဘယ်တော့မှလဲ ပြောင်းလဲမှာ
မဟုတ်ပါဘူး။
(ခ) သင်္ဂါယနာနဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံဟာ တူပါသလားဆိုတော့ မတူပါဘူးလို့ပဲ ပြောပါရစေ… မတူကြောင်းကို ရှင်းပါအုံးမယ်။
သင်္ဂါယနာဆိုတာ= အညီအညွတ်ရွတ်ဆိုခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ နားလည်အောင်
ပထမသင်္ဂါယနတင်တဲ့အနေအထားလေးကို ပြောပါ့မယ်။ သင်္ဂါယနာတင်ရာမှာ ဦးစီးတော်မူတဲ့
ရှင်မဟာကဿပမထေရ်က ၀ိနည်းသိက္ခာပုဒ်များဖြစ်ပေါ်လာပုံ သိက္ခာပုဒ်ပညတ်ရာ
တိုင်းပြည်၊မြို့ ၊ အပြစ်ကျုးလွန်တဲ့ပုဂ္ဂိုလ်၊ အာပတ်သင့်မှု မသင့်မှု
အသေးစိတ် မေးစိစစ်တော်မူပါတယ်။ မေးတိုင်းပြဿနာများကို ၀ိနည်းဧတဒဂ်ရ
အရှင်ဥပါလိ မထေရ်က ရှင်းလင်းပြတ်သားစွာ ဖြေကြားတော်မူပါတယ်။
ဒီလိုအမေးအဖြေပြုပြီး သံဃာအားလုံးက သဘောတူညီတဲ့အခါ ရဟန္တာ မထေရ် ငါးရာတို့က
သံပြိုင်ရွတ်ဆိုကာ အတည်ပြုလက်ခံတော်မူကြပါတယ်။ ဒီလိုပါပဲ ကျန်တဲ့သိက္ခာ
ပုဒ်များ၊ သုတ္တန်၊အဘိဓမ္မာပိုင်းဆိုင်ရာ မှာဆိုရင်လဲ အရှင်အာနန္ဒာက
ဖြေကြားတော်မူပါတယ်။ သံဃာအား လုံးကသဘော တူညီတဲ့အခါ ရဟန္တာမထေရ် ငါးရာတို့က
စုပေါင်းသံပြိုင်ရွတ်ဆို တော်မူကြပါတယ်။ ဒါကိုပဲ “သင်္ဂါယနာတင်တယ်”
လို့ခေါ်ပါတယ်။
ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကတော့ သင်္ဂါယနာမှာလို သံဃာတော်အများက သုတ်၊၀ိနည်း၊ အဘိဓမ္မာများကို စုပေါင်းရွတ်ဆိုတာမရှိ ပါဘူး။ အချို့က
ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံဟာ သင်္ဂါယနာတင်တာလို့ မသိဘဲပြောဆိုနေကြပါတယ်။
မဟုတ်ပါဘူးလို့ ပြောပါရစေ။ ဒါပေမဲ့ ညီလာခံရဲ့ရည်ရွယ်ချက်ကတော့
အလွန်ကောင်းပါတယ်။ ဒီညီလာခံအကြောင်းသိရအောင် (intention of Buddhist
summit) ညီလာခံရဲ့ ရည်ရွယ်ချက်ကို အများသိဖို့ ဖေါ်ပြပေးလိုက် ပါတယ်။
ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံရဲ့ ရည်ရွယ်ချက်(၅)ခုရှိပါတယ်။
(၁) ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သော နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနဲ့
ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ထွန်းကား လာစေရန်။
(၂) ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုနဲ့ လိုက်နာကျင့်သုံးမှုတို့ကို
ဗုဒ္ဓဘာသာအချင်းချင်း ထိန်းသိမ်းစောင့်ရှောက်ရန်။
(၃) ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပရိယတ္တိကို အခြေခံတဲ့ ဗုဒ္ဓဘာသာပညာရေး
ထွန်းကားပြန့်ပွားစေရန်။
(၄) ကမ္ဘာ့လူသားထုတစ်ရပ်လုံးအတွက် ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီးဖြစ်ထွန်း အကျိုးပြုစေရန်အတွက်
ဗုဒ္ဓဘာသာရှုထောင့်က ၀ိုင်းဝန်းကူညီ ဆောင်ရွက်ရန်။
(၅) ဗုဒ္ဓရဲ့တရားဓမ္မများ မူရင်းမပျက် နိုင်ငံတကာသို့ ထွန်းကားပျံ့ပွားစေရန် တို့ဖြစ်ပါတယ်။
ကာလာမသုတ်ဖြစ်ပေါ်လာပုံသမိုင်း
အမေး။ ။အရှင်ဘုရား…ဘာသာခြားများအား ဗုဒ္ဓဘာသာဝင်ဖြစ်စေတဲ့
ဗုဒ္ဓဘာသာရဲ့လွတ်လပ်မှုကိုပြတဲ့ ကာလာမသုတ်ကိုဟောဖြစ်ပုံ သမိုင်း
ကြောင်းသိချင်ပါတယ်။ ပါဠိ၊မြန်မာ၊အင်္ဂလိပ် သုံးဘာသာနဲ့
အပြည့်အစုံသိချင်ပါတယ်ဘုရား။
ရိုသေစွာဖြင့်
မင်းမောင်
ဖြူး
အဖြေ။ ။ အမေးတာက နဲနဲလေးပေမဲ့ ဖြေရမှာက သုံးဘာသာတောင်ဆိုတော့ များတယ်၊ ဒါပေမဲ့
အများအကျိုးအတွက်ငဲ့ပြီး ဖြေပါ့မယ်။
မြန်မာဘာသာ
ကေသမုတ္တိနိဂုံးသားများဖြစ်ကြတဲ့ ကာလာမမင်းများဟာ ဘုရားရှင်ထံ ချည်းကပ်ကြတယ် အချို့က တစ်နေရာမှာ ထိုင်နေကြ
တယ်။ အချို့က ဘုရားရှင်နဲ့ ၀မ်းမြောက်ဝမ်းသာ ပြောဆိုနေကြတယ်။ အချို့က
အမှတ်ရဖွယ်ပြောဆိုရင်း တစ်နေရာမှာ ထိုင် နေကြတယ်။ အချို့က ဘုရားရှင်ကို
လက်အုပ်ချီပြီး တစ်နေရာမှာ ထိုင်နေကြတယ်။ အချို့က အမည်၊
အနွယ်တွေကိုပြောပြီး ထိုင်နေကြတယ်။ အချို့က ဘာမှမပြောဘဲ
တိတ်ဆိပ်စွာထိုင်နေကြတယ်။
ကေသမုတ္တိနိဂုံးသားများဖြစ်ကြတဲ့ ကာလာမမင်းများဟာ ဘုရားရှင်အားအောက်ပါအတိုင်း လျှောက်ထားကြတယ်။ “အရှင်ဘုရား…
အချို့ရဟန်းပုဏ္ဏားများဟာ ကေသမုတ္တိနိဂုံးကို ရောက်ရှိလာကြပါတယ်။
သူတို့ရဲ့ဘာသာအယူဝါဒသာ မှန်တယ်လို့ ပြောဆိုပြီး သူတစ်ပါးအယူ ၀ါဒကိုကျတော့
မရိုမသေ ထိပါးပုတ်ခတ်ပြောဆိုကြပါတယ်။ အခြားအခြားရဟန်း ပုဏ္ဏားတွေလဲ
ကေသမုတ္တိနိဂုံးကိုရောက်လာကြတယ်။ သူတို့လဲပဲ ကိုယ့်အယူဝါဒကိုသာ
မှန်တယ်လို့ပြောဆိုကြပြီး သူတစ်ပါး အယူဝါဒကိုကျတော့ မရိုမသေ
ထိပါးပုတ်ခတ်ပြောဆိုနေကြပါတယ်။ အရှင်ဘုရား…ဘယ်ရဟန်းပုဏ္ဏားရဲ့ဝါဒက မှန်ပြီး
ဘယ်ရဟန်းပုဏ္ဏားရဲ့ဝါဒက မှားပါသလဲဘုရား၊ တပည့်တော် ယုံမှားသံသယ ဖြစ်မိပါတယ်
ဘုရား”
ထိုအခါ ဘုရားရှင်က “ကာလာမတို့…..သင်တို့ဟာ ယုံမှားသင့်တဲ့အတွက် ယုံမှားတာပဲ၊ သံသယဖြစ်သင့်တဲ့အတွက် သံသယဖြစ်ကြ တာပဲ” လို့ မိန့်တော်မူကာ
ကာလာမသုတ်ကို ဟောတော်မူခဲ့ပါတယ်။
ပါဠိဘာသာ
အထေ ခေါ ကေသမုတ္တိယာ ကာလာမာ ယေန ဘဂ၀ါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အပ္ပေကစ္စေ ဘဂ၀န္တံ အဘိဝါဒေတွာ
ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ဘဂ၀တာ သဒ္ဓိံ သမ္မောဒိံသု၊ သမ္မောဒနီယံ ကထံ သာရဏီယံ
ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ယေန ဘဂ၀ါ တေနအဉ္ဇလိံ ပဏာမေတွာ ဧကမန္တံ
နိသီဒိံသု၊ အပေကစ္စေ နာမဂေါတ္ထံ သာဝေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ တုဏှီဘူတာ
ဧကမန္တံ နိသီဒိံသု၊ ဧကမန္တံ နိသိန္နော ခေါ တေ ကေသမုတ္တိယာ ကာလာမာ ဘဂ၀န္တံ
ဧတဒဝေါစုံ-
သန္တိ ဘန္တေ ဧကေ သမဏဗြဟ္မဏာ ကေသမုတ္တံ အာဂစ္ဆန္တိ၊ တေ သကံယေ၀ ၀ါဒံ ဒီပေန္တိ ဇောတေန္တိ၊ ပရပ္ပ၀ါဒံ ပန ခုံသေန္တိ ၀မ္ဘေန္တိ ပရိဘ၀န္တိ၊ သြမက္ခိံ ကရောန္တိ၊
အပရေပိ ဘန္တေ ဧကေ သမဏဗြဟ္မဏာ ကေသမုတ္တံ အာဂစ္ဆန္တိ၊ တေ သကံယေ၀ ၀ါဒံ ဒီပေန္တိ
ဇောတေန္တိ၊ ပရပ္ပ၀ါဒံ ပန ခုံသေန္တိ ၀မ္ဘေန္တိ ပရိဘ၀န္တိ၊ သြမက္ခိံ ကရောန္တိ၊ တေသံ
နော ဘန္တေ အမှာကံ ဟောတေ၀ ကင်္ခါ၊ ဟောတိ ၀ိစိကိစ္ဆာ “ကော သု နာမ ဣမေသံ ဘ၀တံ
သမဏဗြဟ္မဏာနံ သစ္စံ အာဟ၊ ကော မုသာ” တိ။ အလံ ဟိ ဝေါ ကာလာမာ ကင်္ခိတုံ အလံ
ဝိစိကိစ္ဆိတုံ၊ ကင်္ခနီယေ၀ ပန ဝေါ ဌာနေ ၀ိစိကိစ္ဆာ ဥပ္ပန္နာ။ (အင်္ဂုတ္ထရနိကာယ်၊
တိကနိပါတ၊ ကေသမုတ္တိသုတ်၊နှာ-၁၈၉)
အင်္ဂလိပ်
The history of the Kalarma Thote .KayThaMoutTiNiGone kings has approached to the Lord
Buddha .Some were having a conversation with Lord Buddha ,while others
engaged themselves in their own topics, or were just stayed silently .
The conversations that they have had with Lord Buddha was as below,“Lord ,
some of the monks came to KayThaMoutTiNiGone and stated that their
beliefs, teachings and ideologies of their own religion were the
universal truth and been giving offensive critiques over those of other
religions with impolite manners.”
“There were monks who also come from different places to us and they have conducted the same manner
towards the other religion.”
“Lord, whose beliefs are the truth and whose are wrong. We are becoming so sceptical on these matters”
Lord Buddha replied “Dear my kings, you all are being sceptical because you
should be, you are being doubtful because you should be” and has
delivered the Kalama Thote.
ဘာသာတူမှ လက်ထပ်ရမှာလား
အမေး။ ။တပည့်တော်တစ်ခုမေးချင်ပါတယ်ဘုရား…ခရစ်ယာန်၊ အစ္စလာမ်တို့မှာ ဘာသာမတူရင်
ယူလို့မရ၊ အပြစ်ဖြစ်တယ်လို့ သိရပါတယ် ဘုရား။ ဗုဒ္ဓဘာသာမှာကော ဘာသာမတူရင်
မယူရဘူး မချစ်ကြိုက်ရဘူးလို့ ပါပါသလား၊ ရှိပါသလားဘုရား။
ဆွိ
နေရာပ်မရှိ
အဖြေ။ ။ ဘာသာခြားများရဲ့ အယူအဆနဲ့ပတ်သက်ပြီး မပြောလိုပါဘူး၊
ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး တွေ့ရှိချက်တွေကိုတော့ ပြောပါ့မယ်။ ဘုရားရှင်က
ဘာသာမတူရင် မပေါင်းရဘူး၊ မယူရဘူးလို့ မဟောပါဘူး။ ဒါနဲ့ပတ်သက်ပြီး…
တစ်ချိန်က သူငယ်ချင်းနှစ်ယောက်ဟာ ငယ်စဉ်က တက္ကသိုလ်ပြည်မှာ အတတ်ပညာများ
အတူသင်ယူခဲ့ကြပါတယ်။ ပညာသင်ယူစဉ်က အလွန်ချစ်ခင်ကြတဲ့သူငယ်ချင်းများဖြစ်ပြီး
အရွယ်ရောက်လို့ သားသမီးများ ရှိလာရင် “သားရှင်က သမီးတောင်းလာရင် သမီးရှင်က
သားရှင်အား ပေးကြစတမ်း” ဆိုပြီး ကတိက၀တ်ထားခဲ့ကြတယ်။
အရွယ်ရောက်လာတဲ့အခါ အိမ်ထောင်ရက်သားကျလို့ တစ်ယောက်က သာဝတ္ထိမြို့မှာ အနာထပိဏ်သူဌေး
ဖြစ်လာပြီး၊ တစ်ယောက်က ဥဂ္ဂမြို့မှာ ဥဂ္ဂသူဌေးရယ်လို့ ထင်ရှားဖြစ်လာကြပါတယ်။
တစ်နေ့တော့ ဥဂ္ဂသူဌေးက လှည်းငါးရာနဲ့အတူ အနာထပိဏ်သူဌေးအိမ် ရောက်လာပါ တယ်။
ဥဂ္ဂသူဌေးနဲ့ ပါလာတဲ့သူများကို အနာထပိဏ်သူဌေးရဲ့သမီး စူဠသုဘဒ္ဒါက
စီမံပြုစုလုပ်ကျွေးပါတယ်။ ဥဂ္ဂသူဌေးဟာ လိမ်မာရေးခြားရှိလှတဲ့
သူငယ်ချင်းရဲ့သမီးကို မြင်ရတော့ သူ့ရဲ့သားနဲ့ပေးစားချင်လာတယ်။ ဒါနဲ့ငယ်စဉ်က
သူတို့အချင်းချင်း ကတိက၀တ်ထားတဲ့အကြောင်းကို ပြန်လည်ပြောပြပါတယ်။
အနာထပိဏ်သူဌေးဟာ သူငယ်ချင်းနဲ့ ကတိက၀တ်ထားခဲ့တဲ့အတွက် သမီးကိုမပေးလို့ကလဲမကောင်း၊
ပေးလိုက်ပြန်ရင်လဲ သူ့သူငယ်ချင်းမိသားစု က ဘာသာခြားအယူဝါဒရှိသူဖြစ်နေတော့
စဉ်းစားရပါတယ်။
ဒါနဲ့ အနာထပိဏ်သူဌေးဟာ ဘာမှမပြောသေးဘဲ ဘုရားရှင်ဆီသွားပြီး အကျိုးအကြောင်း လျှောက်ထားပါတယ်။ ဘုရားရှင်ကလဲ
ဥဂ္ဂသူဌေးရဲ့ နောင်မှာ သောတာပတ္တိမဂ်ဖိုလ်ရနိုင်တဲ့ အနေအထားကို
သိမြင်တော်မူတဲ့အတွက် ဘာသာခြားဖြစ်တဲ့သူရဲ့သားနဲ့ စူဠသုဘဒ္ဒါတို့ရဲ့ ကိစ္စကို
ခွင့်ပြုတော်မူခဲ့ပါတယ် (မဟာဗုဒ္ဓ၀င်၊ စတုတ္ထတွဲ၊ ၄၇၇-၄၇၉)
ဒီဝတ္ထုအရ ဘုရားရှင်ဟာ ဘာသာခြားနဲ့ မယူရဘူးလို့ မိန့်တော်မမူခဲ့ပါဘူး။
ဒါပေမဲ့တစ်ခုတော့ သတိထားစရာရှိတယ်။
ယခုလက်ရှိဘ၀မှာ အိမ်ထောင်ရေး မပြိုကွဲဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ထက်ဆုံးပေါင်းသင်းနိုင်ပြီး
နောင်တမလွန်ဘ၀မှာလဲ ဇနီး မောင်နှံ နှစ်ဦးစလုံး လူ နတ် စတဲ့သုဂတိသို့
လားရောက်နိုင်ကြောင်း ဟောထားတာ ရှိပါတယ်။
တစ်နေ့ဘုရားရှင်ထံတော်ကို နကုလပိတာနဲ့နကုလမာတာ ဇနီးမောင်နှံတို့ ရောက်ရှိလာကာ
“အရှင်ဘုရား..တပည့်တော်တို့ဟာ အိမ်ထောင်ပြုခဲ့စဉ်ကနေ ယခုအချိန်အထိ
သူတစ်ပါးသားမယားကို စိတ်နဲ့တောင်မှ မပြစ်မှားခဲ့ပါဘူး လို့
နှစ်ယောက်စလုံးလျှောက်ထားကြပါတယ်။ ဒါကို အကြောင်းပြုပြီး ဘုရားရှင်က
မိန့်တော်မူပါတယ်။
လောကမှာ ဇနီးမောင်နှံများ အိမ်ထောင်ပြိုကွဲမှုမရှိဘဲ ချမ်းသာပျော်ရွှင်စွာနေကြရပြီး နောင်တမလွန်ဘ၀မှာလဲ နတ်ရွာသုဂတိမှာ ဖြစ်ချင်
ကြတယ်ဆိုရင် အိမ်ထောင်ပြု လက်တွဲကြမဲ့ သူများ သိထားသင့်တဲ့ အကြောင်းအရာ
(၄)မျိုး ရှိပါတယ်။ အဲဒါက..
(၁) သမသဒ္ဓါ = ယုံကြည်မှုခြင်း တူကြရပါမယ်။ ဓမ္မရှုထောင့်ကနေကြည့်ရင် ရတနာသုံးပါးယုံကြည်မှုခြင်း တူမျှရပါမယ်။ (ဘာသာတူရင်
ပိုပြီးကောင်းတယ်)။
လောကရှုထောင့်ကနေ ကြည့်ရင် တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုအပြည့်ရှိရမယ်။ ယုံကြည်မှုရှိအောင်လဲ နှစ်ဦးစလုံးက နေတတ်ရပါမယ်။
(၂) သမသီလာ = နှစ်ဦးစလုံးကိုယ်ကျင့်တရား ကောင်းမွန်ရပါမယ်။
(၃) သမစာဂါ = စွန့်ကြဲပေးကမ်းလှူဒါန်းတဲ့အခါ နှစ်ဦးသဘောတူ တိုင်ပင်ပီး
စွန့်ကြဲလှူဒါန်းရပါမယ်။ မိဘများအား ပေးကမ်းတဲ့အခါမှာလဲ တိုင်ပင်
အသိပေးပြီး ပေးကမ်းရပါမယ်။
(၄) သမပညာ = နှစ်ဦးစလုံးတွေးခေါ်မြော်မြင်မှုနဲ့ ပြည်စုံရပါမယ်။
ဒီတရား(၄)မျိုးနဲ့ ပြည့်စုံအောင် ကျင့်သုံးကြတဲ့ ဇနီးမောင်နှံများဟာ ယခုဘ၀မှာ ပျော်ရွှင်စွာ
ပေါင်းဖေါ်ကြရပြီး၊ နောင်ဘ၀မှာလဲ နတ်ရွသုဂတိသို့ ရောက်ရတယ်ဆိုတဲ့အကြောင်းကို
ဘုရားရှင်ဟောကြားတော်မူပါတယ်။
အချူပ်ဆိုရရင် ဗုဒ္ဓ၀ါဒက ဘာသာခြားနဲ့ မပေါင်းရဘူးလို့ မပြောထားပေမဲ့ လက်ထပ်ယူတဲ့အခါ
အကြောင်းအရာလေးမျိုးနဲ့ပြည့်စုံရင် ပိုကောင်းပါတယ် လို့
မိန့်တော်မူထားခြင်းဖြစ်ပါတယ်။

ကိုးန၀င်းနဲ့ ၀ိပဿနာ ဘာကွာလဲ
အမေး။ ။အရှင်ဘုရား….အခု ကိုးန၀င်းအဓိဌာန် ၀င်တာ နှစ်ခေါက် မြှောက် ပီ
ဘုရား။ဒီလိုအဓိဋ္ဌာန်ဝင်တာဟာ ကိုယ်ကျိုးမျှော်ပြီး လုပ်တာဖြစ်တဲ့ အတွက်
နားသင့်တယ်လို့ ၀ိပဿနာပဲအားထုတ်ပါ လို့ ဓမ္မမိတ်ဆွေတစ်ဦးက အကြံပေးလာပါတယ်။
တပည့်တော် သိချင် တာက အဓိဋ္ဌာန်ဝင်တာနဲ့ ၀ိပဿနာအားထုတ်တာတို့ ကွာခြားပုံကို
သိလိုပါတယ်ဘုရား။
မမြသွေး
အင်းလေး
အဖြေ။ ။’အဓိဋ္ဌာန်’ ဆိုတဲ့စကားဟာ ဗုဒ္ဓဘာသာဝင်များအဖို့ ရင်းနှီးတဲ့စကားတစ်ခုပါ။
ဘုရားအလောင်းတော်ပါရမီဖြည့်တော်မူခဲ့တဲ့ ပါရမီ(၁၀)ပါး ထဲမှာ အဓိဋ္ဌာနပါရမီ
ဆိုတာရှိပါတယ်။ အဓိဋ္ဌာန်ဆိုတာက အလုပ်တစ်ခုကို လုပ်မယ်လို့
စိတ်နဲ့ဆုံးဖြတ်ပြီး အလုပ်ပြီးဆုံးတဲ့အထိ ပြုလုပ်သွားတာ ကို ခေါ်တာပါ။ အခုလဲ
မမြသွေးရဲ့ ကိုးန၀င်းဖြစ်အောင် ပုတီးစိတ်မယ်လို့ စိတ်က
ဆုံးဖြတ်ထားတဲ့အတိုင်း ရက်ပြီးဆုံးအောင် ပုတီးစိတ်လိုက်တာ အဓိဋ္ဌာန်
လို့တော့ခေါ်ပါတယ်။ ဒါပေမဲ့ ကိုးန၀င်းပုတီးစိပ်တာဟာ အဓိဋ္ဌာန်ပါရမီနဲ့တော့
လုံးဝမဆိုင်ပါဘူး။
ကိုးန၀င်းပုတီးစိတ်တယ်ဆိုတာ ကိုယ့်အကျိုးအတွက် လုပ်တယ်ဆိုတာ မေးခွန်းထဲပါနေတယ်။ လူတစ်ယောက်အတွက် ဘ၀မှာလိုအပ်ချက်များစွာ
ရှိကြပါတယ်။ ဒီလိုအပ်ချက်တွေကို ကိုးန၀င်းပုတီးစိပ်ပြီး ဖြေရှင်းမယ်ဆိုရင်
ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်နေပါ တယ်။ အမှန်က ဘ၀လိုအပ်ချက်တွေ
ပြီးပြည့်စုံဖို့အတွက် ဒါန၊သီလ၊ဘာဝနာတို့ကိုပဲ ပြုလုပ်ရမှာပါ။ ဘ၀မှာ စိတ်က
တောင့်တလိုက်တိုင်းပြီးပြည့် စုံချင်ပါတယ်ဆိုရင် ကိုယ်ကျင့်တရားလို့ခေါ်တဲ့
သီလ တရားကို စောင့်ထိန်းကြရမယ်။ သီလမြဲနေတဲ့ပုဂ္ဂိုလ်ဟာ စိတ်ကတောင့်တတိုင်း
အကုန်ပြည့်စုံတယ်လို့ ဘုရားရှင်ဟောတော်မူထားတာရှိပါတယ်။
ဒါကြောင့်သီလအခြေခံပြီး ကျန်တဲ့ ဒါနကုသိုလ်ဘာဝနာကုသိုလ်များကို ပြုလုပ်
အားထုတ်ဖို့ပဲလိုတာပါ။
ကိုးန၀င်းပုတီးစိပ်တာနဲ့ ၀ိပဿနာပွားတာ ဘာကွာသလဲဆိုရင် ကိုးန၀င်းပုတီးစိပ်တာဟာ လောကီမျှော်လင့်ချက်တွေနဲ့
ပြည့်နှက်နေ ပါတယ်။ ၀ိပဿနာပွားတာက
လောကီအကျီုးမျှော်လင့်ချက်လုံးဝမပါရှိတဲ့ပြင်
ကိလေသာမရှိ(ကိလေသာများဆိတ်သုဉ်း)တဲ့ဆီသို့ ဦးတည်ပြီး အားထုတ်တာပါ။
ဒီနှစ်ခုယှဉ်လိုက်ရင် အရှေ့နဲ့အနောက် တောင်နဲ့မြောက်ဆိုသလို မဆုံနိုင်တဲ့
ဆန့်ကျင်ဘက် ဆုံမှတ်များဖြစ်တယ်လို့ပြောပါရစေ။
ဘာသာခြားများ ၀ိပဿနာအားထုတ်ရပါသလား
အမေး။ ။အရှင်ဘုရား…ဘာသာခြားတစ်ဦးက တပည့်တော်ကိုမေးလာပါတယ်။ သူဟာ ၀ိပဿနာကို စိတ်ပါလက်ပါ အားထုတ် ချင်ပါတယ်။
ဝိပဿနာတရားအား ထုတ်လို့ရပါသလားဘုရား။ ရတနာသုံးပါးကို မကြည်ညိုသေးတဲ့အတွက်
တရားအားထုတ်တဲ့နေရာမှာ အနှောက်အယှက် များဖြစ်နိုင်ပါသလားဘုရား။
ဒီလိုမေးရတာကလဲ သရဏဂုဏ်မတည်ပဲ တရားမရနိုင်ဘူးဆိုလို့ သိထားလို့ပါဘုရား။
မေတ္တာရှေ့ထား ဖြေကြားပေးပါဘုရား။
ပြည့်စုံအောင်
ရုရှား
အဖြေ။ ။ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ဟာ ဗုဒ္ဓဘာသာဝင်များမှ ကျင့်သုံးရမယ်၊
အခြားဘာသာဝင်များနဲ့ဘာသာမဲ့များ မကျင့်သုံးရဘူး ဆိုတဲ့ ကန့်သန့်ချက်
မရှိပါဘူး။ လူမျိုးမရွေး ဘာသာမရွေး ကျင့်သုံးနိုင်ပါတယ်။
အားလုံးနဲ့သင့်ဆိုင်တဲ့(universal)တရားတော်ဖြစ်ပါတယ်။ ဒါကြောင့်
ဝိပဿနာတရားကို ဗုဒ္ဓဘာသာဝင်များအပြင် အခြားဘာသာဝင်များအားလုံး
လွပ်လပ်စွာကျင့်သုံးနိုင်ခွင့်ရှိတယ်၊ ကျင့်သုံးလို့ရပါတယ်။
ရတနာသုံးပါးကိုးကွယ်မှုမရှိသေးသော်လဲ တရားအားထုတ်တဲ့နေရာမှာ
ဘာအနှောက်အယှက်မှမရှိနိုင်ပါ။ လွပ်လပ်စွာ စိတ်ချလက်ချ အားထုတ် နိုင်ပါတယ်။
တစ်ခုတော့ရှိတယ်။ တချို့ဘာသာခြားများက အခုလိုပဲ
တရားအားထုတ်ချင်ပါတယ်ဆိုပြီး အားထုတ်တယ်၊နောက်ပိုင်း တရားရိပ်သာ
ကပြန်ထွက်လာပြီး ပြည်ပနိုင်ငံတစ်ခုမှာ သူဟာ စတုတ္ထဈာန်ရတယ်ဆိုပြီး လူတွေကို
အခကြေးငွေယူကာ တရားပြနေတယ်လို့ ကြားရတယ်။ သတိထားစရာတစ်ခုပါ။
ဘုရားရှင်လက်ထက်တော်က ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ပဉ္စ၀ဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦးကို
ဟောတော်မူခဲ့တယ်။ ပဉ္စ၀ဂ္ဂီငါးဦးဟာ တရားကို စတင်နာယူတဲ့အချိန်မှာ
ရတနာသုံးပါးကို ယုံကြည်မှုမရှိသေးဘူး(သရဏဂုံမတည်သေးဘူး)လို့ ဆိုရပါမယ်။
ဓမ္မစကြာ တရားနာယူပြီး၊ တရားထူးသိမြင်တဲ့အခါမှသာ ဘုရားရှင်နဲ့တကွ
တရားတော်ကိုပါ ယုံကြည်မှုရှိသွားတာပါ။
ယနေ့ခေတ်မှာလဲ အခြားဘာသာဝင်အချို့ဟာ သရဂုံတည်တာပဲဖြစ်စေ၊မတည်တာပဲဖြစ်စေ၊ ၀ိပဿနာတရားကို
လွပ်လပ်စွာ နည်းခံကျင့်သုံး နေကြတယ်ဆိုတာ သတိပြုမိကြမှာပါ။
ဥပမာ…….လူတစ်ယောက်ဟာ ဟင်းချက်ကောင်းတာကို လူတွေက မယုံကြည်ပါဘူး။ ဒါပေမဲ့ ဒီလူချက်တဲ့ဟင်းကို
စားသုံးလိုက်ကြရတဲ့ အခါ အရသာအထူးကောင်းမွန်နေတာကို ခံစားကြရပါတယ်။
အဲဒီအခါမှာ “ဒီဟင်းဟာ အရသာကောင်းလှတယ်။ ဒီဟင်းကိုချက်တဲ့သူဟာလဲ
ဟင်းချက်ကောင်းတဲ့လူတစ်ယောက်ပဲဖြစ်တယ်” ဆိုတာကို စားသုံးသူများက
တထစ်ချလက်ခံပေးနိုင် လာ ကြပါတယ်။ ဒီလိုပါပဲ….ဘုရားရှင်က ဓမ္မံ အပဿန္တော မံ
နပဿတိ၊ ဓမ္မံ ပဿန္တော မံ ပဿတိ၊ လို့ဟောတော်မူထားပါတယ်။ အဓိပ္ပါယ်က
တရားမမြင်ရင် ဘုရားမမြင်ဘူး၊ တရားမြင်မှ ဘုရားမြင်မယ် လို့
ဟောတော်မူထားပါတယ်။ ဒါကြောင့် ပထမမှာ တရားမြင်သိဖို့ အရေးကြီးပါတယ်၊
တရားသိရင် ဘုရားစစ်ဘုရားမှန်ကို ဘယ်သူမှတိုက်တွန်းစရာမလို
အလိုအလျောက်လက်ခံလာမှာပါ။
အချုပ်ပြောရရင် ဘုရားရှင်ရဲ့တရားတော်ဟာ လူမျိုးမရွေးဘာသမရွေးကျင့်လို့ရတဲ့ (universal)တရားတော်ဖြစ်တယ်ဆိုတာပါပဲ။
မလွန်ဆန်နိုင်လို့လုပ်ရတာ အပြစ်ဖြစ်ပါသလား
အမေး။ ။အရှင်ဘုရား…ဗုဒ္ဓဘာသာဝင်တစ်ယောက်က အခြေအနေတစ်ခုကို မလွန်ဆန်နိုင်လို့ တစ်ခြားဘာသာဝင်အဖြစ် လက်ခံလိုက်ရပါတယ်
ဘုရား။ သူဟာတစ်ခြားဘာသာကို ယုံကြည်မှုမရှိပေမဲ့ သူတို့ရဲ့ထုံးတမ်းစဉ်လာကို
တစ်သက်လုံးလုပ်ခဲ့ရပါတယ်။ ထိုအလုပ်အတွက် အပြစ်ဖြစ် နိုင်ပါသလားဘုရား။
ဒီလိုလုပ်လိုက်လို့ သရဏဂုဏ်ပျက်သွားနိုင်ပါသလား၊ တကယ်လို့
ပျက်သွားတယ်ဆိုရင် အပြစ်ဖြစ်နိုင်ပါသလား။
ပြည့်စုံအောင်
ရုရှား
အဖြေ။ ။ဗုဒ္ဓဘာသာဝင်တစ်ဦးဟာ စိတ်မပါဘဲ မတတ်သာလို့ အခြားဘာသာဝင်အဖြစ်ကို
လက်ခံတယ်ဆိုတော့ အဖြေကပါပြီးသားပါ။ စိတ်မပါဘူးဆိုရင် ဘယ်လောက်ပဲ အပြင်ဘက်က
အခြားဘာသာဝင်ဖြစ်နေပါစေ၊ သူဟာ စိတ်ထဲမှာ ရတနာသုံးပါး ယုံကြည်မှုရှိနေ
သေးတဲ့အတွက် သရဏဂုဏ်မပျက်နိုင်ပါဘူး။
အခြားဘာသာဝင်ရဲ့ ထုံးတမ်းစဉ်လာကို လုပ်နေရတယ်ဆိုတာက ဘယ်လိုအလုပ်ပါလဲ…..?
