မိဘကျေးဇူးမြင့်မိုရ်ဦးအထူးကျေအောင်ဆပ်ပါမည်

Tuesday, March 30, 2010

ချစ်သူသိရန်မလိုသော

အချစ်မှာ အချစ်ပဲရှိတယ်ဆိုတာကိုသာ

သိခဲ့ရင်လေ

အရာရာကိုလွယ်လွယ်နဲ့မယုံတတ်တဲ့ သံသယစိတ်တွေ

ရင်ထဲကအချစ်ထက်မာနကိုပိုထုတ်ပြချင်တဲ့စိတ်တွေ

သိက္ခာခြုံပြီး လိပ်ပြာလုံချင်တဲ့စိတ်တွေ

အားလုံးကိုပေါ့ အဝေးကိုလွှင့်ထုတ်ပြီး

မသိကျွိုးကျွံပြုခံခဲ့ရတဲ့ ရင်ခုန်သံတွေနဲ့

နှလုံးသားသရုပ်မှန်ကို ဖွင့်ဟဖော်ကြူးဖို့

ငါမင်းရဲ့အနားအရောက်

အပြေးလျှောက်လှမ်းချင်ပေမဲ့

နှေုာင်းခဲ့ပြီ..............................

ပြောင်းခဲ့ပြီ.............................

ခုတော့..................................

နင်ရှိနေတယ်ဆိုတဲ့ သူစိမ်းဆန်ဆန်မြို့ကလေးကိုပဲ

စိတ်ကူးနဲ့မှန်းမျှော်ကြည့်

လွမ်းသလိုရှိပေမဲ့

လွမ်းခွင့်တောင်ငါ့မှာမရှိတော့ပါလားကွယ်...

0 comments:

Post a Comment