စာရွက်ပေါ်မှာ နင့်ကိုချစ်ရုံနဲ့တော့
ငါ့ဘ၀ မင်ကုန်တာပဲအဖတ်တင်လိမ့်မယ်။
မပျံသန်းနိုင်တဲ့ငှက် လို့ပြောတိုင်း
ပင်ကွင်းငှက်ကိုပြေးမြင်ရင်
နင့်ကိုငါ မခေါ်ချင်ဘူး။
ကျောင်းအုပ်ကြီးဖတ်ဖို့ ရေးတဲ့စာ မဟုတ်လို့
ကျောင်းသွားဖေါ်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ။
နင့်နှလုံးသားကို နင်ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကို စာပြန်ပါ။ ။





0 comments:
Post a Comment