တကယ်လို့ အကုသိုလ်ဖြစ်စေတဲ့အလုပ်ဆိုရင်တော့ မကောင်းဘူး။ အပြစ်ဖြစ်တာပေါ့။
ကုသိုလ်ဖြစ်စေတဲ့အလုပ်မျိုးဆိုရင်တော့ အပြစ်မဖြစ်နိုင်ပါဘူး။
သရဏဂုဏ်ပျက်တယ်ဆိုတာ ရတနာသုံးပါးမှတစ်ပါး အခြားဘာသာဝင်အဖြစ်ကို ယုံကြည်စွာ
ခံယူလိုက်တဲ့အချိန်ကစလို့ သရဏဂုဏ်ပျက် တယ်လို့ ခေါ်ရပါတယ်။
သရဏဂုဏ်ညိုးနွမ်းတယ်ဆိုတာ ရှိပါသေးတယ်။ ရတနာသုံးပါးမှတစ်ပါး ဘိုးဘိုးကြီး ဘိုးဘိုးမင်းခေါင်၊
ဘိုးဘိုးအောင် မနဲလေး၊ (၃၇)မင်းနတ်များစတာတွေကို အားကိုးအားထားရာ
ပြုနေကြတဲ့ ဗုဒ္ဓဘာသာဝင်များအချို့ဟာ သရဏဂုဏ် ညိုးနွမ်းတယ်လို့ ခေါ်ပါတယ်။
ဗုဒ္ဓဘာသာအမည်ခံ ဗုဒ္ဓဖာသိဖာသာတွေလို့ ပြောလဲရပါတယ်။
လူတစ်ယောက်ကိုကုသိုလ်ဖြစ်စေနိုင်အောင် အများဆုံး စွမ်းဆောင်ထောက်ပံ့ပေးနိုင်တာက ရတနာသုံးပါးဖြစ်ပါတယ်။ ဒါ့ပြင်
ရတနာသုံးပါးဟာ လူနတ်နိဗ္ဗာန်သုံးတန်ချမ်းသာကို ရောက်နိုင်၊ရနိုင်တဲ့
အထောက်အပံ့ကောင်းတွေပါ။ ဘိုးဘိုးကြီး စတာတွေကို အမှီပြုရတယ် ဆိုတာက
မိမိရဲ့တစ်ဘ၀တာလိုအပ်ချက်များကို ဦးစားပေးထားတဲ့အတွက် လောဘဦးစီးနေပါတယ်။
ဒီအတွက် ဘယ်နည်းနဲ့မှ ကုသိုလ်မရနိုင်ပါဘူး။ ဒါ့အပြင်သရဏဂုဏ်လဲ
ညိုးနွမ်းပါတယ်။
သရဏဂုဏ်ပျက်လောက်အောင် အခြားဘာသာဝင်အဖြစ်ခံယူတယ်ဆိုတာ ဗုဒ္ဓအယူဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် သွားတယ်လို့ ဆိုရပါမယ်။
ဗုဒ္ဓ၀ါဒက သူ့အသက်သတ်တာရှောင်ကြဉ်တယ်ဆိုရင် သူတို့က သူတစ်ပါးအသက်သတ်ရတယ်၊
သတ်ပြီး ယဇ်တောင်ပူဇော်ရပါတယ်။ ဒါဟာ မကောင်းတဲ့အကုသိုလ်ပါ ဒါကြောင့်
သရဏဂုဏ်ပျက်သွားတဲ့ပုဂ္ဂိုလ်မှာ အပြစ်ဖြစ်ဖို့ပဲများပါတယ်။ ဒီအတွက်
မကောင်းကျိုးလဲပေးနိုင် ပါတယ်။
ဘုရားများပွင့်တော်မူရာကာလအပိုင်းအခြား
အမေး။ ။အရှင်ဘုရား……ဘုရားရှင်ငါးဆူဟာ ဘဒ္ဒကမ္ဘာမှာပွင့်တော်မူတယ်လို့
သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက နှစ်ကျိတ်ရှစ်ဆူ သောဘုရားရှင်များ
ပွင့်တော်မူတဲ့ ကာလအပိုင်းအခြားနဲ့ (၅၁၂၀၂၈)ဆူသောဘုရားရှင်များဟာ ဘယ်ကာလ
အပိုင်း အခြားမှာ ပွင့်တော်မူ ခဲ့ပါသလဲ ဘုရား။ နောက်တစ်ခုက
ဓါရဏပရိတ်တော်မှာ ခုနှစ်ဆယ်ခုနှစ်ကုဋေသော ဘုရားများ၊ ကိုးဆယ့်
ကိုးကုဋေသောဘုရားများဆိုပြီး ဘုရားရှင်က ဘာကြောင့် ခွဲခြား
ဟောထားတော်မူခဲ့ပါသလဲဘုရား။
ကိုဝင်းဇော်ဦး
တောင်ငူမြို့
အဖြေ။ ။နှစ်ကျိတ်ရှစ်ဆူသော မြတ်စွာဘုရားများဟာ ဂေါတမမြတ်စွာဘုရားအလောင်းတော်
နိယတဗျာဒိတ်ရတော်မူတဲ့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အတွင်းမှာ
ပွင့်တော်မူခဲ့ကြပါတယ်။
(၅၁၂၀၂၈)ဆူသောဘုရားရှင်များရဲ့ပွင့်ရာကာလအပိုင်းခြားနဲ့ပတ်သက်ပြီး…
ဖြစ်ခဲ့တဲ့လွန်ခဲ့တဲ့အတိတ်သံသရာဟာ အချိန်အားဖြင့် အသင်္ချေယျ မရေမတွက်နိုင်တော့ပါဘူး၊ ထိုမရေမတွက်နိုင် တဲ့ကာလ
အပိုင်းအခြားမှာ မရေမတွက်နိုင်တဲ့ ဘုရားရှင်များ
ပွင့်တော်မူပြီးခဲ့ကြပါပြီ။ ဒါကြောင့်လဲ “ဂင်္ဂါဝါဠု သဲစုမက” ဆိုတဲ့အတိုင်း
ပွင့်တော်မူ ခဲ့ပြီးတဲ့ဘုရားရှင်များဟာလဲ ဂင်္ဂါမြစ်ထဲက သဲပွင့်နဲ့အမျှ
မရေမတွက်နိုင်တော့ပါဘူး။ ဒါကြောင့် မရေမတွက်နိုင်တဲ့ ဘုရားရှင် များဟာ
မရေမတွက်နိုင်တဲ့ကာလအပိုင်းအခြားမှာ ပွင့်တော်မူခဲ့ကြပြီးဖြစ်ပါတယ်။
နောက်တစ်ခုက ဓါရဏပရိတ်တော်ဟာ ဘုရားရှင်ဟောတော်မူခဲ့တဲ့ ပရိတ်တော်ထဲ မပါပါဘူး။ ဒါပေမဲ့
ရှေးဆရာတော်များက ဘုရားရှင်ရဲ့ဂုဏ်တော်များကို ထည့်သွင်းပြီး
ပရိတ်တော်အဖြင့် ပြုလုပ်ပေးထားပါတယ်။ ဓါရဏဆိုတာ ပါဠိစကားလုံးပါ၊
“ဆောင်ခြင်း”လို့အဓိပ္ပါယ် ရပါတယ်။ ဆောင်ထားသင့်တဲ့ဂုဏ်တော်များကို
ဆောင်းထားတဲ့အခါ အကျိုးအကျေးဇူး အလွန်ကြီးပြီး အန္တရာယ်များကို
ကာကွယ်တားဆီးလို့ “ဓါရဏပရိတ်” လို့ နာမည်တတ်ပြီး ရှေးဆရာတော်ကြီးများက
စီစဉ်ထားတာဖြစ်ပါတယ်။
ဓါရဏပရိတ်တော်အစ……….ဘုရားမှာ ဘယ်သူမှ အန္တရာယ်မပြုနိုင်တဲ့ ဂုဏ် လေးခိုင်ကိုထည့်ထားပါတယ်။ အလယ်မှာကျတော့
ဘုရားရှင်များမှာသာရှိတဲ့ အာဝေဏိကဂုဏ်တော်(၁၈)ပါးထည့်ထားပါတယ်။
အဆုံးမှာတော့ ဘုရား(၇)ဆူတို့ကို ရှိခိုးဆုတောင်းကာ သစ္စာ အဓိဋ္ဌာန်ပြုပြီး
အဆုံးသတ်ထားတာကို တွေ့ရပါတယ်။ မေးခွန်းရှင်မေးတဲ့ ဘုရားအဆူများစွာဟာ
ရှေးဆရာတော်ကြီးများ နှစ်သက်သလို ထည့်တော်မူကြတာ ဖြစ်ပါလိမ့်မယ်ဆိုတာ
ဖြေကြားပေးလိုက်ပါတယ်။
စော်ကားမှုအပေါ် ဘယ်လိုမြင်ပါသလဲ
အမေး။ ။အရှင်ဘုရား MessengerforBuddhist ဆိုက်နဲ့ပတ်သက်ပြီး
ဗုဒ္ဓဘာသာကိုရစရာမရှိအောင်ပြောထားတာ စိတ်မကောင်း စရာ ပါဘုရား၊ ဒီအတွက်
အရှင်ဘုရားအနေနဲ့ ဘယ်လိုမြင်ပါသလဲဘုရား။
Dr.ဦးတင့်
မန်းစဖီးလ်၊အင်္ဂလန်
အဖြေ။ ။ ဒီဝက်ဘ်ဆိုက်ကတော့ ယခုတလော ပေါ်ပြူလာဖြစ်နေတဲ့ ၀က်ဘ်ဆိုက်ပါပဲ၊
မကောင်းတဲ့ဖက်က ပေါ်ပြူလာဖြစ်တာ ကိုဆိုလိုတာပါ။
အမြင်ပြောရရင်…၀က်ဘ်ဆိုက်ပိုင်ရှင်ဟာ ဗုဒ္ဓအကြောင်းတွေကို
အပြစ်ပြောဖို့အတွက် ဗုဒ္ဓဘာသာအကြောင်းကို အတော်လေ့လာထားပုံရပါတယ်။ သူ
ဒီလိုပြောတာဟာ အကြောင်းမဲ့မဟုတ်ဘူးလို့ထင်ပါတယ်။
နာကျည်းချက်တစ်ခုခုများရှိနေမလား လို့ တွေးမိပါတယ်။ မကြာခင်ကမှ စာရေးသူ ထံ
ဝင်လာတဲ့မေးလ်တစ်စောင်မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။
(http://myanmartruthers.blogspot.com/
http://anti786.blogspot.com/
http://islamsucks.wordpress.com/feed/
http://www.badbuddhistblog.com/
အထက်ပါ ဘလော့ဂ် ၄ခုကို ဖျက်ပေးပါက .. http://messengerforbuddhist.blogspot.com/
ဒီဘလော့ဂ်ကို ဖျက်ပေးပါမည်လို့ ဘလော့ဂ်ပိုင်ရှင်က ပြောပါတယ်။
ဆရာတော်ကြီးများကို ကြည်ညိုလေးစားသောအားဖြင့် ကိုယ်တတ်နိုင်သည့်ဘက်မှ
ယဉ်ကျေးစွာဖြင့် ၀င်ရောက် ကူညီပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်။) …….
ဒီ အီးမေးလ်အရ မှန်တယ်ဆိုရင်တော့…
ဘာဖြစ်လို့ သူဟာ ဗုဒ္ဓဘာသာအပေါ် အပြစ်ပြောရတာလဲ၊ သူ့ရဲ့နာကျည်းချက်၊ မကျေနပ်ချက်ကြောင့် ဖြစ်တယ်ဆိုတာ
ထင်ရှား နေပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ဘာသာကို အပြစ်ပြောလာရင် ပြောလာသူကို
ဘယ်သူမှ မကြိုက်ကြပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ စော်ကားမှု
သက်သက်ဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ…
ကမ္ဘာမှာ ထင်ရှားတဲ့ ဘာသာကြီးလေးဘာသာရှိပါတယ်။ သူ့ယုံကြည်ချက်နဲ့သူချည်းပါပဲ။ တစ်ဖက်နဲ့တစ်ဖက်
အပြန်အလှန်အပြစ်ပြော နေမယ်ဆိုရင် ‘ဂျာအေး သူ့အမေရိုက်’ ဆိုတဲ့သီချင်းလို
ဘယ်တော့မှ မဆုံးနိုင်ပါဘူး။ ကိုယ့်ဘာသာမို့ အမှန်မပြောလိုပါဘူး။ ဘုရားရှင်
ကလဲ သူ့ရဲ့တရားတော်များကို ဘယ်သူမဆို လွတ် လပ်စွာတွေးခေါ်ခွင့် ဝေဖန်ခွင့်
ပေးထားတာကို ကာလာမသုတ်တော်မှာ အထင် အရှား တွေ့မြင်နိုင် ပါတယ်။
အချုပ်ပြောရရင် ဒီစော်ကားမှုအတွက် ဘယ်လိုတုံပြန်မလဲလို့ မေးလာရင်တော့ ခန္တီ ပရမံတပေါ
တိတိက္ခာ သည်းခံခြင်းဟာ အမြတ်ဆုံးအကျင့်လို့ ဆိုတဲ့အတိုင်း
သည်းခံရုံမှတစ်ပါး အခြားလမ်းမရှိတော့………..
အယူဝါဒများစွာတို့ရဲ့ ဘာသာဝင်တိုင်း ကျန်းမာပျော်ရွှင်ကြပါစေ
ဗုဒ္ဓဘာသာကိုမယုံကြည်ဘဲ သုဂတိဘုံရောက်နိုင်ပါသလား
အမေး။ ။ ခရစ်ယာန်မှာတော့ သခင်ယေရှုကို မယုံရင် ငရဲကို အားလုံး ဒိုးပဲ ဘုရား။ ဘယ်လောက်ပဲ လှူ လှူ။ ကျင့်ကျင့်
ကောင်းကင်ဘုံကို မရောက်နိုင်ဘူး လို့ ကျမ်းစာက အတိအလင်း
ဆိုထားပါတယ်ဘုရား။တပည့်တော်သိချင်တာက ဗုဒ္ဓဘာသာကို မကိုးကွယ်ဘဲ
ရတနာသုံးပါးကို မယုံကြည်ဘဲ ကောင်းရာမွန်ရာ (သုဂတိဘုံတွေ) ကို
ရောက်နိုင်သလား။
ဆလိုင်း ဟန်သာစန်း
နယူးဒေလီ
အဖြေ။ ။လူတစ်ယောက်ဟာ အကြောင်းအားလျော်စွာ ဗုဒ္ဓဘာသာမဖြစ်သေးပေမဲ့
သူ့အဖို့ကောင်းတာလေးတွေလုပ်နေမယ်၊ ကောင်းတာလေး တွေ ပြောနေမယ်၊
ကောင်းတာလေးတွေ တွေးနေမယ်ဆိုရင် စိတ်ထဲဖြူစင်နေပါတယ်။
စိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ်ဟာ သေတဲ့အခါ သုဂတိဘုံ ရောက်နိုင်ပါတယ်။
ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလက ဘ၀အမျိုးမျိုးကျင်လည်ခဲ့ရတယ်။
ဒီလိုဘ၀များစွာကျလည်ရတဲ့အခါမှာ ဗုဒ္ဓဘာသာ ၀င်ရယ်လို့ အတိအလင်းမပါရှိပါဘူး။
ဒါပေမဲ့ ကုသိုလ်ပါရမီတွေကို ဖြည့်ကျင့်ခဲ့အတွက် သုဂတိဘုံသို့ ရောက်တဲ့အခါလဲ
ရှိခဲ့ပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာမဟုတ်သော်လဲ ကောင်းတာလုပ်ရင်
သုဂတိဘုံရောက်တဲ့သဘောပါ။
ယနေ့ခေတ်မှာလဲ စူနာမီဘေးဒါဏ်ခံခဲ့ရတဲ့ ဒုက္ခသည်များကို စိတ်ရောကိုယ်ပါ အကူအညီပေးနေကြပါတယ်။ မကြာသေးခင်က
ဟေတီနိုင်ငံမှာ လှုပ်သွားတဲ့ငလျင်ကြောင့် လူပေါင်းများစွာသေကြေပျက်စီးပြီး၊
အချို့မှာ အိုးမဲ့အိမ်မဲ့ တကောင်ကြွက်ဘ၀၊ အတိဒုက္ခရောက်ခဲ့ရတယ်။ ဒါကို
အခြားဘာသာဝင်များက လူသားချင်းစာနာကာ ဒေါ်လာသန်းချီပြီး
ချက်ခြင်းပေးလှူတဲ့အပြင် ကယ်ဆယ်ရေးတွေကိုလဲ ပြုလုပ်ခဲ့ကြတာဟာ
ကောင်းတဲ့အလုပ်ပါ။ ရတနာသုံးပါယုံကြည်မှုမရှိသော်လဲ လူသားတွေကို ကရုဏာ သနား
စာနာတဲ့ တရားတွေက သူတို့နှလုံးသားမှာ တည်နေကြပါတယ်။
ကောင်းတဲ့စိတ်ထားလေးတွေပါ။ ဓမ္မလမ်းကြောင်းက ပြောရင် တော့ ကုသိုလ်စိတ်ပေါ့။
ဒါဟာ သုဂတိကို ရောက်နိုင်တဲ့လမ်းစတွေပါပဲ။
ဒါကြောင့် ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး၊
(၁)မကောင်းတာမလုပ်နဲ့။(၂)ကောင်းတာကိုပြည့်စုံအောင်လုပ်ကြ။(၃)
စိတ်ကိုဖြူစင်အောင် ထား ကြ) ဒီအဆုံးအမအတိုင်း ဘာသာမရွေး လူမျိုးမရွေး
ကျင့်သုံးရင် ကောင်းတဲ့(သုဂတိ)ဘုံကို ရောက်နိုင်တယ်ဆိုတာပါပဲ။
နာမ် နှစ်ခု ရဲ့အဓိပ္ပါယ်မရှင်းပါ
အမေး။ ။အရှင်ဘုရား…မြန်မာစာအသုံးအနှုန်းမှာ နာမ်ဆိုတာ သက်ရှိ၊ သက်မဲ့၊ ဒြပ်ရှိ၊ ဒြပ်မဲ့၊ အမည်ဟူသမျှကို ‘နာမ်’
လို့ခေါ်ပါတယ်လို့ သင်ရပါ တယ်ဘုရား။ ဒီဘက် ဘာသာရေးမှာကျတော့ နာမ်ဆိုတာ
စိတ်+စေတသိက် လို့ ခေါ်တာလားဘုရား။ အဓိပ္ပါယ် နှစ်မျိုးကို
ဝေါဟာရတစ်မျိုးတည်း သတ်မှတ်ထားတာဟာ မသိတဲ့သူတွေအတွက် နားမရှင်းစရာ
ဖြစ်ရပါတယ်။ ဒီအတွက် အဖြေပေးတော်မူပါဘုရား။
အောင်မော်ဟိန်း
ရန်ကုန်
အဖြေ။ ။ ပါဠိတစ်ချက် အနက်ဆယ်ထွေ ဆိုတဲ့အတိုင်း အချို့ပါဠိဝေါဟာရတွေဟာ
အဓိပ္ပါယ်ဆယ်ခုထွက်တယ်ဆိုတာရှိပါတယ်။ အဓိပ္ပါယ်များတဲ့ ပါဠိဝေါဟာရတစ်ခုကို
သုံးတဲ့နေရာမှာ သူ့နေရာနဲ့သူ သုံးတတ်ဖို့၊ ဖတ်တဲ့သူကလဲ ဒီဝေါဟာရက ဘာကို
ဆိုလို တာလဲဆိုတာ သူ့ရဲ့ စာကြောင်းကိုကြည့်ပြီးသိဖို့လိုပါတယ်။ တစ်ခါတစ်ရံ
ဒဿနဆန်ဆန်တွေးတယ်ဆိုတဲ့နေရာမှာ လိုတာထက်ပို တွေးရင်လဲ အဖြေရှာမရဖြစ်တတ်ပါ
တယ်။ ဆိုကြပါစို့…. ဘုရားရှင်သည် သစ္စတရားကို ဟောတော်မူသည် ။ မောင်သစ္စာသည်
အိမ်စာလုပ်နေသည်။ ဒီဝါကျနှစ်ခုကို ကြည့်ပါ ပထမ၀ါကျမှ သစ္စာ က သစ္စာလေးပါးကို
ပြောတာပါ။ ဒုတိယသစ္စက မောင်သစ္စာဆိုတဲ့ လူရဲ့နာမည်ကို ပြောတာပါ။
မေးခွန်းရှင်ပြောတဲ့အတိုင်းဆိုရင် မောင်သစ္စာ မှာပါတဲ့ သစ္စာဟာ သစ္စာတရားကိုပြောတာလားလို့ ဘယ်သူမှ
တွေးမှာလဲမဟုတ်ပါဘူး။ ဒီလိုပါပဲ…သစ္စာလေးပါးမှာပါတဲ့ သစ္စာဟာ
မောင်သစ္စာလားလို့ ဘယ်သူမှ မထင်ပါဘူး။ အခုလဲ စာပေနယ်က နာမ်ကိုဟောတာနဲ့ ဓမ္မ
ဘက်က ဟောတဲ့ နာမ်တရားဟာ မတူပါဘူး။ စာပေက အမည်နာမကို နာမ် ။ ဓမ္မက
အာရုံကိုသိတတ်တာကို နာမ် မတူပါဘူး။ သူ့နေရာနဲ့သူ အဓိပ္ပါယ်ယူ တတ်ဖို့
အရေးကြီးပါတယ်။ ရှင်းတာကို ရှုပ်အောင်မလုပ်မိဖို့ အရေးကြီးပါတယ်။
နောင်ပွင့်မဲ့ဘုရားကျမှ ကျွတ်တမ်းဝင်မယ်
အမေး။ ။အရှင်ဘုရား…..ယခုခေတ်လူငယ်နဲ့လူအတော်များများဟာ အရိမေတ္တေယျဘုရားရှင်လက်ထက်မှာ လူဖြစ်ခွင့်ရအောင်လုပ်ပြီး၊
ကျွတ်တမ်းဝင်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်တွေထားကြပါတယ်။ အဲဒါ
သင့်-မသင့်ဆိုတာသိချင်ပါတယ်ဘုရား။
ခင်ဖုန်းမြင့်
ကွန်ပျုတာတက္ကသိုလ်
အဖြေ။ ။နောင်ပွင့်မဲ့ဘုရားရှင်လက်ထက်မှာ လူဖြစ်ခွင့်ရဖို့ဆိုတာ ဘယ်သူမှ
အာမမခံနိုင်ပါဘူး။ သေချာတဲ့အလုပ်မဟုတ်ဘူး။ ဘာ့ကြောင့်ဆိုရင် ဘုရားရှင်က
“မနုဿတ္တဘာဝေါ ဒုလ္လဘော” လူ့အဖြစ်ရဖို့အတ်ာခဲယဉ်းတယ်။ ဘယ်လောက်ခဲယဉ်းလဲဆိုရင်
ဗြဟ္မာ့ ပြည်က အပ်တစ်စင်းကျလာတဲ့အခါ လူ့ပြည်က အပ်တစ်စင်းက ထောင်ထားမယ်။
ဒီအခါမှာ အပ်သွားချင်းသာ ထိသွားနိုင်တယ်။ လူဘ၀ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။
ဒါကြောင့် အရိမေတ္တေယျဘုရားရှင်လက်ထက်မှာ လူဖြစ်ဖို့ထက် ယခုဘ၀မှာ သေချာပေါက်
လူဖြစ်နေကြရတယ်ဆို တာကိုတော့ ကိုယ့်ကိုယ်ကို သတိထားစေချင်တယ်။
ဒီလိုလူ့ဘ၀ရနေတဲ့အပြင် ကြုံခဲလှတဲ့ ဘုရားရှင်သာသနာနဲ့လဲ ကြုံနေရပါပြီ။
နာရခဲတဲ့တရားတော်များ ကိုလဲ နာနေရပြီလေ။ ဒီလိုအဆင်ပြေနိုင်မဲ့ဘဝ
ဘယ်ဘ၀များရှိခဲ့လို့လဲ၊ ဘ၀ါဘ၀များစွာက ဘုရားအဆူဆူနဲ့လွဲခဲ့ပြီ။
ယခုလက်ရှိဘ၀မှာ ဘုရားရှင်သာသနာရှိနေတဲ့အတွက် အပျင်းမထူဘဲ တရားအားထုတ်ရင် မဂ်ဖိုလ်နိဗ္ဗာန်
ရောက်နိုင်ပါတယ်။ ဒီလိုအခွင့်ကောင်းကို လက်လွတ်အဆုံးအရှုံးခံပြီး
မသေချာမရေရာတဲ့ နောင်လာမဲ့အနာဂတ်ကို မမျှော်လင့်ပါနဲ့။ မေးပါအုံးမယ်။
စာရှုသူများ တကယ်လို့ ယခုအခါမှာ ငွေသိန်းပေါင်းများစွာ ရမယ်ဆိုပါစို့
ဒီအခွင့်အရေးကို အခုမယူဘဲ နောက်ဘ၀မှယူမယ်လို့ဆိုရင် လောကမှာ
ဒီလူလောက်မိုက်တဲ့သူ ရှိပါအုံးမလား။ ဒါကြောင့် ရနိုင်တဲ့အခွင့်အရေးကို
လက်လွတ်ဆုံးရှုံးမခံကြပါနဲ့ ၊စိတ်ကူးမလွဲကြပါနဲ့လို့ ပြောလိုက်ပါရစေ။
တုမှေဟိ ကိစ္စမာတပ္ပံ = ချစ်သားတို့ အားထုတ်မှုကိစ္စကို ပွားများအားထုတ်ပါလော့ ၊
အားထုတ်သင့် အားထုတ်ထိုက် နေပါပြီ။ လို့ ဘုရားရှင်
တိုက်တွန်းမိန့်တော်မူခဲ့တဲ့စကားတော်အရ ယခုဘ၀မှာ တရားထူးရအောင်
အားထုတ်ကြပါတော့။
အရိမေတ္တေယျဘုရား ဘယ်အချိန်ပွင့်သလဲ
အမေး။ ။အရိမေတ္တေယျဘုရားရှင်ဟာ ဘယ်အချိန်မှာ ပွင့်မှာလဲဘုရား။ အရိမေတ္တေယျဘုရားရှင်
ပွင့်တော်မူပြီးမှ ကမ္ဘာက ပျက်မှာလား၊ မပွင့်သေးခင် ပျက်မှာလား ဆိုတာ
သိချင်ပါတယ်ဘုရား။
မေသက်လှိုင်
လာရှိုး
အဖြေ။ ။ဒါမပြောမီ တစ်ကမ္ဘာရဲ့သက်တမ်းကို ပထမပြောပါ့မယ်။ ဒါပြောမယ်ဆိုရင်
အသင်္ချေယျဆိုတဲ့စကားကို အရင်ပြောရမယ်။ အသေခၤ်ယ် ဆိုတာ မေရမတြက္နုိင္တာကို
ပြောတာပါ။ ဒါမှမဟုတ် တစ်အနောက်က သုညပေါင်း(၁၄၀) ရှိတဲ့ ကိန်းဂဏန်းကို
‘အသင်္ချေယျ’ လို့ခေါ်ပါတယ်။ လူတို့ရဲ့သက်တမ်းဟာ အသင်္ချေယျတမ်းကနေ တဖြေးဖြေးနဲ့
ဆယ်နှစ်သက်တမ်းအထိ ဆုတ်ယုတ်လာပါတယ်။ ဒါကိုပဲ ‘ဆုတ်ကပ်’ လို့ခေါ်ပါတယ်။
ထိုဆယ်နှစ်သက်တမ်းကိုရောက်တဲ့အခါ ကပ်ကြီးသုံးပါးအနက် တစ်ပါးပါးကြောင့်
လူအများသေကြေပျက်စီးကြရပါတယ်။ ကြွင်းကျန်ရစ်တဲ့ အချို့လူများဟာ သံဝေဂရပြီး
ကုသိုလ်တရားများ တိုးပွားအောင် အားထုတ်လာကြရာကနေ တဖြေးဖြေး အသက်တမ်း
ပြန်ရှည်လာပါတယ်။ ဒီလိုတဖြေးဖြေးရှည်လာရာ အသင်္ချေယျတိုင်အထိပါပဲ။ ဒါကို
‘တက်ကပ်’ လို့ခေါ်ပါတယ်။ ဒီလိုအသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တမ်းမှ
အသင်္ချေယျတမ်းတိုင်အောင် တက်ကပ်+ဆုတ်ကဒ်တစ်စုံကို “အန္တရကပ်တစ်ကပ်”
လို့ခေါ်ပါတယ်။
ဒီလို အန္တရကပ်ပေါင်း (၆၄)ကပ်ဟာ ဒီဘဒ္ဒကမ္ဘာရဲ့ သက်တမ်းပါပဲ။
ဒီဘဒ္ဒကမ္ဘာမှာ အန္တရာကပ်(၆၄)ကပ်အနက် အဋ္ဌမ(၈)ကပ်မြောက်မှစပြီး ကကုသန်မြတ်စွာဘုရား
ပွင့်တော်မူပြီး၊ န၀မ(၉)ကပ်မြောက်မှာ ကောဏာဂုံဘုရားပွင့်တော်မူပါတယ်။
ဒသမ(၁၀)ကပ်မြောက်မှာတော့ ကဿပဘုရားရှင်ပွင့်တော်မူပြီး
ဧကာဒသမ(၁၁)ကပ်မြောက်မှာ ဂေါတမဘုရားရှင်ပွင့်တော်မူတဲ့အတွက်
အရိမေတ္တေယျဘုရားရှင်က ဒွါဒသမ(၁၂)ကပ်မြောက်မှာ ပွင့်တော်မူမယ်လို့
မှတ်ယူရပါမယ်။
(အာဒိကပ္ပကျမ်း/ ၁၄၇-၁၄၈)
မှန်နန်းရာဇ၀င်မှာတော့ အန္တရကပ် ပထမကပ်မှာ ကကုသန်ဘုရား၊ ဒုတိယကပ်မှ ကောဏာဂုံဘုရား၊ တတိယကပ်မှာ
ကဿပဘုရား၊ စတုတ္ထကပ်မှာ ဂေါတမဘုရား ပွင့်တော်မူကြတဲ့အတွက် အရိမေတ္တေယျဘုရားက
ပဉ္စမမြောက် အန္တရကပ်မှာ ပွင့်တော်မူပါမယ်လို့ မှတ်ယူရပါမယ်။
(မှန်နန်းရာဇ၀င်/ ပ-တွဲ ၅၄-၇)
ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးနဲ့ အခြားဆရာတော်ကြီးများကလဲ ဂေါတမမြတ်စွာဘုရားဟာ စတုတ္ထအန္တရကပ်မှာ ပွင့်တော်မူ
ကြောင်း မိန့်ဆိုထားတဲ့အတွက် အရိမေတ္တေယျဘုရားဟာ ပဉ္စမအန္တရကပ်မှာ
ပွင့်တော်မူမှာပါ။ ကြွင်းတဲ့ ကမ္ဘာများမှာတော့ ဘုရားပွင့်တဲ့ အန္တရကပ်
များကတော့ ဆိုခဲ့ပြီးတဲ့အတိုင်း တထစ်ချမှတ်ယူလို့ မရပါ။ သင့်လျော်တဲ့
အန္တရကပ်မှာ ပွင့်တော်မူကြမယ်လို့ မှတ်ယူရပါမယ်။
နောက်တစ်ခုက ဒီဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူမဲ့ဘုရားရှင်များက ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ဂေါတမ၊
အရိမေတ္တေယျ ဘုရားများဖြစ် ကြပါတယ်။ ဒီဘုရားငါးဆူပွင့်တော်မူပြီးမှ
ကမ္ဘာပျက်မှာဖြစ်တဲ့အတွက် အရေမေတ္တေယျဘုရားရှင် ပွင့်တော်မူပြီးမှ
ကမ္ဘာပျက်ပါမယ်။
ဘုရားအထက်ကနေရင် ငရဲကျနိုင်ပါသလား
အမေး။ ။အရှင်ဘုရားရဲ့ စာအုပ်ဖတ်ရတဲ့အတွက် တပည့်တော်တို့လူငယ်တွေမှာ
ကိုယ့်ဘာသာရေးထဲေ၀၀ါးနေတဲ့အချက်တွေကို ရှင်းရှင်းလင်း လင်း သိမြင်ရပါတယ်။
တပည့်တော်တစ်ခုမေးလျှောက်ပါရစေဘုရား။
သက်တမ်းရှည်တဲ့ကကုသန်စတဲ့ဘုရားရှင်များဟာ ဓါတ်တော်သီးခြား မကျဘဲ
ရုပ်ကလာပ်တော်ကျန်ရစ်ပြီး အဲဒီရုပ်ကလာပ်တော်များကို စေတီတည်ထားတယ်၊
ကမ္ဘမြေကြီးအတွင်းမှာ ယခုတိုင် တည်ရှိနေပါတယ်လို့ ဖတ်ရသိရပါတယ်ဘုရား။
ဒါနဲ့စပ်လို့ ဂေါတမဘုရားရှင် ဆန်တော်ပယ်စဉ်က ဆံတော်ကို သိကြားမင်းက
ကလပ်နဲ့ခံပြီး နတ်ပြည်မှာ စေတီတည် သလို မြင့်မြတ်တဲ့ဘုရားရှင်တို့ရဲ့
ရုပ်ကလာပ်တော်များရှိရာ စေတီများကို ဘာ့ကြောင့်နတ်ပြည်မှာမတည်ဘဲ
မြေကြီးထဲထားရတာလဲဘုရား။ ဘုရားရင်ပြင်တော်ပေါ်ကိုတောင် ဖိနပ်စီးပြီး
တက်လို့မှမရတာ။ ဒီအတိုင်းဆို တပည့်တော်တို့ ငရဲမကျနိုင်ဘူးလားဘုရား။
မေသက်လှိုင်
လာရှိုး
အဖြေ။ ။ရှေးဘုရားရှင်တို့ရဲ့ ရုပ်ကလာပ်တည်ရှိရာ စေတီကို မေသက်လှိုင်ပြောသလို
မြေကြီးထဲ ထားတာ မဟုတ်ပါဘူး။ စေတီတည်စဉ်အခါ တုန်းက မြေကြီးပေါ်မှာပါပဲ ။
ယနေ့ခေတ် စေတီတော်များ မြေကြီးပေါ်မှာ တည်ကြသလို တည်ခဲ့တာပါပဲ။
ဘုရားရှင်တစ်ဆူနဲ့တစ်ဆူကြားမှာ ကမ္ဘာမြေကြီး တစ်ယူဇနာ
တစ်ယူဇနာတက်လာကြောင်းကို သံယုတ်ပါဠိတော် အနမတဂ္ဂသုတ်မှာ
ဝေပုလ္လတောင်ရဲ့အနိမ့်အမြင့်ကို စံထိုးပြီး သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
အချိန်ကြာလာတာနဲ့အမျှ ကမ္ဘာမြေကြီးဟာ ပမာဏများစွာ ထူလာတာပါပဲ။
ကဿပဘုရားရှင်လက်ထက်က တည်ခဲ့တဲ့စေတီတော်ဟာ ယခုဂေါတမဘုရားရှင်လက်ထက်မှာ
မြေကြီးအောက်ရောက်နေလောက်ပါပြီ။ ဘုရားတစ်ဆူနဲ့တစ်ဆူကြားကို ထားဦးတော့
နှစ်ပေါင်းသုံးလေးရာက အဆောက်အဦးများ ယခုအခါ မြေအောက်မှ
တူးဖေါ်တွေ့ရှိနေပါတယ်။
ဒါဖြင့် ဘုရားရှင်စေတီက အောက်ကဖြစ်နေပြီး လူတွေက အပေါ်ကနေ ဖိနပ်စီးပြီး လုပ်ချင်ရာလုပ်နေကြတော့ ငရဲကြီး-မကြီးဆိုတာနဲ့
ပတ်သက်ပြီးပြောပါ့မယ်။
ယနေ့ခေတ် လူတွေနေကြတဲ့ကွန်ဒိုတိုက်တွေဟာ အထပ်ပေါင်းများစွာရှိပြီး အတော်မြင့်မားတဲ့
မိုးထိတိုက်တွေဖြစ်ပါတယ်။ဒီတိုက်တွေ
ရဲ့အောက်ဆုံးမြေညီထပ်မှာနေထိုင်ကြတဲ့မိသားစုမှာ ဘုရားအဆောင်ရှိမှာပဲ။
အပေါ်ကအထပ်များမှာလဲ လူတွေနေတာပါပဲ၊ ဒါဖြင့်ရင် မြေညီထပ်မှာ
ဘုရားအဆောင်ရှိတဲ့အတွက် အပေါ်ထပ်မှာနေတဲ့လူများ ဘယ်လိုနေမလဲ။ နောက်တစ်ခု
ယနေ့ခေတ်မြေကြီးပေါ်မှာ တည်ထားတဲ့ စေတီတော်တွေ များစွာရှိပါတယ်။ လူတွေက
ထိုစေတီထက်မြင့်တဲ့ နေရာတိုက်တွေမှာ နေကြပါတယ်။ ဘယ်လိုလုပ်ကြမလဲ…။
အမှန်က သူ့နေရာနဲ့သူပါ။ အပေါ်တိုက်ခန်းမှာနေတဲ့သူက သူ့အိမ်နဲ့သူ
အောက်ကဘုရားအဆောင်ကို မရိုသေလို့ နေတာမဟုတ်ပါဘူး။ အဓိကကတော့စိတ်ပါပဲ
“စိတ်သာရှင်စော ဘုရားဟော” ဆိုတဲ့အတိုင်း ဒီနေရာမှာ
စိတ်နဲ့လဲသက်ဆိုင်နေပါတယ်။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ဆိုတာလို
အစွဲကြောင့်လဲ ဖြစ်တတ်ပါတယ်။ သတိထားရပါမယ်။
ဆိုကြပါစို့..မြို့တစ်မြို့မှ တစ်မြို့သို့ လေယာဉ်ပျံနဲ့ကောင်းကင်ပေါ်က သွားတဲ့အခါ အောက်မှာ
အချို့နေရာတွေမှ စေတီတော်တွေကို မလွဲသာလို့
ဖြတ်ကျော်ပျံသန်းရတာတွေရှိပါတယ်။ အဲဒီအခါ လေယာဉ်ပေါ် လိုက်ပါတဲ့သူများဟာ
ဘုရားကို မရိုသေလို့မဟုတ်ပါဘူး။ ဒါဆိုရင်အပြစ်မရှိပါဘူး။ ဘုရားရှင်ကို
မရိုမသေတဲ့အနေနဲ့ အပေါ်ကနေရင်တော့ အပြစ်ရှိတာပေါ့။ ‘အထက်ကနေလို့
ငရဲကြီးမယ်’ဆိုတဲ့ ပူပန်မှုဟာ နေရာတိုင်းမှာ မဖြစ်သင့်ပါဘူး။ တစ်ခါတစ်ရံ
လွန်ကဲတဲ့ ပူပန်မှုတွေဖြစ်ရင် မကောင်းပါဘူး။ ဒါကို ပါဠိလို 'အတိကုက္ကုစ္စ'
လို့ ခေါ်ပါတယ်။ အတိကုက္ကုစ္စဖြစ်ပုံ ပစ္စုပ္ပန်အကြောင်းတစ်ခု ပြောချင်ပါသေးတယ်။
တစ်ခါက မြို့တစ်မြို့မှာ ဇနီးမောင်နှံနှစ်ဦးရှိပါတယ်။ စီးပွားဥစ္စာများလဲ
အသင့်အတင့်ရှိလို့ လူလတ်တန်းစားအထဲပါဝင် တယ်လို့ဆိုရမယ်။ သူတို့ဟာ
ယခုအချိန်အထိ ရွှေတိဂုံဘုရားကို မရောက်ဖူးဘူးတဲ့။ သူတို့မှာ သွားနိုင်တဲ့
ငွေကြေးဥစ္စာအသင့်အတင့် ရှိနေပါရက်နဲ့ ဘာပြုလို့များ မသွားရတာလဲ ဆိုတာကို
စုံစမ်းကြည့်ပါတယ်၊သူတို့ဟာ ရန်ကုန်ကို လေယာဉ်ပျံနဲ့ကောင်းကင်ကနေသွားရင်
အောက်မှာရှိတဲ့စေတီ ပုထိုးတွေကို ဖြတ်သန်းသွားရမှာမို့ အပြစ်ကြီးမှာ
ကြောက်လှတဲ့အတွက် ရန်ကုန်ကို သွားနိုင်ပါရက်နဲ့ မသွားခဲ့ပါဘူးတဲ့။
အသက်(၈၀)ကျော်နေပါပြီ၊ ယခုအချိန်ထိ မသွားဖြစ်သေးပါဘူး။ ဒါဟာ အတိကုက္ကုစ္စ
-လွန်ကဲတဲ့ပူပန်မှုပါ။ ဒီလိုသာပူပန်နေမယ်ဆိုရင် ကမ္ဘာမြေကြီးအတွင်း
နေရမဲ့နေရာ အလွန်ကျဉ်းမြောင်းသွားပါလိမ့်မယ်။ မဖြစ်သင့်ဘူးလို့ ယူဆမိပါတယ်။
လိုရင်းပြောရရင် စိတ်သာအဓိက လို့ ပြောချင်ပါတယ်။
ဟန်ဆောင်လင်မယား
အမေး။ ။ယနေ့ခေတ် အမျိုးသမီးတစ်ချို့ဟာ ဟန်ဆောင် လက်ထပ်ပြီး
နိုင်ငံခြားတိုင်းပြည်မှာ နေထိုင်ခွင့်ရရှိအောင် ကြိုးပမ်းကြပါတယ်ဘုရား။
ဟန်ဆောင် လက်ထပ်တယ်ဆိုပေမဲ့ နှစ်နိုင်ငံစလုံးမှာ ဥပဒေအရတော့
လုပ်ရပါတယ်ဘုရား။ ပြည်ပရောက်တဲ့အခါ ဟန်ဆောင်လက်ထပ် ထားတဲ့သူနဲ့ အတူ
နေထိုင်ခြင်း မရှိတော့ပဲ၊ ကိုယ်နှစ်သက်တဲ့သူနဲ့ မိန်းမကလည်း
ယောင်္ကျားအသစ်ထပ်ယူသလို၊ ယောင်္ကျားကလည်း မိန်းမအသစ် ထပ်ယူပါတယ်ဘုရား။
သူတို့နှစ်ယောက်မှာ “ကာမေသု” ကံထိုက်/မထိုက် နှင့် ကာမေသုကိုလည်
အကျယ်သိလိုပါတယ်ဘုရား။ ထိုအဖြေအတွက် အရှင်ဘုရားရဲ့ အမေးအဖြေကဏ္ဍမှာ
စောင့်မျှော်နေပါမယ်ဘုရား။ ။
လှိုင်းအိမ်
ထိုင်ဝမ်
အဖြေ။ ။ ကာမေသုနဲ့ပတ်သက်ပြီး ဆရာတော်များလည်း ဖြေကြားတော်မူခဲ့ကြပြီးခဲ့ပြီ။
ဒါပေမဲ့ အမေးရှိက အဖြေရှိရမယ်ဆိုတာလိုပဲ။ ပထမ ကာမေသုအကြောင်းကို
သဘောပေါက်ရုံ ပြောပေးပါ့မယ်။
ကာမေသု ဆိုတာ ယောင်္ကျားတွေအတွက် (အဂမနီယ၀တ္ထု)မသွားလာအပ်တဲ့ မိန်းမများအား ကျုးလွန်မိရင် ကာမေသုမိစ္ဆာစာရ
ဖြစ်ကြပါတယ်။ မသွားလာထိုက်တဲ့ မိန်းမ (၂၀)ရှိတယ်။ မိန်းမ(၂၀)ကို ဒီနေရာမှာ
မဖေါ်ပြရင်လည်း အဖြေက မပြည့်စုံပါဘူး၊ ဒါကြောင့် အကျဉ်းမျှ ဖေါ်ပြလိုက်ပါတယ်။
(၁)အမိစောင့်ရှောက်တဲ့မိန်းမ၊(၂)အဘစောင့်ရှောက်တဲ့မိန်းမ၊(၃)အမိအဘစောင့်ရှောက်တဲ့မိန်းမ၊
(၄)မောင်ကြီးမောင်ငယ် စောင့်ရှောက်တဲ့မိန်းမ၊ (၅)အစ်မ ညီမ
စောင့်ရှောက်တဲ့မိန်းမ၊ (၆) ဆွေမျိုးစောင့်ရှောက်တဲ့ မိန်းမ၊ (၇)
အနွယ်တူစောင့် ရှောက်တဲ့ မိန်းမ၊ (၈)
တရားကျင့်သုံးဖက်စောင့်ရှောက်တဲ့မိန်းမ။ ထိုမိန်းမရှစ်မျိုးက
ကာမပိုင်မရှိတဲ့ အပျိုစဉ်မိန်းမများဖြစ်တယ်။
(၉)စေ့စပ်ကြောင်းလမ်းပြီးမိန်းမ၊ (၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့မိန်းမ၊ (၁၁)
ဥစ္စာဖြင့်ဝယ်ထားတဲ့ မိန်းမ၊ (၁၂) ယောင်္ကားတစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့
မိန်းမ၊ (၁၃) စည်းစိမ်ပေးပြီး မယားပြုလုပ်ထားတဲ့ မိန်းမ၊ (၁၄)
အ၀တ်ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊ (၁၅) ရွှေခွက်မှာ လက်စုံချပြီး
ယောင်္ကျားနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မိန်းမ၊ (၁၆)
ခေါင်းရွက်လုပ်ကိုင်စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့
မိန်းမ၊ (၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၈) အမှုလုပ်လည်းဖြစ်
မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊ (၂၀)
တစ်ဦးဦးရဲ့ ခေတ္တမယားဖြစ်နေတဲ့ မိန်းမ ။ ထိုမိန်းမ(၁၂)ဦးကတော့
ကာမပိုင်ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်တယ်။
ကာမပိုင်မရှိတဲ့ ပထမ မိန်းမရှစ်ယောက်ကတော့ တစ်ခြားယောင်္ကျားနဲ့ ဆက်ဆံမှု ပြုသော်လည်း သူ့ကာမကို
သူသာပိုင်တဲ့အတွက် ကာမေသုမိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့
အဂမနီယဖြစ်တဲ့ မိန်းမကို ကျူးလွန်တဲ့အတွက် ကာမေသုမိစ္ဆာစာရ ထိုက်ပါတယ်။
ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှတစ်ပါး တစ်ခြားယောင်္ကျားနဲ့
ကျူးလွန်မိရင် ကာမေသု ထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျားမှာလည်း ထိုက်ပါတယ်။
အခုဒီပြဿနာမှာ ပြည်ပသွားဖို့ရာ လွယ်ကူအောင် ဥပဒေလမ်းကြောင်းအရ ဟန်ဆောင် လင်မယားအဖြစ်
လက်မှတ် ထိုးထားတာလောက်ပဲ ရှိတာပါ။ သူတို့နှစ်ဦးကလည်း အချင်းချင်း
လင်မယားအဖြစ် မသတ်မှတ်ကြပါဘူး။ ပြည်ပသွားခွင့်ရအောင် လင်မယားအဖြစ်
ဟန်ဆောင်ထားတာပဲ ရှိတဲ့အတွက် နှစ်ဦးစလုံးဟာ လွတ်လပ်တဲ့ သူများ ဖြစ်ကြတယ်။
ပြည်ပရောက်တဲ့အခါ ကိုယ်ချစ်ကြိုက်တဲ့သူနဲ့ တရားဝင် လက်ထပ်ကြပြီး
သားမှတ်မှတ်၊ မယားမှတ်မှတ်ပေါင်းသင်းကြရင်တော့ ကာမေသုမိစ္ဆာစာရ
မထိုက်ပါဘူး
နောက်ဆုံး ကာမေသုမိစ္ဆာစာရ ထိုက်တဲ့ အင်္ဂါများကို သိထားရင် ကိုယ်ပြုလုပ်လိုက်တဲ့ အခြေအနေအပေါ် ကာမေသု ထိုက်/မထိုက် ဆိုတာ ခွဲခြား
တတ်လာမှာပါ။ အင်္ဂါများကတော့……….
(၁)မသွားလာထိုက်တဲ့ အဂမနီယမိန်းမဖြစ်ခြင်း။ (၂) မှီဝဲလိုတဲ့ စိတ် ရှိခြင်း။ (၃) လုံ့လ
ပြုခြင်း။ (၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း လို့ အင်္ဂါလေးမျိုး
ရှိပါတယ်။
ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသုမိစ္ဆာစာရ ထိုက်ပြီး၊ လေးပါးအနက်က တစ်ပါးပါး ချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး လို့ ပဲ
ဖြေကြားပေးလိုက်ပါတယ်။
ဂရုကံကြောင့် သေရင် အပါယ်တန်းကျပါသလား
အမေး။ ။အကုသိုလ်ဂရုကံ ကျူးလွန်သူများဟာ ဒီဘ၀မှာ မဂ်ဖိုလ် မရနိုင်ဘူး လို့
သိထားပါတယ်ဘုရား၊ ကျူးလွန်သူဟာ လက်ရှိဘ၀မှ သေပြီး အခြားမဲ့မှာ အပါယ်ငရဲ
တန်းကျတာလားဘုရား။ လွန်ခဲ့တဲ့ အတိတ်ဘ၀က ကျူးလွန်ခဲ့မယ်ဆိုရင်
ယခုလက်ရှိဘ၀ကနေ ကွယ်လွန်တဲ့အခါ အပါယ်တန်းကျနိုင်ပါသလားဘုရား။ ။
မရီမော်အိ
မဲဆောက်
အဖြေ။ ။ဂရုကံ ကျူးလွန်မိရင် ကျူးလွန်တဲ့သူဟာ သေပီးရင် အပါယ်ငရဲ မှာ
တန်းဖြစ်ပါတယ်။ ဘုရားရှင်လက်ထက်တော်က အဇာတသတ်မင်း ကို ကြည့်ပါ။ သူဟာဖခင်ကို
သတ်ခဲ့တဲ့ ဂရုကံ ကျူးလွန်ခဲ့ပါတယ်။
နောက်ပိုင်း ဘုရားရှင်အား ကြည်ညိုလွန်းလို့ သူမတူအောင် သာသနာပြုခဲ့တယ်။ ဘုရားရှင်
ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း ပဌမသင်္ဂါယနာတင်တဲ့နေရာမှာလည်း
ပစ္စည်းလေးပါး အထောက်အပံ့ကို သူမတူအောင် စွမ်းစွမ်းတမံ ထောက်ပံ့ပြီး သာသနာ
ပြုတော်မူခဲ့ပါတယ်။ ဒါပေမဲ့ အဖသတ်တဲ့ ဂရုကံ ကျူးလွန်ခဲ့တဲ့ အဇာတသတ်ဟာ
သေလွန်တဲ့အခါ လောဟကုမ္ဘီငရဲမှာ ကျခံခဲ့ရပါတယ်။
အရှင်ဒေ၀ဒတ်ဟာ ဘုရားရှင်အား ပြစ်မှားကျူးလွန်ခဲ့တဲ့ ဂရုကံကြောင့် သေခါနီး
နောင်တရကာဘုရားရှင်အား သူ့ရဲ့ ခန္ဓာကိုယ်ဖြင့် ပူဇော်ကန်တော့ကာ
ဝန်ချခဲ့ပါတယ်။ သို့သော်လည်း နောက်ဆုံးတော့ သူကျူးလွန်ခဲ့တဲ့ ဂရုကံက သူ့ကို
အ၀ီိစိငရဲကို ဆွဲခေါ်သွားခဲ့ပါတယ်။
စိဉ္စမာဏ၀ိကာ အမျိုးသမီးဟာလည်း ဘုရားရှင်အား မဟုတ်တရားစွတ်စွဲခဲ့တဲ့ ဂရုကံကြောင့် မြေမျိုခံရပြီး
အ၀ီစိငရဲမှာ ကျခံခဲ့ရပါတယ်။ ဘုရားရှင်ရဲ့ ဘထွေးတော်တော်စပ်သူလဲဖြစ်တဲ့အပြင်
ဘုရားလောင်းတော်ဘ၀ ယောက္ခမလည်း တော်စပ်ခဲ့ဖူးတဲ့ သုပ္ပဗုဒ္ဓမင်းကြီးဟာ “
ငါ့သမီးကို ယူပြီးတော့ ပစ်ထားခဲ့တယ်။ အခုတခါ ငါ့သား ရှင်ဒေ၀ဒတ်ကိုလည်း
ရန်သူလိုသဘောထားတယ်” ဆိုပြီး ဘုရားရှင်အား ရန်ညိုးဖွဲ့ကာ ပြစ်မှားခဲ့တဲ့
အတွက်ကြောင့် မြေမျိုခံရပြီးနောက် အ၀ီစိငရဲသို့ ရောက်ခဲ့ရပါတယ်။
အထက်ပါ အဖြစ်အပျက်များကို ကြည့်ရင် ဂရုကံကျူးလွန်သူများဟာ ယခုလက်ရှိဘဝ
တရားအားထုတ်လို့ မဂ်ဖိုလ်မရနိုင်တဲ့အပြင် သေလွန်တဲ့အခါ အပါယ်ငရဲကို
သေချာပေါက် သွားရပါတယ်။ လွန်ခဲ့တဲ့ အတိတ်ဘ၀က ဂရုကံကျူးလွန်ခဲ့တယ်ဆိုတာ
သေချာမယ်ဆိုရင် မေးခွန်းရှင်ဟာ ဒီဘ၀ လူလာမဖြစ်နိုင်ပါဘူး။ အပါယ်ငရဲကိုပဲ
တန်းကျမှာ ဖြစ်တယ်။
ငလျင်လုပ်တဲ့အကြောင်းဗုဒ္ဓဟောခဲ့ပါသလား
အမေး။ ။ ယခု၂၀၀၉ ခုနှစ်၊ ကမ္ဘာအ၀ှမ်း နိုင်ငံများမှာ မြေငလျင်ဒါဏ်နှင့်
မုန်တိုင်းဒါဏ်ကို အလူးအလဲ ခံကြရပါတယ်။ အင်ဒိုနီးရှားမှာဆိုရင် ဒီနှစ်ထဲမှာ
ငလျင် အကြိမ်ကြိမ် လှုပ်ခဲ့ပါတယ်။ အချို့နေရာများမှာ
မုန်တိုင်းထန်ခဲ့ကြပါတယ်။ မုန်တိုင်းတောင်မှ သာမာန်မုန်တိုင်းမဟုတ်ဘူး၊
စူပါတိုင်ဖွန်မုန်းတိုင်း အဆင့်အထိတောင် တိုက်ခတ်ခဲ့ပါတယ်။
သပ္ပံပညာရှင်များက နျူကလီးယားကြောင့် သဘာဝပတ်ဝန်းကျင်များ ညစ်ညမ်းမှု များလာပါတယ်။ အဲဒီကနေ
မုန်တိုင်းကျတာတို့ ငလျင်လှုပ်တာတို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။
တပည့်တော်သိချင်တာက ငလျင်လှုပ်တာနဲ့ ပတ်သက်ပြီး ဘုရားရှင်
မိန့်တော်မူခဲ့တာတွေ ရှိပါသလား၊ တကယ်လို့ ရှိခဲ့တယ်ဆိုရင် မကြာသေးခင်ကမှ
အင်ဒိုနီးရှားမှာ ဘာ့ကြောင့်ငလျင် လှုပ်ခဲ့တာလဲဆိုတာကို ဘုရားဟောနဲ့အညီ
အဖြေပေးစေချင်ပါတယ်ဘုရား။
မနွယ်နွယ်အေး
ရန်ကုန်
အဖြေ။ ။ငလျင်နဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်များက ယခုခေတ်မှသာ ဖေါ်ထုတ်ကြတာပါ။
ဘုရားရှင်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က တည်းက ဖေါ်ထုတ်ခဲ့ပါတယ်။
သိပ္ပံပညာရှင်များလို အချိန်အကြာကြီး သုတေသနပြုစရာမလိုပါဘူး။ ဘုရားရှင်ဟာ
သိရန်မှန်က မကျန်ရအောင် လုံးဝစုံလင် အကုန်မြင်တဲ့ သဗ္ဗညုတဥာဏ်တော်နဲ့
ပြည့်စုံတော်မူတာကြောင့် တရားအလုံးစုံကို ကိုယ်တိုင်လည်းသိသလို
ဝေနေယျများကိုလည်း ဟောတော်မူခဲ့ပါတယ်။ ဒါကြောင့်လည်း ဘုရားရှင်ဟာ
ငလျင်လှုပ်ခြင်းရဲ့အကြောင်းကို ဟောတော်မူခဲ့ပါတယ်။
အခါတစ်ပါး ဘုရားရှင်က အရှင်အာနန္ဒာအား ငလျင်လှုပ်ခြင်းနဲ့ပတ်သက်ပြီး ရှစ်ပါးရှိကြောင်းကို
မိန့်တော်မူခဲ့ပါတယ်။ ဒါတွေက…
(၁)။ ဓါတ်တွေချောက်ခြားဖေါက်ပြန်တဲ့အတွက် ငလျင်လှုပ်ပါတယ်။ ရှင်းပါအုံးမယ်၊ ဒီကမ္ဘာကြီးဟာ ယူဇနာ(၄၈၀၀၀၀)အထုရှိတဲ့ရေ
မှာတည်ပါတယ်။ ထိုရေထုထည်ရဲ့အောက်မှာ ယူဇနာပေါင်း(၉၆၀၀၀၀)ရှိတဲ့
လေထုတည်နေပါတယ်။
ဒီလိုအခြေအနေမှာ တခါတရံ လေထုကြီးဟာ ပြင်းထန်စွာ တိုက်ခိုက်လာတဲ့အခါ လေထုအထက်မှာ တည်နေတဲ့ ရေထုကြီးဟာ လှုပ်ခတ်လာပါတော့တယ်။
(ဒါဟာ မုန်တိုင်းတိုက်ခတ် တာဖြစ်နိုင်ပါတယ်) အဲဒီလို
ရေထုကြီးလုပ်ခေတ်လာတော့ ရေထုအထက်မှာ တည်နေတဲ့ မြေထုကြီးဟာ
လှုပ်ခတ်လာပါတော့တယ်။ ဒါဟာ ငလျင်ပြင်းစွာလှုပ်ခြင်းရဲ့
ပထမအကြောင်းပဲဖြစ်ပါတယ်။ (စူနာမီဖြစ်တဲ့သဘောကို သတိပြုပါ)။
(၂)။ ဒုတိယအကြောင်းက အဘိညာဉ်ဈာန် အစွမ်းကြောင့်လည်း မြေငလျင်လှုပ်တတ်ပါတယ်။
ဣဒ္ဓိရှင် တန်ခိုးရှင်များက မြေကို လှုပ်စေလိုတဲ့အခါ အားနည်းတဲ့
မြေကသိုဏ်းဈာန်သညာနဲ့အတူ အားကြီးတဲ့ ရေကသိုဏ်းဈာန်သညာတို့ကို
ပွားများပြီး မြေကြီးကို လှုပ်ခတ်စေပါတယ်။
(၃)။ တတိယအကြောင်းက ဘုရားအလောင်းတော် မယ်တော်ဝမ်းကြာတိုက်သို့ သက်ရောက်တဲ့အခါမှာ မြေကြီးဟာ
သွက်သွက်ခါ တုန်လှုပ်ပါတယ်။
(၄)။ စတုတ္ထအကြောင်းက ဘုရားအလောင်းတော် အမိဝမ်းကြာတိုက်မှာ မွေးဖွားတော်မူတဲ့အခါမှာလည်း မြေငလျင်လှုပ်ပါတယ်။
(၅)။ ပဉ္စမအကြောင်းက ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့ခဏမှာလည်း မြေငလျင်လှုပ်ပါတယ်။
(၆)။ ဆဋ္ဌမအကြောင်းက မြတ်စွာဘုရား ဓမ္မစကြာတရားဦး ဟောတော်မူတဲ့အခါ မှာ
မြေငလျင်လှုပ်ပါတယ်။
(၇)။ သတ္တမအကြောင်းက ဘုရားရှင်ဟာ သတိ သမ္ပဇဉ်ရှိလျက် အာယုသင်္ခါရကို စွန့်လွတ်တော်မူတဲ့အခါမှာလည်း မြေငလျင် ပြင်းစွာ
တုန်လှုပ်ပါတယ်။
(၈)။ အဋ္ဌမအကြောင်းက ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့အခါမှာလည်း မြေငလျင်ပြင်းစွာ တုန်လှုပ်ပါတယ်။
ထိုမြေငလျင်လုပ်ခြင်း ရှစ်မျိုးအနက် ပထမတစ်မျိုးသာလျှင် သက်ရှိသတ္တ၀ါတွေရဲ့ အန္တရာယ်ကို
ဖြစ်စေနိုင်ပါတယ်။ ကျန်တဲ့ (၇)မျိုးကတော့ သက်ရှိတို့ကို အသက်အန္တရာယ်
မဖြစ်စေနိုင်ပါဘူး။
ဒါကြောင့် မကြာသေးခင်က အင်ဒိုနီးရှားမှာ ပြင်းစွာ လှုပ်ခဲ့တဲ့ မြေငလျင်နဲ့ အချို့နေရာတွေမှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း
စူပါမုန်တိုင်း များဟာ ဓါတ်ချောက်ချားခြင်း( ဥက္ခေပက လေဓါတ်ချောက်ချားခြင်း)
ကြောင့် လှုပ်တာ လို့ ယူဆရပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။ (မဟာဗုဒ္ဓ၀င်၊
ပဉ္စမတွဲ၊ နှာ-၃၃၃)
မဟာယာနမှာလဲ ဓါတ်တော်တွေနဲ့
အမေး။ ။ အရှင်ဘုရား…..တပည့်တော်ဟာ ထေရ၀ါဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီး ကြည်ညိုသူ
တစ်ဦးဖြစ်ပါတယ်။ လျှောက်ထားချင်တာက….. မဟာယာန ဗုဒ္ဓဘာသာဝင်
ရဟန်းတော်များမှာလည်း ရဟန္တာ ဆိုတာ ဖြစ်နိုင်ပါသလားဘုရား။ သူတို့ရဲ့
ဓါတ်တော်များ ချန်ထားနိုင်ပါသလား၊ မဟာယာန
ဗုဒ္ဓဘာသာရဟန်းတော်/သီလရှင်ကြီးများရဲ့ ဓါတ်တော်များကို တင်ပေးထားတဲ့ (http://slz.goodweb.cn/monk_27.asp)
website မှာ တွေ့မြင်ခဲ့ရပါတယ်ဘုရား။
ထိုwebsite မှာ ဆရာတော်ကြီးများကို ရဟန္တာ လို့ ပြောထားခြင်း မရှိပါ။ ထိုဆရာတော်ကြီးများဟာ
ဘယ်လိုနည်းကို ကျင့်သုံးပြီး ဓါတ်တော်များ ချန်ထားခဲ့ပါသလဲဘုရား။
တရုတ်ပြည်မှာ ၀ိပဿနာအသံကို ကြားရဖို့ မလွယ်ပါ။ တကယ်လို့
ထိုဆရာတော်ကြီးများဟာ ရဟန္တာ ဖြစ်လျှင် ဘယ်လို ၀ိနည်းကို လိုက်နာပြီး
အဘယ်ကျင့်စဉ်ကို ကျင့်သုံးသလဲ ဆိုတာ တပည့်တော် သိချင်ပါတယ်ဘုရား။
ဦးတင်လျှက်
ရဲလင်း
အဖြေ။ ။မေးသင့်တဲ့ မေးခွန်းပါပဲ။ မဟာယာန ဗုဒ္ဓဘာသာဝင်များမှာ ရဟန္တာဆိုတာ
မရှိနိုင်ပါဘူး။ ဘာ့ကြောင့်ဆိုရင် သူတို့ကျင့်သုံးနေတဲ့ လမ်းစဉ်ဟာ သဗ္ဗညုတ
ဘုရားရှင်ရဲ့ လမ်းစဉ်နဲ့ ကွဲလွဲနေလို့ဖြစ်ပါတယ်။ ဒါလောက်နဲ့တော့
ကျဉ်းလွန်းနေတဲ့အတွက် ပြည့်စုံမှုမရှိသေးဘူး။ အနည်းငယ် ချဲ့ပြီး
ပြောပါအုံးမယ်။
အခါတစ်ပါး ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူခါနီးမှာ ဘုရားရှင်က သုဘဒ္ဒပရိဗိုဇ်အား မိန့်ကြားတော်မူခဲ့တာ ရှိပါတယ်။
“သုဘဒ္ဒ….. အကြင်တရားဝိနည်းဆိုတဲ့ သာသနာမှာ အရိယာမဂ်(မဂ္ဂင်ရှစ်ပါး)တရား မရှိ။
ထိုအရိယာမဂ် မရှိတဲ့ သာသနာမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဆိုတာ
မရှိနိုင်ပါ။
သုဘဒ္ဒ…..အကြင်တရားဝိနည်းဆိုတဲ့ သာသနာမှာ အရိယာမဂ်(မဂ္ဂင်ရှစ်ပါး)တရား ရှိတယ်။ ထိုအရိယာမဂ် ရှိတဲ့ သာသနာမှာသာ
သောတာပန် ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်များ
ရှိပါတယ်။
ငါဘုရားရဲ့ သာသနာတော်မှ တစ်ပါးသော အယူဝါဒ သာသနာတွေမှာ တရားကိုသိမြင်တဲ့ ကိလေသာကင်းတဲ့ ရဟန်းမြတ်ဆိုတာ မရှိပါ။
သုဘဒ္ဒ…..ဆိုခဲ့ပြီးတဲ့ ရဟန်းမြတ်များဟာ (ကိုယ်တိုင်လည်းကျင့်
သူတစ်ပါးအားလည်း အဆင့်ဆင့် ဟောကြားလျက်)ကောင်းမွန်စွာနေကြမယ်ဆို ပါရင်
လောကကြီးမှာ ရဟန္တာတို့မှ မဆိတ်မသုဉ်း နိုင်ပါ” လို့
မိန့်ကြားတော်မူခဲ့ပါတယ်။ (သုတ်မဟာဝါ၊ မဟာပရိနိဗ္ဗာနသုတ်၊
သုဘဒ္ဒပရိဗိုဇ်ဝတ္ထု၊ နှာ၊၁၄၅)
ဘုရားရှင်ဟောတော်မူခဲ့တဲ့အတိုင်းဆိုရင် ဘုရားရှင်ရဲ့အဆုံးအမ သာသနာတော်ကြီးဟာ မဂ္ဂင်ရှစ်ပါး ရှိတဲ့ သာသနာတော်ကြီးပါ။
ဘုရားရှင် သာသနာမှ တစ်ပါးအခြားသော သာသနာတွေမှာ ရဟန္တာ ဆိုတာ
မရှိနိုင်ပါဘူး။
ဒါဖြင့်ရင် အင်တာနက်စာမျက်နှာတစ်ခုမှာ တွေ့ရှိချက်အရ မဟာယာန ရဟန်းတော်များရဲ့ ပုံနဲ့ သူတို့ရဲ့ ဓါတ်တော်များကို ပူးတွဲ
ဖေါ်ပြထားတာ အများကြီးပါ။ ဒါဘယ်လိုဖြေရှင်းမလဲ……
ပထမအချက်က ဓါတ်တော်ဟုတ်မဟုတ်စီစစ်ချက်။ ဒုတိယအချက်က မဟာယာနများ အရိယာ
ဖြစ်နိုင်/မဖြစ်နိုင် ဆိုတဲ့ နှစ်ချက်ကို ဖြေရှင်းရပါ့မယ်။
ပထမအချက်။ အချို့က ရဟန္တာဓါတ်တော်ဆိုတာ အလုံးလေးတွေလို့ ပြောကြပါတယ်။ ဘုရားရှင်ရဲ့
ဓါတ်တော်များတောင်မှ အဓိဋ္ဌာန်တော်မူတဲ့အတွက် အလုံးလေးတွေ ဖြစ်ရတာပါ။
သာမာန်ရဟန္တာများမှာ ဓါတ်တော်ဟာ အလုံးလေးတွေ ဖြစ်သင့်/မဖြစ်သင့်ဆိုတာနဲ့
ပတ်သက်ပြီး …. မဟာစည်ဆရာတော်ဘုရားကြီး အိန္ဒိယနိုင်ငံရောက်စဉ်က ……
“ဘုန်းကြီးတို့…..ကလကတ္တားမြို့ကို သီးသန့်လေယဉ်နဲ့ သွားပြီး အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ရဲ့
ဓာတ်တော်များကို အထင်အရှားတွေ့ခဲ့ရပါတယ်။ ပကတိ အရိုးအတိုင်းပါပဲ၊
အရောင်အဆင်းက ဖြူဖွေးတယ်။ ပုံသဏ္ဍာန်ကတော့ လက်ဆစ်ရိုးလေးတွေဟာ
လက်ဆစ်လေးများအတိုင်းပါပဲ ၊ အစွန်းနှစ်ဖက် အဆစ်နေရာများက ကြီးပြီး
ခါးလယ်ကသေးနေတယ် ဆိုတော့ ဒီပြင် ရဟန္တာဓါတ်တော်များဟာလည်း
ပကတိအရိုးအတိုင်းပဲ ရှိလိမ့်မယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိဘူး။ ယခုကာလ
ဆရာတော်များ မီးသဂြိုလ်တဲ့အခါ ကျောက်ခဲလုံးလေးများလို ဓါတ်တော်များ
ကျတယ်ဆိုတာ ချင့်ပြီး ယုံကြည်ကြဖို့ပါပဲ” လို့ သလ္လေခသုတ်တရားတော်မှာ
မဟာစည်ဆရာတော် ဘုရားကြီး မိန့်တော်မူထားတာကို ကြည့်ခြင်းဖြင့်….
Website မှာတွေ့မြင်ရပါတယ် ဆိုတဲ့ မဟာယာနများရဲ့ ဓါတ်တော်များဟာလည်း ချင့်ပြီး
ယုံကြည်ကျဖို့ လိုပါလိမ့်မယ်။
ဒုတိယအချက်က။ မဟာယာနများကော ရဟန္တာ ဖြစ်နိုင်သလား……..ကျင့်စဉ်အားဖြင့် လုံးဝမတူညီ သူတို့ကျင့်စဉ်က
မဂ္ဂင်ရှစ်ပါး မပါတဲ့အတွက် ဘုရားရှင်မိန့်တော်မူချက်အရ သူတို့ဟာ ရဟန္တာများ
မဟုတ်နိုင်ပါဘူး။
ဒါပေမဲ့ ဘုရားရှင်ရဲ့ဝါဒက ၀ိဘဇ္ဇ၀ါဒဆိုတော့ ယနေ့ခေတ် အချိန်အခါ ပြည်ပနိုင်များမှာ ထေရ၀ါဒတို့ရဲ့ meditation စင်တာတွေ
အများကြီးပေါ်ပေါက်နေပါတယ်။ ထို ကမ္မဋ္ဌာန်းဌာနများမှာ မဟာယာန ဘုန်းကြီးများ၊
မယ်သီလများ လာရောက်ပြီး နည်းနာနိဿယ ခံကာ တရားကြိုးစားအားထုတ်တဲ့ သူများကို
တွေ့မြင်မိကြမှာပါ။သတိထားမိကြမှာပါ။
ဒီလို ထေရ၀ါဒနည်းဖြင့် ကမ္မဋ္ဌာန်းနည်းလမ်းကျနစွာ သင်ယူပြီး ၀ိပဿနာတရားကို ကိုယ်တိုင် တသက်လုံး
ကြိုးစားအားထုတ်သွားတဲ့ မဟာယာနဘုန်းကြီး များလည်း ရှိနေကြတဲ့အတွက်
အရိယာမဂ်ကို မျက်မှောက်ပြုတယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် လို့
ယူဆရပါတယ်။
ဒါပေမဲ့ မဟာယာန အများစုကတော့ မဟုတ်နိုင်ပါဘူး။ အချူပ်ပြောရရင် မဟာယာနတို့ရဲ့ မဂ္ဂင်မပါတဲ့ ကျင့်စဉ်နဲ့ အရိယာ
မဖြစ်နိုင်ပါဘူးဆိုတာပါပဲ။
လူတို့ရဲ့ အရိုးကို စေတီ တည်ကောင်းပါသလား
အမေး။ ။ အရှင်ဘုရား……… ရုပ်ရှင်မင်းသား တစ်ဦးရဲ့ အရိုးပြာနဲ့ စေတီတည်မယ်လို့ကြားမိပါတယ် အဲ့ဒါပုတုဇဉ်လူသားတစ်ဦးရဲ့
အရိုးပြာနဲ့စေတီတည်ကောင်းပါသလား ဘုရား။
ပိုင်မင်းဦး
USA
အဖြေ။ ။ လောကမှာ စေတီ တည်ပြီး ကိုးကွယ်သင့်တဲ့ ပုဂ္ဂိုလ် (၄)မျိုးရှိပါတယ်။
သမ္မာသမ္ဗုဒ္ဓဘုရား၊ ပစ္စေကဗုဒ္ဓါ ၊ ရဟန္တာ ၊ စကြာဝတေးမင်း တို့ ဖြစ်ပါတယ်။
ဘုရားရယ်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများက ကိုးကွယ်သင့်တဲ့အတွက် ထားပါတော့၊
လူပုဂ္ဂိုလ်တစ်ဦးသာဖြစ်တဲ့ စကြာဝတေးမင်းက ဘာပြုလို့ စေတီ တည်ပြီး
ကိုးကွယ်သင့်သလဲဆိုရင် သူ့ခေတ်သူ့အခါက လူတို့ရဲ့ စီးပွားချမ်းသာမှုကို
ဆောင်ရွက်ပေးနိုင်ပြီး တရားနဲ့အညီ အုပ်ချူပ်မင်းလုပ်နေသူလည်းဖြစ်ပါတယ်။
လောကမှာ စကြာဝတေးမင်းဟာ တစ်ဦးသာ ဖြစ်တဲ့အတွက် အံ့သြဖွယ်ရာလည်းဖြစ်၊
ထူးခြားတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စေတီ တည်ပြီး ကိုးကွယ်သင့်တဲ့
အထဲမှာ စကြာဝတေးမင်းတစ်ဦးလည်း အပါအ၀င်ဖြစ်ပါတယ်။
(ဒီ၊ ၂၊ ၁၁၇-၈။ အံ၊၁။ ၇၆၊၅၆၇။ အံ၊ဋ္ဌ၊ ၂၊ ၅၁)
ယခုအခါ ပုထုဇဉ်ရဟန်းတော်များ ဆရာတော်များအား “အရိုးအိုးစေတီ” တည်ထားကြတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီလရှိတဲ့
ပုထုဇဉ်ရဟန်းတော်များရဲ့ အရိုးကို အရိုးအိုးစေတီအဖြင့်
တည်ထားဖို့ဘုရားရှင်က ခွင့်ပြုခဲ့မယ်ဆိုရင် သီလရှိတဲ့ ပုထုဇဉ်ရဟန်းတော်များ
မရေမတွက်နိုင် လောက်အောင် များပြားလှပါတယ်။
ပုထုဇဉ်အရှင်မြတ်များ ပျံတော်မူတဲ့အခါ အရိုးအိုးစေတီ တည်ကြမယ်ဆိုရင် နေရာအနှံ့
မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှပါတယ်။ ဒိလိုသာဆိုရင် လူတွေ
ကိုးကွယ်နိုင်တော့မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ဘုရားရှင်က
သီလရှိတဲ့ပုထုဇဉ်ရဟန်းတော်များ ပျံတော်မူရင် အရိုးအိုးစေတီ တည်ထားဖို့
အခွင့် မပေးခဲ့ပါဘူး။ (အံ၊ဋ္ဌ၊၂၊၅၁)
လူသာမာန်ဆိုရင်တော့ ဆိုဘွယ်ရာ မရှိတော့ပါ။
ဒီလိုအိမ်မျိုး နောက်သွားရအုံးမှာလား
အမေး။ ။အရှင်ဘုရား……ရဟန်းတော်များမှာ ဒါယကာ/မ တို့ရဲ့ ပစ္စည်းလေးပါး
အထောက်အပံ့ရမှာသာ သာသနာပြုနိုင်ကြ ပါတယ်ဘုရား။ တခါတရံ တစ်ချို့ ရင်းနှီးတဲ့
အိမ်တွေကို မလွဲမရှောင်သာ သွားရပါတယ်။ အဲဒီအခါမျိုးမှာ ရဟန်းသံဃာတော်များ
ကြွလာမှန်း သိပါလျက် အဖက်မလုပ်၊ ခရီးဦးလည်းမကြိုဆို တာတွေ့ရပါတယ်။
ရဟန်းတော်များအတွက် စိတ်မကောင်းရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါ။ တပည့်တော်
သိချင်တာက ဒီလို အိမ်မျိုးကို နောက်တစ်ခါ သွားသင့်/မသင့် ဆိုတာ
သိချင်ပါတယ်ဘုရား။ ။
မနွယ်နွယ်အေး
ရန်ကုန်
အဖြေ။ ။လူတွေဟာ အလုပ်ကို အချိန်နဲ့ လုပ်နေကြရတဲ့အတွက် ရဟန်းတော်များကို မအားလပ်တဲ့ကြားက
ဧည့်ခံဖို့ရာ လုံးဝမဖြစ်နိုင်ပါ။ သူတို့ကိုယ်၌က ရဟန်းတော်များအား
ကြည်ညိုကြတာရှိပါတယ်။ အကြောင်းကြောင်းကြောင့် ဧည့်ဝတ်ချွတ်ယွင်းခဲ့ပေမဲ့
ကြည်ညိုတဲ့ဒါယကာများက ရှိပါတယ်။ ဒါပေမဲ့ တချို့ကျတော့
ရင်းနှီးကျွမ်းဝင်ပြီးသား ဒါယကာအိမ်ကို သွားတဲ့အခါ အဖက်မလုပ်၊
ခရီးဦးမကြိုဆို၊ လုံးဝကြည်ညိုမှုမရှိ ဘူးဆိုရင် နောက်တစ်ခါ မသွားမိအောင်
သတိထားရပါ့မယ်။ဒါယကာများက ကိုယ့်ကို မကြည်ညိုဘူးဆိုရင်တော့ နောက်တစ်ခါ
သွားဖို့ရာ စဉ်းစားရပါလိမ့်မယ်။ ဒါကိုတော့ ခွဲခြားသိဖို့လိုပါလိမ့်မယ်။
ဒါနဲ့ပတ်သက်ပြီး အဂ္ဂင်္ုတ္တရာနိကာယ်၊ ကုလသုတ်မှာ ဟောတော်မူထားပါတယ်။
ဒါတွေက-
(၁) မြတ်နိုးသဖြင့် ခရီးဦးမကြိုဆိုခြင်း။ (၂)မြတ်နိုးသဖြင့် ရှိမခိုးကြခြင်း။
(၃) မြတ်နိုးသဖြင့် နေရာထိုင်ခင်း မပေးကြခြင်း။ (၄) ထင်ရှားရှိတဲ့
လှူဖွယ်ဝတ္တုကို ရဟန်းတို့အား လျှို့ဝှက်ကြခြင်း။ (၅) လှူဖွယ်ဝတ္ထု
များစွာရှိပါလျက် အနည်းငယ်ကိုသာပေးလှူခြင်း။ (၆) မွန်မြတ်သော လှူဖွယ်ဝတ္ထု
ရှိပါလျက် ရုန့်ရင်းကြမ်းတမ်းသော လှူဖွယ်ဝတ္ထုကို ပေးလှူကြခြင်း။ (၇)
ရိုသေစွာ မပေးလှူဘဲ မရိုမသေ ပေးလှူကြခြင်း။ (၈) တရားနာရန် ရဟန်းထံသို့
မချဉ်းကပ် မနေထိုင်ကြခြင်း။ (၉) ထိုရဟန်းဟောသော တရားများကို ရိုသေစွာ
မနာယူကြခြင်း။
အထက်ပါဖေါ်ပြခဲ့တဲ့ အင်္ဂါ(၉)ချက်နဲ့ ပြည့်စုံတဲ့ ဒါယကာအိမ်သို့ ရဟန်းတော်များ မသွားရောက်သင့်ပါ။ တကယ်လို့ သွားခဲ့တောင်မှ
ထိုင်နေဖို့ မသင့်ပါ။ (အင်္ဂ္ဂုတ္တရနိကာယ်၊ န၀ကနိပါတ်၊ ပဌမပဏ္ဏာသက၊သီဟနာဒ၀ဂ်၊
ကုလသုတ်)
Sunday, April 11, 2010
အချိန်ကောင်းလေးပါ
ရပ်ဝေးရပ်နီးမှ အဆွေတော်တို့၏ အကျိုးကိုမျှော်ပြီး နှိုးဆော်လိုက်ရပါသည်။
မြန်မာ့နှစ်သစ်ကူးမတိုင်မီ ဒုလ်လဘရဟန်းဝတ်ပြီး ကုသိုလ်ယူချင်သူများ...
သကြန်တွင်းရုံးပိတ်ရက်တွင် နိဗ်ဗာန်ရောက်ကြောင်းတရားထူးတရားမြတ်များကို ကျင့်ကြံပွားများအားထုတ်ချင်သူများ...
ဒုက်ခများမြောင်လူတို့ဘောင်တွင် စိတ်ပျက်ငြီးငွေ့ပြီး စိတ်ကိုဆေးကြောအေးချမ်းသော တရားရိပ်အောက်တွင် ခေတ်တခဏပဲဖြစ်ဖြစ် ၀င်ရောက်ခိုလှုံချင်သူများ...
အထုပ်ကလေးကျောင်း
ကျိုက်စကိုင်းရွာ၊ တိုက်ကြီးမြို့နယ် သို့လာရောက်တရားအားထုတ်လှည့်ပါ ဟုဖိတ်ခေါ်လိုက်ရပါသည်။
အဆွေတော့်ဘက်မှတရားအပေါ် သဓ်ဒါအားကောင်းဖို့သာလိုပါသည်။ ကျန်တာ နေရေး ထိုင်ရေး စားသောက်ဖို့အရေးများကို ဆရာ့တော့်ကျောင်းမှ တာဝန်ယူပါသည်။
သဓ်ဒါအားကောင်းဖို့ဟု ဆိုရာတွင် - ဘာပဲဖြစ်နေ ဖြစ်နေဟယ် တရားထူးရတဲ့အထိ အားထုတ်တော့မယ် ဟဲ့ - ယတိပြတ်သဓ်ဒါမျိုး ဆိုလျှင်ပိုကောင်းပါသည်။
သင့်ဘက်မှတရားအပေါ် သဓ်ဒါအားကောင်းပါက တစ်ထိုင်တည်းနှင့်ပင် “ ဖြစ် ၊ ပျက် “ မြင်နိုင်ပါသည် ဟု အကျွန်မှ ကောင်းကောင်း အာမခံပါသည်။ စာတွေ့မဟုတ်ပါ ၊ ကိုယ်တွေ့တရားဖြစ်ပါသည်။
ရန်ကုန်မှလာပါက ရန်ကုန်-ဥက်ကံ ကားကြီးစီးပြီး တိုက်ကြီးအလွန် အထုပ်ကလေးကျောင်းရှေ့ရပ်ခိုင်းရပါသည်။
ရန်ကုန်-တိုက်ကြီးကားစီးပါက တိုက်ကြီးဈေးဂိတ်ဆုံးတွင်ဆင်းပြီး ရှေ့နှစ်မှတ်တိုင်ကို ကားတစ်ဆင့်ထပ်စီးကာ အထုပ်ကလေး ကျောင်းရှေ့ရပ်ခိုင်းရပါသည်။
စိမ်းစိုလန်းဆန်းသော လယ်ကွင်းပြင်များ လေနုအေးလေးနှင့် ဆရာတော့်ကျောင်းဝင်းအတွင်းမှ စားပင်သီးပင်များ၏ အရိပ် အာဝါသ ကလည်း တရားအားထုတ်ရန်သင့်တော်သကဲ့သို့ဖြစ်သည်။
နှစ်စဉ် သကြန်အကြိုနေ့ မတိုင်မီတရက် (ဧပြီလ ၁၂ ရက်နေ့) မှစပြီး သကြန်တွင်း တရားစခန်းဖွင့်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် စတုတ်ထအကြိမ်မြောက်ဖြစ်ပါသည်။
” တစ်ရက်လျင် (၁) ကြိမ်၊ (၁) ကြိမ်လျင် (၅) နာရီကြာ မပြုမပြင်ထိုင်နိုင်ပါက လာရောက်အားထုတ်လှည့်ပါ ” ဟု ဆရာတော်မှ ကြော်ငြာလေ့ရှိသော်လည်း အဆွေတော့်အနေနှင့် ” ၅ မိနစ်၊ ၁၀ မိနစ် “ လောက်ပဲ ထိုင်နိုင်တယ် ဆိုလျင်လည်း လာသာလာခဲ့ပါဟု အကျွန်မှ ဖိတ်ခေါ်ပါရစေ။
တရားထူးရတဲ့အထိကို ဆရာတော်မှ တာဝန်ယူပါလိမ့်မည်။ အချိန်ရှိခိုက် လာရောက်အားထုတ်လှည့်ပါ ဟုလည်း ထပ်လောင်းပြောချင်ပါသည်။ (မိကျောင်းမင်း ရေခင်းပြခြင်း မဟုတ်ပါ) အချို့သောသူများ နှစ်ရှည်လများ နေရာအနှံ့ သွားလာ တရားရှာသော်လည်း ဖြစ် ပျက် လေးသော်မှ မတွေ့နိုင်သေးပါ။
အဆွေတော်များ သာသနာကောင်းနှင့် ကြုံခိုက်တွင် ကုသိုလ်အရေးမနှေးရအောင် လာရောက်လှည့်ပါ၊ အားထုတ်ပါဟု နိဗ်ဗာန်အကျိုးမျှော် နှိုးဆော်လိုက်ရပါသည်။
( စာရေးသူကိုယ်တိုင် ယခင်နှစ်များက ကြိုးကြိုးစားစား အားထုတ်ခဲ့ပြီး တရား၏ ကောင်းကျိုးချမ်းသာကို အမြဲတမ်း ခံစားရပါသည်။ )

Labels:
ဆောင်းပါး
စိတ်မညစ်ပါနဲ ဒီမှာယူလိုက်နော်
Connectionမကောင်းလို့ Gtalk နဲ့  Vzo မှာစကားပြောလို့ မရရင်စိတ်မညစ်ပါနဲ့ 
* Posted by lunyochaw2010 on ဧပြီ 8, 2010 at 10:47pm
* သတင်းပို့မယ် View lunyochaw2010's blog
*
Connectionမကောင်းလို့ Gtalk နဲ့  Vzo မှာစကားပြောလို့ မရရင်စိတ်မညစ်ပါနဲ့ သူငယ်ချင်းတို့ Skype ကိုသုံးရင်အဆင်ပြေမှာပါ။Skype ဆိုတာဘာလဲကျွန်တော်သေသေချာချာမသိပေမဲ့ ကျွန်တော်သိထားတာက Skype ဟာ vzo လိုပဲချက်လို့ ရတယ်။ပြီးတော့ စကားပြောလို့ လဲရတယ်။ကင်မရာရှိရင်လည်းသုံးလို့ ရတယ်။အနည်းဆုံး Connection မကောင်းရင်တောင်မှ စကားပြောလို့ ရတယ်လေ။ကျွန်တော်အခု Skype ကိုသုံးတာအဆင်ပြေတယ်လေ။သူငယ်ချင်းတို့ ကိုလဲ သုံးစေချင်တယ်လေ။စိတ်ဝင်စားရင်တာ့ အကောင့် လုပ်ရမှာဖြစ်တယ်ဗျ။လုပ်ချင်ရင်အောက်မှာဒေါင်းလိုက်ပါနော်။
Skype ဒီမှာဗျို့ 
အဆင့် (၁)။Skype ကို save လိုက်ပါ။
အဆင့် (၂)။Save လို့ ရတဲ့ ဖိုင်ကလေးကို Run လိုက်ပါ။
အဆင့် (၃)။Run လို့ ပြီးလို့ ဖိုင်တစ်ခုကျလာရင် Sign Up နှင့်  Sign In ဆိုပြီးတော့ နှစ်မျိုးပါလာရမယ်။အဲ့ ဒီလိုမှမဟုတ်ပဲနဲ့  Sign In တစ်ခုထဲပါလာရင်တော့  မိမိသုံးနေတဲ့ စက်မှာလုပ်လို့ မရတော့ ပါဘူး။နောက်စက်တစ်လုံးကိုပဲသွားလုပ်လိုက်ပါနော်။နှစ်မျိုးစလုံးပါရင်တော့ Sign Up မှာအကောင့် လုပ်လို့ ရပါပြီ။အဲ့ ဒီမှာ Skype name မှာ မိမိသုံးချင်တဲ့ အမည်ကို ပေးလိုက်။
Password မှာတော့  မိမိကြိုက်တဲ့ နံပါတ်နဲ့ အမည်တစ်လုံးလောက်ပေးလိုက်ပါ။ဥပမာ(၁၂၃၄၅၆၇၈wai)ပေါ့ ။အဲ့ ဒီလိုမျိုးလေးနော် Password က။Email မှာကတော့  မိမိအခုသုံးနေတဲ့  လိပ်စာကိုပေးလိုက်နော်။ကျန်တဲ့ ဖြည့် စွပ်ချက်တွေကတော့ မိမိကြိုက်သလိုဖြည့် ကြည့် ပါနော်။အဆင်ပြေကြပါစေနော်။အကောင့် ရလို့  သူငယ်ချင်းမရှိလို့  စချက်ချင်တယ်ဆိုရင်တော့  လေ့ လာတဲ့ သဘောအနေနဲ့  ကျွန်တော်ကို စချင်ချင်ရင်လည်းရပါတယ်။ကျွန်တော်အကောင့် ပါ(wwaiaung005 )အဲ့ ဒါလေးကိုခေါ်ကြည့် ပေါ့ နော်။အဆင်ပြေကြပါစေနော်။

ကြွေကွဲးစရာ
လက်တွဲဖြုတ်သွားတဲ့...
လက်တစ်စုံရယ်....
ကျောခိုင်းသွားတဲ့...
ကျောပြင်ရယ်....
ဖြတ်တောက်သွားတဲ့...
သံယောဇဉ်ရယ်....
ငိုကြွေးနေတဲ့...
မျက်ဝန်းတစ်စုံရယ်....
ရပ်တန့်သွားတဲ့ ...
နှလုံးသားရယ်...
အသက်မဲ့သွားတဲ့...
ခန္ဓာကိုယ်ရယ်.....
နောက်ပြီးတော့....
နောက်ဆုံးတော့.....
ကမ္ဘာကြီးက ကျဉ်းလွန်းပါတယ် ဆိုပေမဲ့...
နောင်ဘယ်တော့မှ ပြန်မတွေ့ရတော့မဲ့....
သူငယ်ချင်းရယ်......
မိုးမြေ ပြောတော့ ...
ခံစားချက် ကြီးကြီးကျယ်ကျယ်ရှိရင်...
ကဗျာဖြစ်တယ်ဆို....
နှင်းဆီမှာတော့....
ခံစားချက် ကြီးကြီးကျယ်ကျယ်ရှိရဲ့သားနဲ့.....
ကဗျာဖြစ်မလာပဲ...
ဘာလို့....ကြေကွဲစရာတွေပဲ ဖြစ်လာတာလည်းဟင်.....

ကဗျာ
အတွဲးများအတွက်ဟာသ
နှင်းဆီ ချစ်သူတို့ အတူဖတ်ဖို့ ဟာသများ အပိုင်း ၁ ကို တင်ပြီးသွားပြီး အပိုင်း၂ ကို ပြန်တင်ပေးဖို့ တာဝန်မကျေဖြစ်နေတာ အတော်ကြာပြီ။
ဒီနေ့တော့ အချိန်လေး ယူပြီးပြန်တင်ပေးလိုက်ပါတယ်ရှင်...။
အပိုင်း ၁ မှာ အားပေးကြတဲ့ သူငယ်ချင်းအားလုံးကို တယောက်ချင်းစီ လိုက်ပြီးကျေးဇူးတင်ကြောင်းမပြောနိုင်တဲ့အတွက် ခု ဒီနေရာ အပိုင်း ၂ လေးကနေပဲ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ကြောင်းပြောပါရစေရှင်...။
ကျေးဇူးအများကြီးတင်မိပါတယ်ရှင်။
လေးစားစွာဖြင့် ...
ပန်းနှင်းဆီ
....ချစ်အဓိပ္ပာယ်...
Love (အချစ်) ဟူသည်....
L..Lake of sorrow..(ဝမ်းနည်းပူဆွေးရေအိုင်)
O..Ocean of tears..(မျက်ရည်သမုဒ္ဒရာ)
V..Valley of death..(မရဏတောင်ကြား)
E..End of live..(ဘဝ နိဂုံး) ပါတဲ့.....
$$$$ဟိုတယ်နှလုံးသား $$$$
"ကျွန်တော့မှာ ဟိုတယ်လိုနှလုံးသား ရှိပါတယ်နော်"
"ဘာကိုပြောတာလည်းဟင်၊ ကျွန်မနားမလည်ဘူး"
"နောက်တစ်ယောက်အတွက် အမြဲတမ်း အခန်းရှိနေတယ်လေ"
@@@ အိုကွယ်...ရှက်လိုက်တာ @@@
စစ်သားလေးက သူ့ချစ်သူကို စစ်စခန်းတစ်ခုစီသို့ အလည်ခေါ်သွား၏။ သူတို့ရောက်ပြီး မကြာမှီ ရိုင်ဖယ်လ်တပ်သားများ သေနတ်ပြစ်လေ့ကျင့်နေသော နေရာသို့ ကူးသွားကြ၏။ မမျှော်လင့်ပဲ ကျယ်လောင်သော သေနတ်ပစ်သံများကို ကြားလိုက်ရသည့်အခါ ချစ်သူမိန်းခလေး တုန်လှုပ်လန့်ဖျက်သွားကာ စစ်သားလေး၏ ရင်ခွင်ထဲသို့ ပြေးဝင်မိလေ၏။
သူတို့နားမှ စစ်သားများ ပြုံးကြလေ၏။ ချစ်သူမိန်းကလေး အတော်ရှက်သွားကာ စစ်သားလေး၏ ရင်ခွင်မှ ရုန်းထွက်လိုက်၏။
"ဒီလောက်ထိ လန့်သွားမယ်လို့မထင်မိဘူး၊ ရှက်လိုက်တာကွယ်"
ထိုတွင် စစ်သားလေးက ပြုံးစိစိနှင့် ဆက်ပြောလိုက်၏။
"ကဲ အချစ်၊ ကိုယ်တို့ လက်နက်ကြီးတွေ လေ့ကျင့်နေတဲ့နေရာကို သွားကြည့်ရအောင်" တဲ့
#### နွားတစ်ကောင်၏ မှတ်တမ်း ####
ချစ်သူ့အိမ်မှာ ကျနော်ရောက်နေ၏။ ကျနော်တို့နှစ်ယောက် ဆိုဖာကြီးပေါ်မှာ အတူယှဉ်တွဲထိုင် ကြ၏။ ကျနော်က ချစ်သူကို တင်းတင်းကျပ်ကျပ် ဖက်လိုက်၏။ ချစ်သူကလည်း ကျနော့်ကို တင်းတင်းကျပ်ကျပ် ပြန်ဖက်၏။ သို့သော် သိပ်မကြာပါ။
ကျနော့်ကို အသာတွန်းဖယ်ပြီး ရုတ်တရက် ထရပ်လိုက်၏။ ပြီးတော့ မီးခလုပ်ကို လှမ်းပိတ်လိုက်၏။
ကျနော် အရိပ်အခြည်ကို ကောင်းကောင်းနားလည်လိုက်ပါသည်။ ဩော်...သူအိပ်ချင်ရှာပြီကိုး..။
ကျနော် သနားစိတ်ဖြင့် ထပြန်ခဲ့ပါသည်။....(ရိုင်းသွားရင် ခွင့်လွတ်ပါရှင်)
%%% ပုံမှန်အနေအထား %%%
"ဟဲ့...နင့်ချစ်သူက နင့်ကို နမ်းတဲ့အခါ သူ့မျက်နှာဘယ်လို ဖြစ်နေလည်း၊ ပြောပြစမ်းပါဟယ်"
"ဘယ်သိမှာလည်း၊ ငါက အနမ်းခံရတိုင်း မျက်စိကို စုံမှိတ်ထားတာဟဲ့..."
(မှတ်ချက်။ ။ ကိုယ်တွေ့မဟုတ်ပါ....ဟီးဟီး)
&&&& အဖျားရှူး ဇာတ်သိမ်း &&&&
ပရိဘောဂဆိုင်ကြီးကို ပိုင်သူတစ်ဦးသည် ပြန်လည်ရောင်းချဖို့ ပရိဘောဂများ ဝယ်ယူရန် နယူးရောက်သို့ ရောက်လာခဲ့လေသည်။
သူတည်းသော ဟိုတယ်ဓါတ်လှေကားထဲ၌ တနေ့တွင် တကယ်လှ တကယ်ချောသော မိန်းမပျိုလေးတစ်ဦးနှင့် တွေ့ရ၏။ မိန်းမပျိုလေးက ပြင်သစ်မလေးဆိုတော့ တယောက်ဘာသာစကားကို တယောက်နားမလည်။
ထို့ကြောင့် သူက မှတ်စုစာအုပ်လေးထုတ်ပြီး အငှားကားတစ်စီးပုံ ဆွဲပြလိုက်လေ၏။ ကောင်မလေးက ခေါင်းငြိမ့်၏။ ထို့နောက် သူတို့ အငှားကားတစ်စီးငှားကာ အတူစီးပြီး စားသောက်ဆိုင် တစ်ခုသို့ သွားကြလေ၏။
စားသောက်ဆိုင်တွင် စားသောက်နေကြရင်း သူဌေးကြီးက စာရွက်ပေါ်တွင် ကနေသည့်ပုံတစ်ခုဆွဲပြရာ ကောင်မလေးက သဘောတူခေါင်းငြိမ့်သဖြင့် သူတို့တွေ အတူကကြလေ၏။ ကောင်မလေးခမျှာ သူဌေးကြီးကို အတော်သဘောကျသွားလေ၏။
ထို့နောက် သူတို့နှစ်ဦး ဝိုင်အတူသောက်ကြလေ၏။ ထိုအချိန်တွင် ကောင်မလေးက သူဌေးကြီးထံမှ စာရွက်နှင့် ဘောပင်ကိုတောင်းကာ ကုတင်ပုံတစ်ခုကို ဆွဲပြလိုက်လေ၏။
ထိုပုံကို မြင်သောအခါ သူဌေးကြီးမှာ အံ့ဩစိတ်နှင့်အတူ ပါးစပ်ကပင် ထွက်၍ ယောင်မိသည်ဟူ၏။ သူဌေးကြီးယောင်လိုက်သည်ကား.....
"ဟား၊ တော်လိုက်တဲ့ ပြင်သစ်မပဲ၊ ငါပရိဘောဂရောင်းတယ်ဆိုတာ သူဘယ်လိုသိလဲမသိဘူးတဲ့။" ကဲ....မှတ်ကရော....
(^-^)((^-^) မရိုက်ပေါင်ရှင် (^-^)(^-^)
ခင်ပွန်း...။"မင်းကို ဟိုငနဲက ရည်းစားစကားလိုက်ပြောတာ ဘာလို့ ငြိမ်ခံခဲ့ရတာလည်း၊ ပါးဆွဲပြီး ရိုက်လိုက်ပါလား..."
ဇနီး......။" အိုတော်...မရိုက်နိုင်ပေါင်၊ အပျိုလို့ အထင်ခံရ နည်းသလားရှင့်.."
မြန်မာ့သွေးအဖွဲ့မှတင်ဆက်သော ချစ်သူတို့ အတူဖတ်ဖို့ ဟာသများထဲကဖြစ်ပါတယ်ရှင်....
ကျေးဇူးတင်စွာဖြင့်...
လေးစားလျှက်...

ဟာသ
Tuesday, March 30, 2010
ချစ်သူလဲဆုံးဂတုံးလဲဖြစ်
ဒီ post ကို မတင်ခင်မှာ အကြိမ်ကြိမ် သချာ စဉ်းစားပါသေးတယ်။ သူခိုးလမ်းပြ လုပ်သလို၊ ကျားကို အတောင်ပံ တပ် ပေးသလို ဖြစ်မှာ စိုးရိမ်မိပါတယ်။ ဘာမှ မသိ နားမလည်သေးတဲ့ သိုးငယ်များကို ကျားပါးစပ် ပေါက်က
လွတ်စေဖို့အတွက် လည်း အားလုံး သိဖို့လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်ကပဲ စဉ်းစားပြီး ကိုယ်ရေးကိုယ်တာ အတွက် အသုံးပြုလိုသူများအတွက် သုံးနိုင်အောင် ဖော်ပြလိုက်ရပါတယ်။
ဘယ်နိုင်ငံသားတွေနဲ့မှ မတူတဲ့ မြန်မာ လူမျိုးများရဲ့ ထူးခြားတဲ့ ဓလေ့စရိုက်တစ်ခု က အင်တာနက်ပေါ်ကနေ ချစ်သူဖြစ်ရင် ချစ်သူရဲ့ Gmail account ရဲ့ Password ကို တောင်းပြီး အကောင့်ထဲ ဝင်ကြည့်တာ၊ ဖြတ်သင့်တာဖြတ်တာ၊ စစ်သင့်တာ စစ်တာတွေ လုပ်ကြတာပါပဲ။ မသိရင်တော့ စစ်နေချိန်၊ ဝင်ကြည့်နေချိန်မှာ ကိုယ့်ထဲက အကြောင်းတွေ သူသိသွားပြီး Sign out လုပ်လိုက်တာနဲ့
သူဘာမှမသိတော့ဘူး၊ ဘာမှမတက်နိုင်တော့ဘူး၊ ခဏပြပြီး Password ပြန်ချိန်းလိုက်မယ် လို့ ဘယ်တော့မှ
မစဉ်းစားလိုက်ပါနဲ့။ ဝင်ကြည့်နေချိန် ခဏ မှာ ကြည့်နေတာလေး နဲနဲတင် သိသွားမှာ မဟုတ်ပါဘူး၊ ဟိုး အရင် account စ လုပ်ချိန်ကနေ နောက်ဆုံး account ကို လုံးဝ မသုံး တော့ချိန်ထိ အားလုံး သိအောင် လုပ်ထားလို့ရပါတယ်။
ကိုယ့်အတွက် ကိုယ်ပဲ ဆိုရင်တော့ account အသစ် တစ်ခု သုံးချင်ချိန်တွေမှာ အရင်က အဟောင်းထဲက Data တွေ အားလုံးကို အသစ်ထဲ ကို ပြန်သိမ်းဖို့ အရမ်း အဆင်ပြေပါတယ်။
Email ကို Back up လုပ်တဲ့ စနစ်လေးပါ။
အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ့်ရဲ့ Email ထဲမှာရှိနေတဲ့ Mail တွေကို တစ်ခြား Email တစ်ခုကို တစ်စောင်ချင်း Forward လုပ်စရာမလိုပဲ နာရီပိုင်းအတွင်းမှာ သူ့အလိုလို တစ်ခြား Email တစ်ခုထဲကို Download ချပြီးသားဖြစ်အောင်လုပ်လို့ရပါတယ်။
ဒီ နည်းလမ်းက ကိုယ့်ရဲ့ Password ကို အခြား တစ်စုံတစ်ယောက်ကို ပေးထားတတ်တဲ့ သူတွေအတွက် အရမ်းကို အန္တရယ်များတဲ့ နည်းလမ်းပါ။ မိနစ်ပိုင်းအတွင်းမှာ ကိုယ့် ထဲကရှိသမျှ Mail အားလုံးကို ကိုယ့် Email address
password ကိုသိနေတဲ့ တစ်ခြားလူတစ်ယောက်က download ချသွားနိုင်ပါတယ်။ ဘယ်သူ ချတယ်ဆိုတာ ကိုယ့်ထဲမှာလည်း စစ်လို့မရဘူးနော်။ ဥပမာပြောရရင် sample@gmail.com က ကိုယ့်ရဲ့ mail ထားပါတော့ အခြား မသမာသူ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Password သိနေတယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်သွားပါက ကိုယ့်ထဲကို Verification code ပါတဲ့ mail တစ်စောင်ပဲဝင်လာမယ်။
အဲဒီ mail ကိုလဲ အဲ့ဒီ မသမာသူ
တစ်စုံတစ်ယောက်ကပဲ ယူပြီးတာနဲ့ ပြန်ဖြတ်သွားရင် ကိုယ့်အနေနဲ့ ဘာမှတောင် မသိလိုက်ရပဲ အားလုံးပါသွားလိမ့်မယ်။ အဟောင်းတွေ ပါသွားရုံတင် မဟုတ်ပါဘူး နောက်ထက် အသစ်တွေ ဝင်လာရင်လည်း သူ့ဆီကိုအလိုလို download ချနေမှာပါ။
ဒီ post ရဲ့ အဓိကရည်ရွယ်ချက်ကတော့ (၁) မသိသူများအတွက် အသိတစ်ခု တိုးစေဖို့၊ (၂) ကိုယ့် Email လုံခြုံရေးကို သတိပြုနိုင်စေဖို့နဲ့ (၃) ကိုယ့်ရဲ့ Email တွေကို back up လုပ်လိုသူများ လုပ်နိုင်ဖို့
အတွက်ပါ။
သူများ Mail ကို ခိုးဖို့မဟုတ်ပါဘူး။ အားလုံးပဲ မှန်ကန်စွာအသုံးချမယ်လို့ မျှော်လင့်ပါတယ်။
ပထမဆုံး ကိုယ့် Mail တွေကို Back up လုပ်ပြီး သိမ်းထားဖို့အတွက် Gmail အသစ်တစ်ခု လုပ်ပါ။
ပြီးရင် အဲဒီ Email အသစ်ထဲကိုဝင်ပါ။ ဥပမာ.. sample@gmail.com ဆိုတဲ့ Mail ကို အသစ် လုပ်ထားသော Mail တစ်ခု ကနေ Download ဆွဲမယ်ဆိုပါစို့။
1. အသစ်လုပ်ထားသော Gmail ထဲကို အရင် ဝင်ပါ။
2. Setting ကို သွားပါ။
3. Account and Import tab ထဲကို ဝင်လိုက်ပါ။
4. Add POP3 email account button ကို click ပါ။
5. Download ချ မယ့် account ရဲ့ Email Address ကို ဖြည့်ပါ။ (Download ချ ခြင်းခံရမည့် account)။
6. Next Step ကို click ပါ။
7. Password ကို ရိုက်ထည့်ပြီး Label incoming messages box ရှေ့တွင် အမှန်ခြစ်ပေးပြီး Dropdown တွင် မိမိနှစ်သက်သလို lable အသစ်တစ်ခု ပေးပါ။
8. Add Account ကို click ပါ။
9. Next Step ကို ဆက်သွားပါ။
*
10. နာမည်ဖြည့်ပြီး Next Step ကို click ပါ။
11. Send Verification
botton ကို click ပါ။
12. Code နံပါတ်ကို ထည့်ရန် နေရာနှင့် Verify button တစ်ခု ကျလာပါလိမ့်မယ်။ Code နံပါတ် ရရှိရန်အတွက် မူလ account ထဲသို့ ပြန်ဝင်ပါ။ inbox (သို့) span mail ထဲသို့ code နံပါတ် ပါသော mail တစ်စောင် ရောက်ရှိ နေပါလိမ့်မယ်။
13. Code နံပါတ်ကို ဖြည့်ပြီး Verify လုပ်လိုက်ပါ။
နာရီအနည်းငယ်အတွင်းမှာပဲ Email အားလုံး ရောက်ရှိလာပါ လိမ့်မယ်။
အားလုံးပဲ မှန်ကန်စွာအသုံးချနိုင်ကြပါစေ။
မှတ်ချက်။ ။ အနာသိရင် ဆေးရှိ။ အမေးရှိရင် အဖြေရှိ ဆိုတဲ့အတိုင်း အသိနောက်ကျသွားလို့ ခံလိုက်ရသူတွေ၊ ကိုယ့် Email အချင်းချင်း Data တွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေနဲ့ ကိုယ် Gmail ကို သံဿယ ရှိသူတွေ အတွက် ပြန်ဖြေနည်းတစ်ခု တော့ရှိပါတယ်။ ကိုယ် Password ပေးဖူးတဲ့ တစ်ယောက်ယောက် က ကိုယ့်ဆီက Email တွေကို အထက်ပါ နည်းအတိုင်း Download ချ သွားပြီ ဆိုပါဆို့။ အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။ အဟောင်းတွေ ပါသွားတာကို တားလို့မရပေမယ့် အသစ်တွေ သူ့ဆီမဝင်အောင် တားလို့တော့ ရပါသေးတယ်။ ဘယ်လိုတားမလဲဆိုတော့ နောက် post တစ်ခုတင်ပြီး
ဖြေရှင်း ရေးသား ဖော်ပြ ပေးပါမယ်။ Gmail အသုံးပြုသူအားလုံး လုံခြုံ အစဉ်ပြေမှုများနှင့် ပြည့်စုံကြပါစေ။
အားလုံးအတွက်ကျေးဇူးပါဗျာ၊၊
သိုးငယ် အဆင့်တောင်မရှိသေးတဲ့ ကျွန်နော့်လို နည်းပညာတွေနဲ့
သိပ်ကို အလှမ်းဝေးကွာ လွန်းပါတရ်၊၊
ဆက်လက် မျှဝေခွင့်ပြုပါ၊၊
.........................................................................................................................................................
ကိုချစ်ကို တင်တဲ့ ပိုစ့်လေးကိုဖတ်ပြီး ဒီတခါတော့အပိုင်ဘဲဆိုပြီး
ကျွန်တော့ချစ်သူ မေးလ်ကို ဒေါင်းလွတ် ချပြီးစစ်လိုက်တာ
အားလုံ ok ဘဲ သူကရိုးသားတော့ သား က၀မ်းသာသွားတယ်
သူလဲသိတယ်လေ ဒါနဲ့ဘဲ ဖေဖေ ရဲ့မေးလ်ထဲကိုထပ်ပြီးဒေါင်းလွတ်
ထပ်ချလိုက်တယ် မိတာပေါ့ ဖေဖေ ကောင်မလေးတွေကို Q ထားတာ
မေ့မေ့ကို တိုင်ပြောလိုက်တော့ နောင်ကျိန်ချကြတာပေါ့ ဖေဖေ လဲအွန်လိုင်းမတတ်ရတော့ဘူး
ဟိဟိ……..မင်းနဲ့ငါတွေ့မယ်လို့တော့ပြောတာဘဲ 4 ၇က် 5 ရက်ထိဘာမှမပြောဘူး
ကျွန်တော်လဲ အသစ်လာအပ်တဲ့ ကောင်မလေးတွေကို အားရပါးရ Q နေတာ
4ရက် 5ရက် ရှိသွားပြီ ဒီနေ့တော့ ဖေဖေ့ ဆိုင်ကိုသွားပြီး ဆံပင်ညှတ်တယ် ဖေဖေ က
မကြေနပ်တဲ့ သဘောနဲ့ မဲ့ပြုံးလေးပြုံးပြတယ်ဗျာ မကျေနပ်တဲ့သဘောပေါ့ ဒါနဲ့
ဆံပင်ညှတ်တဲ့ ခုံပေါ်မှာကျကျနနထိုင်းပြီးအညှတ်ခံလိုက်တယ် စက်ကတ်ကြီးနဲ့
အရင်းကနေတီးထဲ့လိုက်တာ …..ဟားးးးးးး……..သား ရဲ့ ကိုးရီးယား ကေလေးပျက်သွားတယ်
မလှတော့တာနဲ့ ခေါင်းတုံးလိုက်ရတယ် ညစ်ညစ်နဲ့ အင်တာနက်ကဖေး သွားပြီး
အသစ်လာအပ်ထားတဲ့ ကောင်မလေးတွေကို သွား Q လိုက်တာတ၀ကြီးဘဲ
ပြန်တော့မယ်လို့နှုတ်ဆက်လိုက်မှ နေဦး ခုပြောနေတာ ရှင်ဘယ်သူထင်လဲတဲ့
ကျွန်မ ကိုကျတော့ မေးလ်ထဲမှာ ဒေါင်းလွတ်ချပြီးစစ်တယ် ရှင်ကျတော့ ကမြင်းနေတယ်
ဒီနေ့ကစပြီးရှင်နဲ့ ကျွန်မအပျက်ဘဲတဲ့ ……ဟင့်ဟင့်…ဟီးးးးးးးးး.အီးးးးးးးးး……..
ကိုချစ်ကို ရေ အသုံးဝင်တာမှ ကွတ်တိဘဲ ခုတော့ သားအဖြစ်က
ချစ်သူလဲဆုံး ခေါင်းလဲဂတုံးဖြစ်ရပါပြီ ဗျ……………
(မှတ်ချက်)တကယ်အသုံးဝင်လို့ပြန်တင်ပြလိုက်တာပါ
အနာသိရင် ဆေးရှိ။ဆိုတဲ့အတိုင်း အသစ်တွေ သူ့ဆီမဝင်အောင် တားလို့
ရတဲ့နည်းလေးရှိရင် ဒီမေးလ်ထဲကိုပို့ပေးကြပါနော် ဖေါ်လဲဖေါ်ပြပေးကြပါ
kingofvirus5@gmail.com သား ကိုလဲခင်မင်စွာနဲ့ ဖိတ်ခေါ်ကြပါနော်..........

သွေးနဲ အသတ်
ဒီပို့စ်လေးက ဦးဇင်း ပညာနန္ဒရဲ့ blog ကနေဖတ်လိုက်ရလို့ စိတ်ထဲမှာ ရသပေါင်းစုံကို ခံစားရတာကြောင့် သူငယ်ချင်းများကိုပါ ဝေမျှလိုက်ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
စာရေးသူ ဒီပို့စ်လေးကို ဘလော့စာမျက်နှာပေါ်မှာ အစပထမ မရေးတော့ဘူး မတင်တော့ဘူး စသည်ဖြင့် ဆုံးဖြတ်ထားခဲ့ပါသည်။ ဘာကြောင့်လည်းဟု ပြောဆိုလာရင်ဖြင့်
သွေးလှူတာကိုများ ဘလော့ထဲမှာ ရေးပြီး ကြွားတယ် ၀ါတယ်ဟု တစ်ချို့သော သူများ
စာရေးသူ၏ အပေါ်မှာ တွေးမိကြ မြင်မိကြ သောအခါ ကုသိုလ်စိတ်မဖြစ်မိပဲ
အကုသိုလ်စိတ် ဖြစ်ပွားသွားမည် ဆိုးသောကြောင့်ဖြစ်ပါသည်။ သို့ပေမယ့်လည်း
သီရိလင်္ကာနိုင်ငံ အင်တာနေရှင်နယ် သွေးလှူဘဏ်မှာ စာရေးသူ၏ မျက်မှောက်
သွေးလှူနေချိန်တွင် ဖြစ်ပွားနေခဲ့သော ကိုယ်တွေ့ အကြောင်းအရာလေးများကို
စာဖတ်သူတို့အား သိစေချင်သော အတွက်ကြောင့် သာလျှင် ဒီပို့စ်လေးကို
စာဖတ်သူတို့ မျက်မှောက်သို့ ရောက်အောင် ရေးလိုက်မိပါကြောင်း...........။
ယနေ့ ၂၃-၁၁-၂၀၀၉ ရက်သည် စာရေးသူ၏ အသက် ၂၇ နှစ် အတွင်း အကြိမ်၂၀
မြောက်သွေးလှူဒါန်းခြင်းနေ့ ဖြစ်ပါသည်။ သို့အတွက်စာရေးသူ အိပ်ရာမှ
စောစောထပြီးလျှင် ဈေးသို့သွားကာ ဆေးရုံရှိ မရှိဆင်းရဲသော လူနာများအား
လှူဒါန်းရန် နိုင်သလောက် ပစ္စည်းအချို့ကိုသွား၍၀ယ်ခဲ့ပါသည်။ (လေးလတစ်ကြိမ်
သွေးလှူဒါန်းရန်သွားသည့်အခါတိုင်း ဆင်းရဲသော လူနာများအတွက် နိုင်သလောက်
ဤကဲ့သို့ ၀ယ်၍သွားခဲ့ပါသည်။)
အချိန်က နံနက်ကိုးနာရီပတ်ဝန်ကျင် ရာသီဥတုက ယနေ့တွင် ဖေါက်ပြန်နေသောကြောင့်
မိုးပဲရွာတောမလိုလို နေပဲ ပူတော့မလိုလိုနှင့် သာယာခြင်းမရှိ အုံးဆိုင်းကာ
ဖြစ်လျက်နေပါသည်။ သွားနေကြအတိုင်း အဆောင်မှာ ကားငှားပြီး ဆေးရုံသို့
သွေးလှူရန်အတွက် သွားခဲ့ပါသည်။ ယနေ့ ထူးထူးခြားခြား ဆေးရုံး၏ဘေး လမ်းကြားထဲ
နှင့် ကားလမ်း၏ဘေးများတွင် လူများစွာတန်းစီနေကြသည်ကို တွေ့လိုက်ရပါသည်။
သွေးလှူဘဏ်သို့ရောက်သောအခါ ပုံမှန်အတိုင်း သွေးဖောက်ခန်း၏
အတွင်းသို့ရောက်သောအခါ လူတွေအများကြီးဖြစ်နေသောကြောင့် မေးမြန်းကြည့်ရာ
တိုက်ပွဲတွင် ဒဏ်ရာရသော စစ်သားလူနာရှင်မိဘများ နှင့်
အရပ်သားလူနာရှင်မိဘမောင်နှစ်မများသည် လူနာများ ခွဲစိတ်နိုင်ရန်အတွက်
သွေးအရေးတကြီး လိုအပ်နေသောကြောင့် လူနာရှင်များသည် ဆေးရုံ၏
အတွင်းသို့ဝင်နေရန်ခွင့်မရှိ၍ ညကတည်းက အပြင်ကားလမ်းမဘေးမှာ
ဖြစ်သလိုနေပြီး သွေးရရန်အတွက် ဒီမှာ စောင့်ဆိုင်းနေကြပါသည်ဟုပြောပါသည်။
ညကတည်း ကဆို၍ စာရေးသူ အံ့အြသွားခဲ့ရပါသည် ဘာကြောင့်လဲဆိုရင်ဖြင့် သီရိလင်္ကာမှာ
ယခုအချိန်သည် မနက် နေ့လည် ပိုင်းထက် ညနေပိုင်းမှ မိုးလင်းအထိသည်
မိုးများသီးထန်စွာ ဆက်တိုက်ရွာသွန်းနေသော အချိန်ရာသီဖြစ်သောကြောင့်
ဖြစ်ပါသည်။ အမိုးအကာမရှိ ဖြစ်သလိုမျိုး နေကာ အ၀တ်အစာများ
မိုးများစိုရွဲကာဖြင့် သွေးလှူဒါန်းမည်သူများကို စောင့်ဆိုင်နေသော
လူတန်းစုကို မြင်လိုက်ရသောအခါ ခံစားချက်ရေယဉ်လှိုင်း တစ်ခုသည်
ရင်ထဲမှာရှိသော နှစ်လုံးသားဆိုင်ပေါ်သို့ ပြင်းပြင်းထန်ထန်
ရိုက်ခတ်လာခဲ့ပါတော့သည်။ ဤကဲ့သို့ မိုးထဲလေထဲ တညလုံး ကားလမ်းဘေးတွင်
ဖြစ်သလိုနေ ဖြစ်သလိုအိပ်ကာ သွေးရရှိရန် အတွက် တန်းစီကာစောင့်ဆိုင်းနေကြသော
လူတန်းစုထဲတွင် ချမ်းသာသော လူတန်းစားများ ပါဝင်လိမ့်မည်မဟုတ်ဟုလည်း
တဆက်တည်း တွေးဖြစ်လိုက်ပါသည်။
ယခုသီရိလင်္ကဆိုသော နိုင်ငံတွင်းမှာလည်း မိမိ၏သွေးကို ပိုက်ဆံမယူပဲ စေတနာဖြင့်
လှူဒါန်းသူများရှိသလို ပိုက်ဆံနှင့် ရောင်းချပြီး မိသားစု၏ ၀မ်းရေးကို
ဖြေးရှင်းနေ ကြသူများလည်းရှိပါသည်။ နိုင်ငံအတွင်းမှာ ယခုနှစ်တွင်
ရာသီဥတုဖောက်ပြန်ခြင်း တိုက်ပွဲတွေလည်း ဟိုတစ်စု ဒီတစ်စု
ဆက်တိုက်ဖြစ်ပွားနေခြင်း များကြောင့် ဆေးရုံးဆေးခန်းများတွင် လူနာများသည်
အရင်ကနှစ်များထက် များပြားလာသောအခါ သွေးလှူဘဏ်များ၌လည်း
သွေးများပျက်သွားခဲ့ရသလောက်နီးပါး ဖြစ်နေသည့်အတွက်ကြောင့်
ပုံမှန်အလကားရနေသော ဌာနများ၌ သွေးကိုမရ၍ အပြင်မှ လှူဒါန်းရန်
သွေးလှူဘဏ်သို့ ရောက်လာသာ လူများကို မိမိဘက်သို့ ရောက်လာစေရန်
ငွေရှိသူများက ငွေများနှင့် ဖိ၍ လုပ်လိုက်သောကြောင့်
ဆင်းရဲသောမိသားစုများသည် သွေးရရှိရန်အတွက် ဒုက္ခဖြစ်သွားခဲ့ရပါသည်။
ချမ်းသာသောသူများကတော့ ငွေနှင့်အလွယ်တကူ သွေးလှူသူများထံမှ တိုက်ရိုက်
ဝယ်ယူကာ မိမိလူနာများ အသက်ရှင်နိုင်ရန်တွက် သွေးကို လူနာများသို့
အချိန်မှီသွင်းပေးကြရပါသည်၊ ယခုလောလောဆယ်တွင် ဆေးရုံတွင်လည်း
သွေးမရှိသောကြောင့် ဆင်းရဲသားများမဆိုထားနှင့် ငွေရှိသူမျာတောင်
သွေးရရှိရန် အခတ်တွေ့နေကြရပါသည်ဟု တာဝန်ခံဆရာဝန်က ပြောပြခဲ့ပါသည်။ ပို၍
အခတ်တွေ့သွားသည်က မ၀ယ်နိုင်သော ဆင်းရဲသားများအတွက်ဖြစ်ပါသည်။
စာရေးသူ၏သွေးက (အေ) သွေးဖြစ်သောကြောင့် ဆရာဝန်က အရှင်ဘုရား
ကြိုက်သောလူနာရှင်ကို ရွှေးပေးပါဆို၍ အပြင်သို့ ထွက်လိုက်သောအခါ (အေ)
သွေးလူနာရှင်များ အနားသို့ ၀ိုင်းအုံးလာပြီးလျှင် ငိုရင်းဖြင့် သွေးလှူရန်
သို့မဟုတ် ရောင်းပါရန် အလုအယက်ပြောလာခဲ့ကြပါသည်။
စာရေးသူ ထိုအရေးတကြီးလူနာများကို တစ်ယောက်ထဲလှူ၍ မရသောကြောင့်
ဤကဲ့သို့ရွေးချယ်လိုက်ပါသည်။ စစ်သား၊ ချမ်းသာသောအရပ်သား၊ မချမ်းသာသောလည်း
အသင့်အတင့်ရှိသောသူများ။ ထိုသူများကို ဖယ်ရှားလိုက်ပါသည်။ စစ်သားများသည်
အစိုးရက ကြည့်နေမှာမဟုတ်ပါ ထို့အတူ ချမ်းသာသောသူများသည်လည်း သွေးကို
ရောင်းမည်သူများထံမှ ငွေနှင့်အလွယ်တကူ ၀ယ်နိုင်ပါလိမ့်မည်။ သို့အတွက်
ဆင်းရဲသားများအတွက်ကို ဦးစားပေးခဲ့ပါသည်။ ဆင်းရဲသူများကိုရွှေးနေရင်းဖြင့်
အမျိုးသမီးကြီးတစ်ဦးက အနားကပ်လာပြီးလျှင် သူမမှာအလုပ်မအား၍
အရှင်ဘုရားထံကနေ သွေးကို ၀ယ်ချင်ပါသည် ၁သောင်းပေးပါမည် အပြန်ကားနှင့်လည်း
လိုက်ပို့ကာပေးပါမည် စသည်ဖြင့်ပြောလာပါသည်။ ထိုပြောလာသော ၁-သောင်းသောငွေသည်
ဒေါလာ ၁၀၀ နီးပါးမျရှိ၍ အကယ်၍များ ထိုအမျိုးသမီးကြီးအား ရောင်းလိုက်မိပါက
နိုင်ငံရက်ခြားမှာ ပညာသင်ကြားနေသော စာသင်သား တစ်ယောက်အတွက် အတော်လေးကို
အစဉ်ပြေသွားမည့် အခြေအနေတစ်ရပ်ဖြစ်ပါသည်။ ဒါကိုလည်း နိုင်ငံခြားမှာ
ပညာသင်ကြားနေသော ကျောင်းသူ ကျောင်းသားများ သိကြမှာပါ။ သို့ပေမယ့်
ထိုအမျိုးသမီးကြီးကို ပြုံးကြည့်ကာ စာရေးသူ ငြင်းပယ်လိုက်ပါသည်။
ထိုသို့ ငြင်းပယ်ပြီးနောက် ဆင်းရဲသားများထဲမှာ မည်သူကို လှူဒါန်းရကောင်းမလဲဟု
စဉ်းစားနေတုန်း ဒုတိယအကြိမ် အနားသို့ တုန်တုန်ရင်ရင်ဖြင့် ရောက်လာသောသူကို
ကြည့်လိုက်မိတော့ ဟောင်းနွမ်းနေသော အ၀တ်အစားကို ၀တ်ဆင်ထားသော
အဘွားအိုကြီးတစ်ဦး အရေပြားများ တွန့်လိမ်နေသော အိုစာနေသောခန္ဓာကိုယ်၊
နီရဲလျက်ရှိနေသောမျက်လုံးများ၊ နှစ်ဘက်သော ပါးပြင်ပေါ်တွင်
အလိမ်လိမ့်ကျဆင်းနေလျက်ရှိသော မျက်ရည်ကြည်ဥကလေးများ နှင့် မခြောက်တစ်ခြောက်
မျည်ရည်စီးချောင်းကလေးများ ၊ သောကဝေဒနာများဖြင့်ဖုံးလွှမ်းနေသော
မျက်နှာပြင်၊ တုန်တုန်ရင်ရင်ဖြင့် အရေးကြီးသောပစ္စည်းတစ်ခု အောက်သို့ကျကာ
ပျောက်သွားမည်ကို စိုးရိမ်သည့်အလား လက်ထဲမှာ ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်၍ထားသော အရာဝထ္ထုတစ်ခုနှင့်အတူ မထင်မှတ်ပဲ ကြားလိုက်ရေသော ( Hello,
How are you my son? I'm.....) ဟု ပီသ ရှင်းလင်းသော အင်္ဂလိပ်သံဖြင့်
အသံပြု လက်အုပ်ချီ ဦးချကာ နုတ်ဆက်ပြီး မျက်နှာလေးမော့ကာ နီရဲပြီး
မျက်ရည်များရစ်ဝိုင်းနေသော မျက်လုံး၊ တုန်ရင်နေသော အသံလေးဖြင့် အဘွားအသက်
၇၆ နစ်ရှိပါပြီး အသက် ၂၅ နှစ်ရှိသော မြေးလေးနှင့်အတူနေပါတယ် ၊ မထင်မှတ်ပဲ
လွန်ခဲ့သောညတညမှာ အဘွား၏မြေး လမ်းမှာ တွန်းလှည်းနှင့်ပစ္စည်းတွေ
လိုက်ရောင်နေတုန်း ကားတိုက်မှုဖြစ်ကာ ဆေးရုံးသို့ ရောက်နေပါတယ်
ဘယ်ကားတိုက်သွားသည်ကိုလည်း မမှတ်မိ ကားသမားကလည်း ထွက်ပြေးသွားသော
အတွက်ကြောင့် အဘွားကိုယ်တိုင် လိုက်လုပ်ပေးနေရပါသည်ဟု စာရေးသူကို
ထိုကဲ့သို့ ပြောလာပါသည်။
ဆေးရုံးက ဆင်းရဲသားတွေအတွက် အလကားဆိုပေမယ့်လည်း စားစရိတ် သွားစရိတ်
လာစရိတ်စသည်များကိုတော့ အဘွားတို့ကိုတိုင် ကိုယ်ဘာသာကို ဖြေရှင်းရပါတယ်သား၊
အဘွားတို့ကဆင်းရဲသည့်အတွက် ဒီလောက်ကလေးကိုတောင် မတက်နိုင်ခဲ့ပါဘူး။
အဘွားကျန်းမာရေးလည်း သိပ်မကောင်းတော့ လမ်းလည်းမြန်မြန်မလျှောက်နိုင်ဘူး
ဖြစ်နေတယ် ဆေးရုံနှင့်အဘွားတို့နေအိမ်က နည်းနည်းဝေးတဲ့အတွက် အိမ်ကို
မပြန်နိုင်ပဲ ဟောဒီဆေးရုံနားမှာပဲ ဖြစ်သလိုနေ ဖြစ်သလိုစားပြီး
အဘွားမြေးလေးကို ကြည့်နေရတာပါသားရယ် အဘွားယခုတောင် ထမင်းမစားရသေးပါဘူး
မနေ့ကတည်းပါ စာလည်းမစာပါဘူး၊ စာရေးသူကနေ အဘွားမှာ
ဆွေမျိုးသားချင်းများမရှိဘူးလားဟု မေးလိုက်သောအခါ ရှိပါတယ် ဆင်းရဲတော့
သူတို့က ဂရုမစိုက်ကြပါဘူး ၊ ဒါကြောင့် မြေးလေး သွေးသွင်းဖို့အတွက်
သွေးရရန်အတွက် အကူအညီမရှိပဲ အဘွားတစ်ယောက်ထဲ ခုလိုမိုးရွာထဲမှာ ညကတည်းကနေ
ယခုအချိန်ထိ ကားလမ်းနဘေးမှာ အိပ်ပြီးစောင့်နေတာပါ၊ အဘွားက အသက်ကြီးတော့
လှူတဲ့သူလာလည်း လှူမည့်သူထံကို သူများတွေလို အမြန်မသွားနိုင်ဘူး
ထို့အတွက်ကြောင့် ယခုအထိတိုင် သွေးမရသေးပါဘူးငါသားရယ်ဟု မျက်လုံးအိမ်မှ
ပါးပြင်ပေါ်သို့ ဆက်တိုက်ကျဆင်းလာသောမျက်ရည်၊ ခံစားချက်ပြင်းပြင်း
တုန်ရင်သော အသံ စသည်ဖြင့် ပြောပြလာသောအခါ ရင်ထဲတွင်
ပြောမပြနိုင်လောက်အောင်ခံစားမှုများဖြစ်လာ ယုံတင်မကပဲ မျက်ရည်များဝေ့၀ဲလာတဲ့
အထိခံစားခဲ့ရပါသည်။
စာရေးသူချက်ချင်း ဆုံးဖြတ်ချက်ကို ချလိုက်ပါသည် ဝေ့၀ဲလာသောမျက်ရည်များနှင့် အတူ အေးဆက်ဆက်ဖြစ်နေသော အဘွား၏လက်ကလေးကို
ကိုင်လိုက်ပြီး စိတ်မပူပါနဲ့ အဘွားရယ် ဦးဇင်း အဘွား၏မြေး အတွက်သွေးကို
လှူပေးမည်လို့ပြောလိုက်သောအခါ မျက်ရည်များကြားထဲမှ ဖြစ်ပေါ်လာသော
အပြုံးပွင့်တစ်ပွင့်ကို သောကတွေ ဖုံလွှမ်းနေသော မျက်နှာပြင်ပေါ်မှာ
တွေ့မြင်လိုက်ရပါသည်။ သို့အတွက်ကြောင့် ၀မ်းသားအားရနှင့် အဘွားလက်ကို
တအားဆုပ်ကိုင်မိလိုက်ပြီး အပြုံးနှင့်အတွ အားပေးလိုက်သောအခါ သူမလက်ထဲတွင်
ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားသော အရာဝထ္ထုလေးတစ်ခုသည် အောက်သို့ဒေါက်ဆို
ပြုတ်ကျသွားကာ လိမ့်ကာလိမ့်ကာဖြင့် စာရေးသူ၏ ခြေထောက်နားသို့
ရောက်လာခဲ့ပါသည်။ ဘာများ ဖြစ်မလဲဟု ကောက် ခါကြည့် လိုက်မိသောအခါ
မြင်လိုက်ရသည့်ကား နားထောင်လေးတစ်ဘက်၊ အဘွားဒီနားကပ်ကလေးတစ်ဘက်က
ဘာလုပ်တာလည်းဟု မေးကာကြည့်လိုက် တော့ နားကပ်တစ်ဘက်က ရောင်းပြီးသွားပြီး
ကျန်တဲ့ ဒီတဘက်ကိုရောင်း ပြီး ရလာသောငွေလေးနှင့် အဘွားမြေးအတွက် အကယ်၍
သွေးအလကားလှူမည်သူမရှိခဲ့လျှင် ရောင်းမည်သူထံကနေ ၀ယ်မလိုပါ သားရယ်ဆိုပြီး
ပြောခဲ့ပါသည်။ အဘွားက အရေးမကြီးပါဘူး တကယ်လို့များ ဒီနေ့မှ သွေးသာ
အလွယ်တကူ မရခဲ့လျင် မြေးအတွက် မလွယ်ဘူးဆိုပြီး ငိုကာပြောပြခဲ့ပါသည်။
ဒီအချိန်မှာ တုန်တုန်ရင်ရင်ဖြင့် ငိုနေသော အဘွားအိုကိုကြည့်ကာ အကယ်၍များ
ဤအဘွားအိုသည် စာရေးသူ ၏ အဘွားဖြစ်နေခဲ့လျင်.....။
စာရေးသူ မခံစားနိုင်အောင်ဖြစ်သွားမိခဲ့ပါသည်။ ဒီလိုဖြစ်နေသော မိသားစုများ
တစ်ကမ္ဘာလုံးဘယ်လောက်တောင် ရှိလိမ့်မလည်းလို့လည်း တွေးမိခဲ့ရင်း တစ်ဆက်တည်း
စိတ်မကောင်းဖြစ်ခဲ့မိပါသည်။ အဘွားပြောလာသော မြေးလေးအတွက်
သွေးလှူဖြစ်သွားခဲ့သလို ပါလာသော ပစ္စည်းများကိုလည်း ပေးလှူခဲ့ပါသည်။ ငွေလည်း
အနည်းငယ် ထပ်ပြီးပေးခဲ့ပါသည်။ သွေးလှူနေရင်း အဘွားမြေးလေး
ကျန်မာရေးမြန်မြန် ကောင်းပါစေလို့ လည်း ဆုတောင်းလိုက်မိပါသည်။
သွေးလှူပြီး၍ အဆောင်သို့ပြန်ရောက်သောလည်း စိတ်မကောင်းဖြစ်နေဆဲဖြစ်ပါသည်။ အကြိမ် ၂၀
အတွင်းသွေးလှူဒါန်းရာတွင် ဒီတကြိမ်တွင် စာရေးသူအတွက် အမှတ်တရ ဖြစ်သွားသလို
ဆေးရုံများတွင် လူနာများအတွက် မရှိမဖြစ်သွေး များလိုအပ်နေကြောင်းကိုလည်း
ထပ်ပြီး နားလည်ခဲ့မိပါသည်။ကျန်းမာရေး ကောင်းသော သူများထံမှ
သွေးများမရရှိပါက လူနာများအတွက် အသက်ရှင်နိုင်ရန်မှာ မလွယ်ကူလှပါဘူး။
သွေးသည် အထူးကိုလိုအပ်လှပါသည်။ အထူးသဖြင့် ဆင်းရဲသော လူနာများ
အသက်ရှင်နိုင်ရန် အတွက် ဖြစ်ပါသည်။ ဆင်းရဲသားများ ငွေမနိုင်၍
အချိန်မှီသွေးကိုဝယ်ပြီး လူနာအတွက် မသွင်းနိုင်ခဲ့ပါလျင်............
သွေးလှူသော ကုသိုလ်တရားသည် ဘာဖြစ်သည် ညာဖြစ်သည် စသည်ဖြင့် စာရေးသူမရေးလိုတော့ပါ
မရေးလည်း အားလုံးက ကောင်းကောင်း သိကြမယ်လို့ မျော်လင့်ပါတယ်။ ဒါကြောင့်
စာရေးသူပြောချင်တာသည် သွေးကို ရောက်တဲ့နေရာ မှာ လှူဒါန်းပေးကြပါလို့
တိုက်တွန်းချင်ပါသည်။ စာဖတ်သူများကို နောက်တစ်ခု ပြောချင်သည်က သွေးလှူရင်
အသက်တိုသည် ဆိုသော အတွေးမျိုးကိုလည်း မတွေးစေချင်ပါ။
သွေးလှူသော စနစ်အသစ်ကို ဆေးရုံရှိ ဆရာဝန်များက ပြောပြလာ၍ အလွန်အန္တရာယ် များပေမယ့်လည်း
စာရေးသူ အသင်းဝင်အဖြစ် ရဲရဲဝင့်ဝင့် ၀င်ရောက်ခဲ့ပါသည်။
ဘာလည်းဆိုရင်ဖြင့် သွေးကိုလှူသောအခါ တစ်ကိုယ်လုံးရှိ အိုဟောင်းနေသော
သွေးများ ဆဲလ်များကို သူတို့က အစတွင်သွေး အသစ်နှင့်အဟောင်း
ချက်ချင်းလဲလိုက်ပါသည်။ တစ်ဘက်ကထုတ် တဘက်ကနေ သူတို့၏ ဆေးဖြူရည်များကို
ခန္ဓာကိုယ်ထဲသို့ ဆက်တိုက်သွင်းပေးနေပါသည် ။ လဲချိန်သည် ၁
နာရီကျော်ကျော်ကြာပါသည်။ နောက်မှာ ပြန်ပြည့်ဝလာသော သွေးအသစ်များကို သူတို့က
ခန္ဓာကိုယ်ထဲမှ တစ်ပုလင်းထုတ်ယူပါသည်။ ဒါကြောင့် ပုံမှန် ၄ လကို
တစ်ကြိမ်မှသာ လှူရသောသွေးသည် ၂ ပါတ် ( ၁၄) ရက်တွင် တစ်ကြိမ်ဖြင့်
တစ်နှစ်ကို ၂၄ ကြိမ်လှူဒါန်းနိုင်ပါသည်။ စာရေးသူ ဤကဲ့သိုလှူဒါန်းမည်
ဟုလက်မှတ်ထိုးကာ အသင်းဝင်ခဲ့ပါသည်။ အသက် ၄၀ ပါတ်ဝင်ကျင်ဆိုရင်ဖြင့်
နောက်ထပ်လှူဒါန်းခွင့်မရှိတော့ သောအကြောင်းနှင့် ဆေးရုံးကလည်း
ခွင့်ပြုလိမ့်မည်မဟုတ်ဟု ပြောပြလာပါသည်။
ယခုစာရေးသူ ဆိုရင်ဖြင့် အသက် ၂၇ အတွင်းမှာ မြန်မာမှာ ၁၄ ကြိမ်။ သီရိလင်္ကာမှာ ၆ ကြိမ်။
အားလုံး အကြိမ် ၂၀ ရှိပါပြီး။ စာဖတ်သူတွေအားလုံးကို စာရေးသူ၏
ကုသိုလ်များကို အမျှပေးဝေလိုက်ပါသည်။ သာဓုခေါ်ကြရင်းဖြင့် တန်ဖိုးရှိသော
အသက်များကို သွေးလှူရင်း ဖြင့်ကယ်တင် နိုင်ကြပါစေ...
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သွေးလှူဖို့ကို ကိုယ်တိုင်လည်း ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် သွေးအားနည်းတတ်တာကြောင့် မိဘများရဲ့ ခွင့်ပြုချက်ကို မရခဲ့ပါဘူး။ ဒါကြောင့် လှူဒါန်းခွင့်လည်းရနေ၊ လှူဒါန်းမှုလည်းပြုနေကြတဲ့ ကုသိုလ်ရှင်တွေကိုပဲ ၀မ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ရင်း ဆုတောင်းပေးလိုက်ရပါတယ်။
မူရင်း။ link
သတ္တ၀ါအားလုံး ကျန်းမာချမ်းသာလို့ ဘေးဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်ပါစေ။

ဘောကျိးးးးးးးးးးးးးးးး
တလောကပေါ့ ......လူက စိတ်ဓါတ်တွေကကျ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်နေတာ။လုပ်ငန်းကလဲရပ်
အလုပ်လက်မဲ့ပုံစံနဲ့ မနက်လင်းရင် ဘာလုပ်ရမလဲ စဉ်းစားနေရတာပျင်းလာတယ်။ ကိုယ့်ဘာသာကိုယ်လဲ
တော်တော် အသုံးမကျတဲ့ ကောင်ဆိုပြီးစိတ်ညစ်လာပြန်ရော။ သေရင် အေးမယ် ဆိုပြီး တွေးမိတာလဲ
အကြိမ်ကြိမ်။ ခံနိုင်ရည်ကမဲ့လာတယ်။ ငါဘာအတွက် အသက်ရှင်နေတာလဲ စဉ်းစားလို့ကို မရဘူး
ဖြစ်နေပြန်တယ်။ခက်တယ်ဗျာ ခက်တယ်။ သို့ပေမယ့် သို့ပေမယ့်ပေါ့လေ . . . . .
တစ်နေ့က အဖေနဲ့ အပျင်းပြေ လိုက်သွားလိုက်တယ်။ သူကလဲ ပွဲစားတန်းဘက် သွားရအောင်တယ်။
ဲ့သွားလေဆိုပြီး
ပေါ့ပေါ့ပါးပါးပဲ လိုက်သွားတယ် ဟိုရောက်တော့ အဖေကသူ့သူငယ်ချင်းတွေနဲ့ စကားပြောနေတယ် ကားကိစ္စ
ဘာညာပေါ့။ ကျွန်တော်လဲ ပျင်းတာနဲ့အပင်အရိပ်အောက်မှာ ထိုင်နေလိုက်တယ်။ ထိုင်နေတုန်းရှိသေးတယ်
ဘေးနားကနေ
ကလေးတစ်ယောက်က လာခေါ်တယ်။ ရုတ်တရက် နားမလည်ဘူး သူခေါ်လိုက်တဲ့ အသံကို ဘာတဲ့။
ဲ့“ဘောကျိ” တဲ့
ကျွန်တော်လဲ ပြန်မေးလိုက်တယ။် ဘာလဲဆိုတော့ ဘေးက အဖေ့သူငယ်ချင်းကရှင်းပြတယ်။
“ဘောစိ (Boss)” လို့ခေါ်တာတဲ့။ သြော်ဒါနဲ့ ပြုံးမိတယ်။ဘာတုန်းဆိုတော့
“အနော်ကားဆေးပေးမယ်နော်တဲ့”
လူက လေးနှစ်သာသာလောက်ရှိဦးမယ်။ကျွန်တော်ဘာမှမပြောပဲကြည့်နေလိုက်တယ်။ အဖေ့သူငယ်ချင်းကမေးတယ်
“မင်းကားဆေးမှာက ဟုတ်ပါပြီ ပြီးရင် မုန့်ဖိုးတောင်းမှာလားတဲ့” ဟိုကလေးက
“ဟီးဟီး အနော်က ခင်လို့ ဆေးပေးမှာပါတဲ့”
ဒါနဲ့ ဟိုက ဆက်ပြောတယ်
“မင်းထမင်းစားပြီးပြီလားဆိုတော့” ကိုယ့်ဆရာက ဗိုက်ကလေးပွတ်ပြီး မစားရသေးဘူးတဲ့
ကျွန်တော် နာရီကြည့်လိုက်တော့ ညနေ ၃ နာရီလောက် ရှိတော့မယ် ဒီအချိန်ထိ
ဒီကလေးထမင်းမစားရသေးဘူးဆိုတော့ ရင်ထဲ ချိသွားတယ်။ ကျွန်တော် လက်ဘက်ရည်ဆိုင်ကစားပွဲထိုးလေးကို
လှမ်းခေါ်ပြီး မုန့်တစ်ပွဲမှာလိုက်တယ်။ လာပို့သွားတယ်ဟိုကလေးကတော့ ကားဘီးတွေကို ရေဆေးနေတယ်။
ကျွန်တော်ကြည့်နေရင်းက
သူ့ကိုလှမ်းခေါ်လိုက်တယ်။
“ဘောကျိ ဘာခိုင်းမလို့လဲ”
“မခိုင်းပါဘူးကွာ မင်းကို မုန့်စားခိုင်းမလို့”
“ဒါတွေ စားရမှာလား”
“အေး စားလိုက် မင်းဖို့ မှာထားတာ” ချာတိတ်က ချက်ခြင်းမစားသေးဘူး အဖေ့သူငယ်ချင်းကို လှမ်းကြည့်တယ်။
ဟိုက စားလေကွာဆိုတော့ စားတယ်။ စားလိုက်တာ အကုန်ပဲဆာနေမှာပေါ့လေ။ စားပြီးတော့
“အား . . . ဗိုက်ဝသွားတာပဲ” ကျွန်တော်ပြုံးမိတယ်။ ပြီးတော့ ကားဘီးတွေသွားဆေးနေတယ်။
ကားလေးဘီးလုံးကို သူ့အရွယ် ငယ်ငယ်လေးနဲ့ လိုက်ဆေးနေတယ်။ကျွန်တော် မနေနိုင်တော့ဘူး ထားလိုက်တော့
ပြီးပြီ တော်တော် သန့်သွားပြီဆိုပြီးပြောလိုက်တော့ ရတယ် ဘောကျိ ရတယ်ဆိုပြီး လုပ်နေတယ်။ ခနနေတော့
ကျွန်တော်
ချက်ခြင်း ရပ်ခိုင်းလိုက်တယ် ပြီးတော့ မုန့်ဖိုး ၁၀၀၀ ထပ်ပေးလိုက်တယ်။အဖေ့သူငယ်ချင်းက ကျွန်တော့်ကို
ကြည့်ပြီး ပြုံးတယ်။ပြီးတော့ ကျွန်တော်က သူ့ကိုမေးလိုက်တယ်။ ဒီကလေး ဘယ်ကလဲဆိုတော့။
“ဒီလိုပဲကွ ဒီမှာလာပြီး ရေသန့်ပုလင်းတွေ ကောက်တဲ့ မိသားစုထဲက”
“အင်း . . . ”
“အဲဒီ့ ကလေးက တနေ့ကို ပိုက်ဆံ ၅၀၀ ရအောင် ရှာရတယ် မရရင် မပြန်ရဘူးကွ”
“ဗျာ . . .”
“ဟုတ်တယ် ဒီကောင် တခါ ညနေ ၇ နာရီကျော်နေလို့ မပြန်သေးလို့ မေးကြည့်တာ ၄၀၀ပဲရသေးလို့
ဆက်နေရတယ်တဲ့ အဲဒါ လိုတဲ့ ပိုက်ဆံကို ချက်ခြင်းပေးပြီး သူ့မိသားစုပါခေါ်ပြောလိုက်ရသေးတယ်”
“ဟာ ဗျာ . . . ”
“မဟာနဲ့ဦးဟေ့ တခါတလေ ဒီကောင်က လက်ဘက်ရည်ဆိုင်မှာ ခုံလေးတွေ ဆက်ပြီး အိပ်တာ”
“ဟူး . . . မောတယ်ဗျာ ကြားရတာ”
“သူ့အသက်က ၄ နှစ်သာသာပဲ ရှိဦးမယ် ဒီအရွယ်လေးနဲ့ လောကဓံကို ခံနေရပြီ”
“အဲဒီ့ ကလေးတွေကို စောင့်ရှောက်ဖို့လိုတယ် ဦးလေး ကျွန်တော် ဒါမျိုးတွေတွေ့ရင်မခံစားနိုင်ဘူး”
“အေးပေါ့ကွာ ငါတို့လဲ အဲဒါကြောင့် ထမင်းစားလဲ ခေါ်ကျွေး ပိုက်ဆံဆိုလဲ ပေးပေါ့ဒီလိုပဲ နေနေရတာပဲ သိပ်လဲ
မပေးရဲဘူး အကျင့်တွေ ပျက်ကုန်မှာစိုးတယ်အလကားမပေးတာကို ပြောတာ ခိုင်းချင်လို့ ခိုင်းနေတာ မဟုတ်ဘူး
ငွေတန်ဖိုးနားလည်အောင် အလုပ်ကလေးသိအောင် ခိုင်းတာ ဘယ်ခိုင်းရက်ပါ့မလဲကွာဒီအရွယ်လေး ဒါကြောင့်
သူနဲ့ တန်တဲ့ ရေသန့်ဗူးလေး ဝယ်ခိုင်းတာ ဘာညာပဲ ခိုင်းတယ်။ပိုက်ဆံ ဒီအတိုင်းပေးရင် သူတောင်းစား
ဖြစ်သွားမှာစိုးလို့ ငွေကို
တောင်းတိုင်းရရင် သူတောင်းစားဖြစ်သွားမှာစိုးတယ် ငါ့တူရ အဲဒါကြောင့်”
“ဟုတ်ပါတယ် ကျွန်တော် ဒါကို လက်ခံတယ်။ ဒါပေမယ့်ဗျာ သူ့ဘဝကို ကြည့်ရတာ
အဆင်မပြေဘူး စိတ်ထဲ မကောင်းလိုက်တာ”
“ဒါကတော့ ငါ့တူရယ် ဒီလိုပဲ သူ့လို ကလေးမျိုး တို့နိုင်ငံမှာ အများကြီးပဲမင်းသိတဲ့အတိုင်းပဲ”
“အင်း . . .”
ကျွန်တော် ဘာမှ ဆက်မပြောဖြစ်တော့ဘူး။ ခနနေတော့ ညနေစောင်းသွားပြီး ဟိုကလေးကတော့
ကျွန်တော့်နားမှာ ဆော့နေတယ် ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်တော့ “ဘောကျိ နက်ဖန်လာဦးမှာလားတဲ့”
အေးကွာ လို့ တိုတိုတုတ်တုတ်ဖြေပြီး သူ့ခေါင်းလေးကို ပွတ်ပြီးနှုတ်ဆက်လိုက်တယ်။ လူက
စွပ်ကျယ်အကြီးကြီးဝတ်ထားတယ်နှပ်ချီးကတွဲလောင်းနဲ့ ဒါနဲ့ကားထဲက တစ်ရှူးထုတ်ပြီး နှပ်သုတ်ပေးလိုက်တယ်။
ပြီးတော့ ကားပေါ်မှာပါတဲ့ အရုပ်ကလေးတစ်ရုပ်ပေးဖြစ်လိုက်တယ်။ အဖေကတော့ ဘာမှ မပြောဘူး
ကျွန်တော့်ကိုပဲ
ကြည့်နေတယ်။ သားအဖနှစ်ယောက်လမ်းပေါ်မှာ စကားမပြောဖြစ်ဘူး။ အိမ်ပြန်ရောက်ပြီး
သူငယ်ချင်းတွေက ဖုန်းဆက်ခေါ်တော့ လာခဲ့လေဆိုပြီး ပြောလိုက်တယ်။ သူငယ်ချင်းတွေရောက်လာတော့
ဟိုပြောဒီပြောနဲ့ ဘီယာဆိုင်ရောက်သွားတယ်။ စမ်းချောင်းက ယူနန်ပေါ့ထုံးစံအတိုင်းပေါ့။ စိတ်ကညစ်နေတော့
သောက်ပြီးရင်သောက်လေ့ရှိတာကိုး။ ကားပါကင်အထဲမှာ မရတော့အပြင်မှာ ရပ်လိုက်တယ်။ ကားပေါ်က
ဆင်းတော့ “ဘောကျိ” ဆိုပြီးခေါ်သံကြားလို့ ကြည့်လိုက်တာ လားလားလား ညနေက ဆရာသမားဖြစ်နေတယ်။
“ဟေ့ကောင်
မပြန်သေးဘူးလား ဆိုတော့”ပြန်မှာတဲ့ သူ့အမေကို စောင့်နေတာတဲ့။ ခပ်လှမ်းလှမ်းမှာရေသန့်ဗူးတွေ
ကောက်နေတဲ့ မိန်းမတစ်ယောက်ကို တွေ့လိုက်တယ်။ကျွန်တော့်သူငယ်ချင်းတွေလဲ ကျွန်တော့်ကို ငေးနေတယ်။
ပြီးတော့
ချာတိတ်ထွက်သွားတယ်။ ကျွန်တော်တို့ ဆိုင်ထဲကို ဝင်လာတယ်။ဆိုင်ထဲမှာထိုင်နေရင်းနဲ့ ဘီယာမှာတယ်
သောက်မယ်ပေါ့။ သူငယ်ချင်းက မေးတယ်။ကျွန်တော် ပြောပြလိုက်တယ် ညနေက အဖြစ်အပျက်ကို အကုန်လုံး
တိတ်သွားတယ်
ဆက်မပြောတော့ဘူး။ ဘီယာ လာချပေးတယ်။ ကျွန်တော် သူငယ်ချင်းတွေကို ပြောလိုက်တယ်။
“ငါတို့သောက်တာ တိုက်ဂါး တစ်လုံး ၁၃၀၀ ပေးရတယ် တနေ့ကို တစ်ယောက် ၅
လုံးလောက်သောက်တယ်။ စဉ်းစားကြည့်ရင် ဟိုကလေးအနေနဲ့ဆို ဘယ်နှစ်ရက်သုံးလို့ရမလဲ”
အဲဒီ့လိုလဲ ပြောလိုက်ရော ဘယ်ကောင်မှ မလှုပ်တော့ဘူး ကျွန်တော်ကိုယ်တိုင်လဲမြိုမကျတော့ဘူး အဲဒီ့နေ့က
ဘီယာတစ်ခွက်စီလောက်ပဲသောက်တယ် တိုင်ပင်စရာ မလိုဘူးပြန်မယ်ဆိုပြီး ထပြန်တယ်။ စိတ်ထဲမှာလဲ
တနေ့ကို ငါးရာ ရှာရတယ်ဆိုတဲ့ဟိုချာတိတ်ကိုပဲ မြင်နေမိတယ်။
ကျွန်တော်တို့ တနေ့ကို ငွေဘယ်လောက် ဖြုန်းတီးမိပြီလဲ ကျွန်တော်တို့ဖြုန်းတဲ့ငွေတွေနဲ့
ကျွန်တော်တို့ လူတွေ
ဘယ်လောက်ကယ်နိုင်မလဲ ခင်ဗျားတို့စဉ်းစားကြည့် အသက်က ၄ နှစ်ကျော်ကျော် တနေ့ ငါးရာ တဲ့
စဉ်းစားစမ်းဗျာ။ ကျွန်တော်ကိုယ့်ဘာသာစိတ်ဓါတ်ကျတာလဲ ပျောက်သွားတယ်။ အဲဒီ့ကလေးရဲ့ အားမာန်တွေ
ကျွန်တော့်ကိုယ်ထဲ စီးဝင်လာတယ်။ သူနေတတ်တယ် နေပျော်အောင်နေတယ်။အရွယ်နဲ့သောကမမျှဘူး
ဒါပေမယ့် လောကဓံကို ခံနိုင်တယ်။ကျွန်တော်တို့ ဘာလို့မခံနိုင်ရမှာလဲ နောက်တစ်ခု ကျွန်တော် ငွေကို ပိုရှာဖို့
လိုလာတယ်။ ဟုတ်တယ်ပိုက်ဆံရှိရင် ခုနကလို ကလေးတွေကို အများကြီး ပြုစုစောင့်ရှောက်လို့ရမယ်။
ကဲစဉ်းစား။ ခင်ဗျား တစ်နေ့ ဘယ်လောက်သုံးနေသလဲ ဘယ်လောက်ဖြုန်းနေလဲ ခင်ဗျားစိတ်ဓါတ်ကျစရာက
ဘယ်လောက်ကြီးသလဲ စဉ်းစား။ ကျွန်တော်တော့ စဉ်းစားလို့ပြီးပြီကျန်တဲ့သူတွေ ဆက်စဉ်းစားစေချင်တယ်။
ဒါပါပဲဗျာ အခုလို ပြန်ပြောရတာတောင်
မောလှပြီ။ နားထဲမှာ တစ်ခုခု လုပ်တော့မယ်ဆိုတိုင်း “ဘောကျိ” ဆိုတဲ့ သူ့အသံပဲ
ကြားကြားနေတယ်။
......Forward Mail တခုရတာပါ...ဒါပေမယ့် ဖတ်ပြီး စိတ်ထဲမှာတခုခုခံစားသွားရတယ်..ငါတို့တတ်နိုင်သလောက် အဲ့လိုဖြစ်နေတဲ့ ခလေးလေးတွေကို စောင့်ရှောက်ချင်လာတယ်....တခုခုအတွက် ပိုက်ဆံဖြုန်းမိသလိုဖြစ်တိုင်း
ဒီဘောကျိဆိုတဲ့အသံလေးကို သတိရကြအောင်လို့ တင်ပေးတာပါ...

မိရိုးဖလားများသတိ
ထေရ၀ါဒနှင့် မိရိုးဖလာနတ်ကိုးကွယ်မှုပြဿနာ
ထေရ၀ါဒဗုဒ္ဓဘာသာဝင်အများစုဟာ ဗုဒ္ဓဘာသာအပြင် ရိုးရာနတ်တွေကိုပါ ပူးတွဲကိုးကွယ်ကြပါတယ်။ ဒီလိုကိုးကွယ်တဲ့နေရာမှာ အချို့က မိဘလက်ထက်ကတည်းက လုပ်လာခဲ့တဲ့အစဉ်အလာကို မဖျက်ချင်လို့လုပ်ကြတဲ့သူတွေရှိသလို အချို့ကတော့ တကယ့်ကို ကြောက်ရွံ့ထိတ်လန့်ရိုသေမှုတွေနဲ့ ကိုးကွယ်ကြတာပါ။
ဒီတော့ နတ်ဆိုတဲ့စကားကို အရင် စစ်ကြည့်ရအောင်။ နတ်ဆိုတာ နာထဆိုတဲ့ ပါဠိစကားက လာတာပါ။ နာထဆိုတာ ကိုးကွယ်စရာ ဂုဏ်အရည်အချင်းနဲ့ပြည့်စုံသူတွေကို ခေါ်တာပါ။ ယင်းတို့ကို ယုံကြည်ကိုးကွယ်တာကိုတော့ နာထကရဏ-လို့ ခေါ်ပါတယ်။ ကိုးကွယ်စရာ ဂုဏ်အရည်အချင်းဆိုတာကတော့ (အပြစ်သေးသေးကိုပင်း ဘေးဟု ဆင်ခြင်ကာ သီလကို စောင့်ထိန်းသူ၊ ပရိယတ်စာပေကို သင်ထားဆောင်ထားသူ၊ မိတ်ဆွေကောင်းဖြစ်သူ၊ ဆိုဆုံးမလွယ်သူ၊ အတူနေတို့အပေါ်ထက်သန်စွာကူညီတတ်သူ၊ တရားကို နှစ်သက်မြတ်နိုး၍ ချစ်ခင်စဖွယ် ပြောဆိုသူ၊ အကုသိုလ်တရားများပယ်ခွာနိုင်ရေး ကုသိုလ်တရားများတိုးပွားနိုင်ရေး တို့တွင် လုံ့လပြင်းစွာထားသူ၊ ရောင့်ရဲတတ်သူ၊ သတိတရားရှိသူ၊ ခန္ဓာငါးပါးတို့တွင် ဖြစ်ပျက်ရှုမြင်နိုင်သော ပညာရှိသူ) ဤသူဆယ်မျိုးကိုသာ ကိုးကွယ်ရမည်ဖြစ်ကြောင်း ဘုရားရှင် ဟောထားပါသည်။ ဒီဂုဏ်တွေနဲ့ ပြည့်စုံတဲ့ဘုရားရှင်ကို သုံးလူ့နတ်လို့ ခေါ်ပါတယ်။
နတ်ဆိုတဲ့အသုံးအနှုန်းကို တာဝတိံသာ စတဲ့ နတ်ပြည်က သတ္တ၀ါတွေကိုလည်း ခေါ်ပါသေးတယ်။ ဒါပေမယ့် အဲဒါ မြန်မာမှာပဲ ခေါ်တာပါ။ ပါဠိမှာ သူတို့ကို နာထလို့ မခေါ်ပါဘူး။ ပျော်မြူးတတ်တဲ့သတ္တ၀ါ = ဒိဗ္ဗ၊ ဒေ၀ လို့ ခေါ်ပါတယ်။ ဒီသတ္တ၀ါတွေဟာ ကောင်းမှုအကျိုးကို ခံစားနေကြတဲ့ ချမ်းသာတဲ့သတ္တ၀ါတွေပါ။
မြန်မာတွေကိုးကွယ်ကြတာ သူတို့မဟုတ်ပါဘူး။ သုံးဆယ့်ခုနစ်မင်းပါ။ သူတို့ရဲ့ ဇာတိပဋိသန္ဓေကို စိစစ်ကြည့်ရင် ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အိမ်မှာမွေးထားတဲ့ ခွေးကြောင်ကြက်ဝက်တို့နဲ့ ပဋိသန္ဓေဇာတ်အဆင့်အတန်းချင်း အတူတူပါပဲ။ ဒီသတ္တ၀ါတွေကို အရှင်ကြီးအရှင်ကောင်းခေါ်ပြီး ရှိခိုးဦးတင်လုပ်နေတာကတော့ မိမိကိုယ်ကို နှိမ့်ချလွန်းရာ ရောက်ပါတယ်။
နေစရာမဲ့၊ စားစရာမဲ့၊ ၀တ်စရာမဲ့ဘ၀နဲ့မို့ လူတွေကို ကပ်ရပ်စားသောက်နေထိုင်ရတဲ့သတ္တ၀ါတွေကို ရာထူးရဖို့၊ စည်းစိမ်ရဖို့၊ ကျန်းမာဖို့ ကိုးကွယ်ကြတယ်ဆိုတာကလဲ မှားယွင်းလွန်းလှပါတယ်။ ဖြူးဆရာတော်ကတော့ အဲဒီလူတွေကို (အရထူးတယ်) လို့ ပရိယာယ်လေးနဲ့ ပြောပါတယ်။ သူတို့တောင် ဆင်းရဲလို့ ကိုယ့်ဆီကပ်စားနေရပါတယ်ဆိုမှ သူတို့ကို မပါ စပါဆိုတော့ သူတောင်းစားဆီ ပိုက်ဆံချေးတာနဲ့ တူနေသလိုပဲ။
ဒီသုံးဆယ့်ခုနစ်မင်းကလဲ ဗမာချင်းအတူတူတောင် ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဗမာတွေကိုပဲ နှိက်စပ်တယ်၊ အခြားဘာသာကိုးကွယ်တဲ့ဗမာတွေကျတော့ မနှိပ်စက်ဘူး။ တော်တော် ထူးဆန်းတယ်။ သူတို့လဲ ဒီတိုင်းပြည်မှာ နေကြတာပဲ၊ တခြားဘာသာဝင်ဗမာတွေ၊ တိုင်းရင်းသားတွေ အများကြီး၊ ဘာဖြစ်လို့ အဲဒီပုဂ္ဂိုလ်တွေဆီမှာ ၃၇-မင်း မရှိရတာလဲ။ ရိုးရာမဖျက်တာ ကောင်းပါတယ်။ ဒါပေမယ့် မကောင်းတဲ့ ရိုးရာ အဓိပ္ပာယ်မရှိတဲ့ ရိုးရာကျတော့ ရိုက်ချိုးဖျက်ဆီးပစ်သင့်ပါတယ်။
အားလုံးအမြင်မှန်ရကြပါစေ။

ချစ်သူ
အနေကြာလို့
တွယ်တာမိတဲ့ အဖြစ်ကို
အချစ်လို့ မမြင်ဘဲ...
သံယောဇဉ်လို့
ခေါင်းစဉ်တပ်ပါ့မယ်
ချစ်သူ...၊
အနေကြာပေမယ့်
အဖြေမပါတဲ့ အပြုံးကို
ငါနားလည်ပါတယ်...
မသေချာတဲ့ကြားက
အသေချာဆုံးတစ်ခုက
အခုထိ..
ချစ်နေတုန်းဘဲ...။.....။.....။
တွယ်တာမိတဲ့ အဖြစ်ကို
အချစ်လို့ မမြင်ဘဲ...
သံယောဇဉ်လို့
ခေါင်းစဉ်တပ်ပါ့မယ်
ချစ်သူ...၊
အနေကြာပေမယ့်
အဖြေမပါတဲ့ အပြုံးကို
ငါနားလည်ပါတယ်...
မသေချာတဲ့ကြားက
အသေချာဆုံးတစ်ခုက
အခုထိ..
ချစ်နေတုန်းဘဲ...။.....။.....။
Labels:
ကဗျာ
အချိန်ကောင်းလေးပါ
အဲသည်နေ့က ဇွန်လ ၁၅ ရက်နေ့။ နောက်နှစ်ရက်ဆိုလျှင် ကွန်တော်သုံးဆယ်ပြည့်တော့မည်။ ဘာလိုလိုနဲ့ ဆယ်စုနှစ်သစ်တစ်ခုထဲ ရောက်တော့မှာပါလား။ ငါဘ၀ရဲ့ အကောင်းဆုံး အချိန်တွေ ကုန်ဆုံးခဲ့ပြီလား။ အဲသည်လို အတွေးဖြင့် ကျွန်တော်ရင်လေးသွားမိသည်။
အဲသည်တုန်းက ကျွန်တော်နေ့စဉ်လုပ်လေ့ရှိသည့်အရာများထဲမှာ တစ်ခုက အလုပ်မသွားမီ အားကစားခန်း မထဲ သွားပြီးလေ့ကျင့်ကစားခြင်းဖြစ်သည်။ နေ့စဉ် နံနက်တိုင်း အားကစားခန်းရောက်လျှင် ကျွန်တော်မိတ်ဆွေကြီး နစ်ကိုလတ်(စ်) ကိုတွေ့ရမြဲဖြစ်သည်။ နစ်ကိုလတ်(စ်) က အသက် ၇၉ နှစ်ရှိပြီ။ သို့သော် အရွယ်နှင့်မလိုက်အောင် ကျန်းမာသန်စွမ်းသည်။
အဲသည်နေ့ နစ်ကိုလတ်(စ်)ကို နှုတ်ဆက်တော့ ကျွန်တော်ခါတိုင်းလို သွက်သွက်လက်လက်တက်တက်ကြွကြွ မရှိတာ သူသတိပြုမိပြီး ဘာဖြစ်သလဲ မေးသည်။ ကျွန်တော်က အသက်သုံးဆယ်ပြည့်တော့မည့်အကြောင်းနှင့် အဲ သည်အတွက် စိုးရွှံ ပူပန်မိသည့်အကြောင်းပြောပြသည်။ အဲသည်လိုပြောရင်းက၊ အင်း ငါ နစ်ကိုလတ်(စ်)အသက် လောက်များရောက်ရင်ဘယ်လိုခံစားမိမလဲ မသိဘူးဟု တွေးမိကာ သူအား မေးခွန်းတစ်ခုမေးမိသည်။
“ အဘ ဘ၀မှာဘယ်အချိန်ကာလဟာ အကောင်းဆုံး အချိန်ကာလလို့ ယူဆသလဲဗျ “ ဟူ၍
“ မင်းက အတွေးအခေါ်ပါတဲ့မေးခွန်း မေးတော့ ငါလဲ အတွေးအခေါ်ပါတဲ့ အဖြေပေးရမှာပေါ့ “ နစ်ကိုလတ်(စ်) က မဆိုင်းမတွဆိုသည်။ “ ဒီလိုကွ၊ ငါ သြစတြီးယားမှာ ကလေးဘ၀တုန်းက ငါ့ကိစ္စ၀ိစ္စတွေ အားလုံးကို ငါ့မိဘတွေက တာဝန်ယူတယ်၊ ငါ့ကိုသူတို့ပြုစုပျိုးထောင်ကြတယ်၊ အဲဒီအချိန်ဟာ ငါ့ဘ၀ရဲ့ အကောင်းဆုံး အချိန် ဖြစ်ခဲ့တယ်၊
“ တစ်ခါ၊ ငါကျောင်းနေစဉ်ကာလမှာ ဒီကနေ့ ငါသိချက်နေတဲ့ အရာတွေ ကျောင်းကသင်ပေးလို့ သိရတတ်ရတယ်၊ အဲဒီကာလဟာလဲ ငါ့ဘ၀ရဲ့ အကောင်းဆုံးအချိန်တစ်ခုဖြစ်ခဲ့တယ်၊
“ အဲဒီနောက်၊ ငါအလုပ်ရတယ်၊ အဲဒီခါ တာဝန်တွေယူရတယ်၊ ဒါပေမယ့် ငါအားထုတ်လုပ်ကိုင်သမျှ ဟာ ငါ့ဘ၀ရဲ့ အကောင်းဆုံးအချိန်ပဲ၊
“ နောက်၊ ငါ့မိန်းမနဲ့တွေ့တယ်၊ ချစ်ကြခင်ကြတယ်၊ ဒီအချိန်ဟာလဲ ငါ့ဘ၀ရဲ့ အကောင်းဆုံးအချိန်ပဲ
“ ဒုတိယကမ္ဘာစစ်ဖြစ်တယ်၊ စစ်မီးတောက်နေတဲ့ သြစတြီယားကနေ လွတ်ရာ ကျွတ်ရာကို လင်မယား နှစ်ယောက် အသက်ဘေးအတွက် ပြေးကြရတယ်၊ မြောက်အမေရိကသွားတဲ့ သင်္ဘောတစ်စီးပေါ်ကို နှစ်ယောက်သား ဘေးကင်းရန်ကင်း ရောက်သွားကြပြီဆိုတဲ့အချိန်ဟာ ငါ့ ဘ၀ရဲ့ အကောင်းဆုံးအချိန်ပဲ၊
“ နောက်၊ ကနေဒါကို တို့ရောက်လာတယ်၊ သိုက်သိုက်ဝန်းဝန်းမိသားစုတစ်စု ဖြစ်လာတယ်၊ အဲဒီအချိန်ဟာလဲ ငါ့ဘ၀ရဲ့ အကောင်းဆုံးအချိန်တစ်ခုပဲပေါ့၊
“ နောက် ဖခင်တစ်ယောက်ဘ၀နဲ့ သားသမီးတွေ ပြုစုပျိုးထောင်ရင်း သူတို့လေးတွေ ကိုယ့်မျက်စိ ရှေ့ မှာ ကြီးပြင်းကြတာ တစိမ့်စိမ့်ကြည့်ခွင့်ရတယ်။ အဲဒီအချိန်ကာလာဟာလဲ ငါ့ဘ၀ရဲ့ အကောင်းဆုံးအချိန် ကာလာတစ်ခုပဲ၊
“ အဲဒီတော့၊ အခုအချိန်မှာ ရောတဲ့၊ ငါပြောမယ်ဂျိုး၊ ငါအခု အသက် ၇၉ နှစ်ရှိပြီ၊ ဒါပေမယ့် ကျန်းမာတယ်၊ နေလို့ထိုင်လို့ကောင်းတယ်၊ ငါ့မိန်းမကိုလဲ ငါစတွေ့စဉ်ကလို ချစ်ခင်ကြင်နာတုန်းပဲ၊ အဲဒီတော့ ဒီအချိန်ဟာလဲ ငါ့ဘ၀အတွက် အကောင်းဆုံးအချိန်ကာလာတစ်ခုပဲပေါ့ကွာ၊ “

စဉ်းစားပါရွှေမြန်မာများ
ထေရ၀ါဒနှင့် ဥုံသြောင်းဂါထာပြဿနာ
ထေရ၀ါဒဗုဒ္ဓသာသနာဝင်တွေကြားထဲမှာ ဂုဏ်တော်တွေကို ဥုံသြောင်းခံပြီး ရွတ်ဆိုနေကြတာကို မကြာမကြာ ကြားနေရပါတယ်။ ကိုယ့်သာသနာနှင့် သင့်လျော်ပါရဲ့လား၊ စဉ်းစားကြဖို့ လိုပါပြီ။ ဥုံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်ဖြင့်ပေါ့။
ဥုံ သြောင်းတို့ရဲ့ လာရာကို စိစစ်ကြည့်လိုက်ရင် ဒီပြဿနာ ပြေလည်လောက်မယ်ထင် ပါတယ်။
ဥုံ တို့ သြောင်းတို့တွေဟာ ဟိန္ဒူဘာသာရဲ့ ဘုရားသုံးဆူကို ကိုယ်စားပြုတဲ့ စကားတွေပါ။ စာလုံးခွဲအနေနဲ့ (အ+ဥ+မ) = (အ + -ု + မ်) ပါပဲ။ (a + u + m) လို့ အက္ခရာလှယ်လိုက်ရင်တော့ ပိုရှင်းသွားပါလိမ့်မယ်။ a - ဆိုတာ ဗြဟ္မာကြီးကို ကိုယ်စားပြုတာပါ။ (Brahmana) လို့ စာလုံး ပေါင်းပါတယ်။ u - ဆိုတာ ဗိဿဏိုးကို ကိုယ်စားပြုပါတယ်။ စာလုံးပေါင်းကတော့ (Visnu)၊ m-ကတော့ သီဝကို ကိုယ်စားပြုပါတယ်။ (Sivam) လို့ စာလုံးပေါင်းပါတယ်။ ဒီဘုရားသုံးဆူမှာ ဗြဟ္မာကြီးက လောကို ဖန်ဆင်းတယ်။ ဗိဿဏိုးက လောကကို စောင့်ရှောက်တယ်၊ သီဝက လူတွေတရားပျက်လာရင် လောကကို ဖျက်ဆီးဖို့ တာဝန်ယူထားရတယ်။ သူတို့သုံးဦးလုံးဟာ ဟိန္ဒူဘာသာရဲ့ အထွတ်အထိပ်ပါပဲ။ ဒီသုံးပါးလုံးကို တစ်ပေါင်းတည်းရှိခိုးတဲ့အနေနဲ့ သုံးပါးလုံးရဲ့ နောက်ဆုံးစာလုံးတစ်လုံးစီကို ယူပြီး တစ်သံတည်း ရှိခိုးကြတာပါ။ aum= ဥုံ(သို့)သြောင်း လို့ အသံထွက်ပါတယ်။
ဒါကိုပဲ သိဒ္ဓိမြောက်တယ်ဆိုပြီး လောကီဆရာတွေက ဂါထာတွေရဲ့ ရှေ့မှာ ဥုံခံပြီး ရွတ်ကြ ပါတယ်။ လောကီဟာ ဘာသာရေးနဲ့ မဆိုင်လို့ မဝေဖန်လိုပေမယ့် ဂုဏ်တော်တွေရဲ့ ရှေ့မှာ ဥုံခံတာကိုတော့ မကျေနပ်နိုင်ပါဘူး။ ဗုဒ္ဓဘာသာက ဗုဒ္ဓဘာသာပါ၊ ဟိန္ဒူက ဟိန္ဒူပါပဲ။ မဆိုင် ပါဘူး။ သီးသီးသန့်သန့်သာ ဖြစ်သင့်ပါတယ်။
ဒါဆိုရင် မန္တာန်ဆိုတာရော ထေရ၀ါဒမှာ ရှိသလားလို့မေးရင် မရှိဘူးလို့ပဲ ဖြေရပါမယ်။ တင်စားတဲ့ ဥပမာအလင်္ကာအနေနဲ့တော့ သုံးပါတယ်။ ဘုရားက မန္တာန်ကို လက်မခံပါဘူး။ ဗုဒ္ဓဘာသာဆိုတာ ကံနှင့် ကံရဲ့အကျိုးကို လက်ခံတဲ့ဘာသာဖြစ်ပါတယ်။ ကောင်းတဲ့ကံကို လုပ်ရင် ကောင်းတဲ့အကျိုးကို ရမယ်။ မကောင်းတဲ့ကံကို လုပ်ရင် မကောင်းတဲ့အကျိုးကို ရမယ်။ ဒါပါပဲ။ အခြား သိဒ္ဓိရှင် တန်ခိုးရှင်ယုံကြည်မှု လုံးဝမရှိပါဘူး။ ဘုရားရှင်ကိုယ်တိုင်ကလည်း တန်ခိုးနဲ့ အစွမ်းပြတာမျိုးကို မလိုလားပါဘူး။ ဘုရားလက်ထက်က ဝေရဉ္ဇာပြည်မှာ အငတ်ဘေး ဆိုက်တော့ ဘုရားရှင်ကိုယ်တိုင်တောင် မြင်းကျွေးတဲ့အစားအစာတွေကို ဘုဉ်းပေးခဲ့တာပါ။ ရှင်မဟာမောဂ္ဂလာန်က အဲဒီပြဿနာကို တန်ခိုးနဲ့ ဖြေရှင်းဖို့ ခွင့်တောင်းပေမယ့် ခွင့်မပြုခဲ့ပါဘူး။ ပြီးတော့ အရှင်ပိဏ္ဍောလဟာ တိတ္ထိတွေကို အနိုင်ရဖို့ တိုင်ထိပ်က သပိတ်ကို တန်ခိုးနဲ့ ယူခဲ့တာကိုလည်း ရှုတ်ချတော်မူခဲ့ပါတယ်။ ဒါကြောင့် သိဒ္ဓိတို့ တန်ခိုးတို့ဟာ ဘုရားရှင် အားမပေးတဲ့ ပါဝါတွေပါ။
]မကောင်းမှုမှန်သမျှကို မလုပ်ခြင်း၊ ကောင်းမှုမှန်သမျှကိုသာ လုပ်ခြင်း၊ စိတ်ကို ဖြူစင်အောင် ထားခြင်းတို့ကိုသာ အကောင်းမွန်ဆုံးပါဝါအဖြစ် ဘုရားရှင်တိုင်းက လက်ခံသတ်မှတ်ပါတယ်။ အားလုံး အမြင်မှန်ရကြပါစေ။

ချစ်သူသိရန်မလိုသော
အချစ်မှာ အချစ်ပဲရှိတယ်ဆိုတာကိုသာ
သိခဲ့ရင်လေ
အရာရာကိုလွယ်လွယ်နဲ့မယုံတတ်တဲ့ သံသယစိတ်တွေ
ရင်ထဲကအချစ်ထက်မာနကိုပိုထုတ်ပြချင်တဲ့စိတ်တွေ
သိက္ခာခြုံပြီး လိပ်ပြာလုံချင်တဲ့စိတ်တွေ
အားလုံးကိုပေါ့ အဝေးကိုလွှင့်ထုတ်ပြီး
မသိကျွိုးကျွံပြုခံခဲ့ရတဲ့ ရင်ခုန်သံတွေနဲ့
နှလုံးသားသရုပ်မှန်ကို ဖွင့်ဟဖော်ကြူးဖို့
ငါမင်းရဲ့အနားအရောက်
အပြေးလျှောက်လှမ်းချင်ပေမဲ့
နှေုာင်းခဲ့ပြီ..............................
ပြောင်းခဲ့ပြီ.............................
ခုတော့..................................
နင်ရှိနေတယ်ဆိုတဲ့ သူစိမ်းဆန်ဆန်မြို့ကလေးကိုပဲ
စိတ်ကူးနဲ့မှန်းမျှော်ကြည့်
လွမ်းသလိုရှိပေမဲ့
လွမ်းခွင့်တောင်ငါ့မှာမရှိတော့ပါလားကွယ်...

စလုံးရောက်ရွှေမြန်မာ သတိရှိပါ
ဒီကိစ္စကို ရေးသင့်လား၊ မရေးသင့်လား ကျနော် အကြိမ်ပေါင်းများစွာ စဉ်းစားတယ်။
လူတယောက်၊ တဖွဲ့ရဲ့ ထမင်းအိုးကို ရိုက်ခွဲရမှာ၊ မြောက်မြားစွာသော
မိန်းကလေးတွေ၊ အမျိုးသမီးတွေရဲ့ အရှက်နဲ့ သိက္ခာကို တိုက်ရိုက်မဟုတ်တောင်
သွယ်ဝိုက်ပြီး ထိခိုက်မှာတွေကြောင့် ထုတ်ပြောဖို့ မ၀ံ့မရဲ ဖြစ်ခဲ့တယ်။
သို့သော် သိရဲ့သားနဲ့ မပြောခဲ့တဲ့အတွက် ဒီလို တွေဝေနေခဲ့တဲ့အတွက်
တခြားမိန်းကလေးပေါင်းများစွာ အရှက်ရခဲ့ရပြီးပြီ။ အဲဒီအတွက် ကျနော့်မှာ
အပြစ်ရှိတယ်။ မှန်တာကို ပြောရဲရမယ်။ မဖြစ်သင့်တာကို မဖြစ်အောင်
ကာကွယ်နိုင်ရမယ်။ ဒါ့ကြောင့် ဒီနေ့ ကျနော် ဗြောင်ပဲပြောမယ်။
စင်ကာပူရောက် မြန်မာမိန်းကလေးများဟာ အကြောင်းကြောင်းကြောင့် မြန်မာဆေးခန်း၊
မြန်မာဆရာဝန်တွေကို အားကိုးကြတယ်။ အဲဒီမှာ အခုပြဿနာ စတယ်။
ကျနော်နဲ့ မြတ်စေတနာ ဆေးခန်း အစုရှယ်ယာရှင်တယောက် စကားပြောဖြစ်တယ်။ အရင်ဆရာဝန်ရဲ့ လုပ်ရပ်ကြောင့် သူတို့ရဲ့ ဆေးခန်းဘယ်လောက်သိက္ခာကျရကြောင်း၊
ဘယ်လောက် စီးပွားရေးကျဆင်းရကြောင်း၊ ဘယ်လောက် မိန်းကလေးတွေ၊
အမျိုးသမီးတွေကို တောင်းပန်ရကြောင်း ပြောပြတယ်။
တချိန်က မြတ်စေတနာမှာ ဒေါက်တာမောင်မောင်အေး ဆိုတဲ့ ဆရာဝန် လူယုတ်မာတယောက်
ထိုင်တယ် (စကားလုံးအသုံးအနှုန်းဟာ တန်ရာ တန်ရာ သုံးရတာမို့ ဒီစာမှာ ကျနော်
ရိုင်းမယ်)။ အဲဒီဆရာဝန်ဟာ အသက်ကြီးသလို နှာလည်းကြီးတယ်။ တဏှာရူးတယ်။ သူ့ကို
လာပြတဲ့ လူနာ မိန်းကလေးတွေကို ရောဂါနဲ့ ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည် ဖြစ်စေ၊
စမ်းသပ်ဖို့ဆိုပြီး ရင်သားကို လှန်ပြခိုင်းတယ်၊ ရင်အုံကိုညှစ်တယ်၊
ဘောင်းဘီကို မလိုအပ်ပဲ ဟိုးအောက်ထိ လျှော့ခိုင်းတယ်၊ စကပ်ဝတ်ထားရင်
ပေါင်တံကို လှန်တယ်၊ ပေါင်ကို ပွတ်တယ်၊ ပခုံးကိုဖက်တယ်၊ ကျောကို ဖက်ပြီး
ဖင်ကိုပွတ်တယ်..။ ဒါတွေဟာ ကျနော်သိသလောက်၊ ကြားသလောက်ပဲ ရှိသေးတယ်။
ဒိထက်ဆိုးတာတွေ အများကြီးရှိနိုင်သေးတယ်။ အဲဒီလိုတွေ ဖြစ်ပေမယ့် ဘယ်သူကမှ
ကိုယ့်အရှက်ကိုဖယ်ပြီး ရဲတိုင်တဲ့အဆင့် မရောက်ခဲ့လို့ ဆေးခန်းမှာတင်
စကားများယုံနဲ့ ပြီးလို့ ဒီဆရာဝန် ဘာမှမဖြစ်သေးဘူး။
ရှယ်ယာရှင်ရဲ့ အပြောအရ ဆေးခန်းပိုင်ရှင်တွေ သိသွားတဲ့အချိန်မှာ သူ့ကိုရော၊
သူ့ကို ကူညီဖုံးဖိပေးတဲ့ အကူ မယု ကိုရော ပြဿနာတွေ ဖြစ်ပြီး
ထုတ်လိုက်တယ်တဲ့။ အခု ဒေါက်တာ မောင်မောင်အေး ဟာ အဲဒီ မယုနဲ့ အတူ အေးမေတ္တာ
ဆိုပြီး မြတ်စေတနာရဲ့ အပေါ်ထပ်မှာ မျက်နှာပြောင်တိုက်ပြီး
ဆေးခန်းပြန်ဖွင့်ထားတယ်။ အကြောင်းမသိသေးတဲ့ မိန်းကလေးတွေ ခံနေရတုန်းပဲ။
ဒါ့ကြောင့် ဒီတဏှာရူး၊ နှာဘူး ဆရာဝန်ဆီကို မသွားကြစေဖို့၊ မိန်းကလေးတွေ
အရှက်မရစေဖို့ အားလုံးပဲ ဒီပိုစ့်ကို ကူးပဲဖြန့်ဖြန့်၊ လင့်ခ်ပဲ ပေးပေး၊
ပါးစပ်နဲ့ပဲ ပြောပြော၊ ဖြစ်တဲ့နည်းနဲ့ ဗမာချင်းချင်း ကူညီကြပါ။
ကျနော်ရေးတဲ့ ဒီစာကို ကျနော် လုံးလုံးတာဝန်ယူတယ်။ ဒိထက်သေချာချင်ရင်
မြတ်စေတနာ ဆေးခန်း ပိုင်ရှင်တွေဆီမှာ ဒီလို လုပ်ခံခဲ့ရတဲ့
မိန်းကလေးတွေများစွာရဲ့ စာရင်း နာမည်နဲ့ ဖုန်းနံပါတ်နဲ့ ရှိတယ်။
သေချာမှတ်ထားပါ။ အေးမေတ္တာဆေးခန်းကို လုံးဝ လုံးဝ မသွားပါနဲ့။ တကယ်လို့
တခြားဆေးခန်းနာမည်နဲ့ နေရာပြောင်းဖွင့်ရင်လည်း ဒေါက်တာမောင်မောင်အေးနဲ့
မယုကို မစင်လို သဘောထားပြီး ရှောင်ပါ။
သူငယ်ချင်းဆီမှ mail ကို မျှဝေလိုက်ပါတယ်။