မိဘကျေးဇူးမြင့်မိုရ်ဦးအထူးကျေအောင်ဆပ်ပါမည်

Tuesday, March 30, 2010

မိရိုးဖလားများသတိ

ထေရ၀ါဒနှင့် မိရိုးဖလာနတ်ကိုးကွယ်မှုပြဿနာ
ထေရ၀ါဒဗုဒ္ဓဘာသာဝင်အများစုဟာ ဗုဒ္ဓဘာသာအပြင် ရိုးရာနတ်တွေကိုပါ ပူးတွဲကိုးကွယ်ကြပါတယ်။ ဒီလိုကိုးကွယ်တဲ့နေရာမှာ အချို့က မိဘလက်ထက်ကတည်းက လုပ်လာခဲ့တဲ့အစဉ်အလာကို မဖျက်ချင်လို့လုပ်ကြတဲ့သူတွေရှိသလို အချို့ကတော့ တကယ့်ကို ကြောက်ရွံ့ထိတ်လန့်ရိုသေမှုတွေနဲ့ ကိုးကွယ်ကြတာပါ။
ဒီတော့ နတ်ဆိုတဲ့စကားကို အရင် စစ်ကြည့်ရအောင်။ နတ်ဆိုတာ နာထဆိုတဲ့ ပါဠိစကားက လာတာပါ။ နာထဆိုတာ ကိုးကွယ်စရာ ဂုဏ်အရည်အချင်းနဲ့ပြည့်စုံသူတွေကို ခေါ်တာပါ။ ယင်းတို့ကို ယုံကြည်ကိုးကွယ်တာကိုတော့ နာထကရဏ-လို့ ခေါ်ပါတယ်။ ကိုးကွယ်စရာ ဂုဏ်အရည်အချင်းဆိုတာကတော့ (အပြစ်သေးသေးကိုပင်း ဘေးဟု ဆင်ခြင်ကာ သီလကို စောင့်ထိန်းသူ၊ ပရိယတ်စာပေကို သင်ထားဆောင်ထားသူ၊ မိတ်ဆွေကောင်းဖြစ်သူ၊ ဆိုဆုံးမလွယ်သူ၊ အတူနေတို့အပေါ်ထက်သန်စွာကူညီတတ်သူ၊ တရားကို နှစ်သက်မြတ်နိုး၍ ချစ်ခင်စဖွယ် ပြောဆိုသူ၊ အကုသိုလ်တရားများပယ်ခွာနိုင်ရေး ကုသိုလ်တရားများတိုးပွားနိုင်ရေး တို့တွင် လုံ့လပြင်းစွာထားသူ၊ ရောင့်ရဲတတ်သူ၊ သတိတရားရှိသူ၊ ခန္ဓာငါးပါးတို့တွင် ဖြစ်ပျက်ရှုမြင်နိုင်သော ပညာရှိသူ) ဤသူဆယ်မျိုးကိုသာ ကိုးကွယ်ရမည်ဖြစ်ကြောင်း ဘုရားရှင် ဟောထားပါသည်။ ဒီဂုဏ်တွေနဲ့ ပြည့်စုံတဲ့ဘုရားရှင်ကို သုံးလူ့နတ်လို့ ခေါ်ပါတယ်။
နတ်ဆိုတဲ့အသုံးအနှုန်းကို တာဝတိံသာ စတဲ့ နတ်ပြည်က သတ္တ၀ါတွေကိုလည်း ခေါ်ပါသေးတယ်။ ဒါပေမယ့် အဲဒါ မြန်မာမှာပဲ ခေါ်တာပါ။ ပါဠိမှာ သူတို့ကို နာထလို့ မခေါ်ပါဘူး။ ပျော်မြူးတတ်တဲ့သတ္တ၀ါ = ဒိဗ္ဗ၊ ဒေ၀ လို့ ခေါ်ပါတယ်။ ဒီသတ္တ၀ါတွေဟာ ကောင်းမှုအကျိုးကို ခံစားနေကြတဲ့ ချမ်းသာတဲ့သတ္တ၀ါတွေပါ။
မြန်မာတွေကိုးကွယ်ကြတာ သူတို့မဟုတ်ပါဘူး။ သုံးဆယ့်ခုနစ်မင်းပါ။ သူတို့ရဲ့ ဇာတိပဋိသန္ဓေကို စိစစ်ကြည့်ရင် ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အိမ်မှာမွေးထားတဲ့ ခွေးကြောင်ကြက်ဝက်တို့နဲ့ ပဋိသန္ဓေဇာတ်အဆင့်အတန်းချင်း အတူတူပါပဲ။ ဒီသတ္တ၀ါတွေကို အရှင်ကြီးအရှင်ကောင်းခေါ်ပြီး ရှိခိုးဦးတင်လုပ်နေတာကတော့ မိမိကိုယ်ကို နှိမ့်ချလွန်းရာ ရောက်ပါတယ်။
နေစရာမဲ့၊ စားစရာမဲ့၊ ၀တ်စရာမဲ့ဘ၀နဲ့မို့ လူတွေကို ကပ်ရပ်စားသောက်နေထိုင်ရတဲ့သတ္တ၀ါတွေကို ရာထူးရဖို့၊ စည်းစိမ်ရဖို့၊ ကျန်းမာဖို့ ကိုးကွယ်ကြတယ်ဆိုတာကလဲ မှားယွင်းလွန်းလှပါတယ်။ ဖြူးဆရာတော်ကတော့ အဲဒီလူတွေကို (အရထူးတယ်) လို့ ပရိယာယ်လေးနဲ့ ပြောပါတယ်။ သူတို့တောင် ဆင်းရဲလို့ ကိုယ့်ဆီကပ်စားနေရပါတယ်ဆိုမှ သူတို့ကို မပါ စပါဆိုတော့ သူတောင်းစားဆီ ပိုက်ဆံချေးတာနဲ့ တူနေသလိုပဲ။
ဒီသုံးဆယ့်ခုနစ်မင်းကလဲ ဗမာချင်းအတူတူတောင် ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဗမာတွေကိုပဲ နှိက်စပ်တယ်၊ အခြားဘာသာကိုးကွယ်တဲ့ဗမာတွေကျတော့ မနှိပ်စက်ဘူး။ တော်တော် ထူးဆန်းတယ်။ သူတို့လဲ ဒီတိုင်းပြည်မှာ နေကြတာပဲ၊ တခြားဘာသာဝင်ဗမာတွေ၊ တိုင်းရင်းသားတွေ အများကြီး၊ ဘာဖြစ်လို့ အဲဒီပုဂ္ဂိုလ်တွေဆီမှာ ၃၇-မင်း မရှိရတာလဲ။ ရိုးရာမဖျက်တာ ကောင်းပါတယ်။ ဒါပေမယ့် မကောင်းတဲ့ ရိုးရာ အဓိပ္ပာယ်မရှိတဲ့ ရိုးရာကျတော့ ရိုက်ချိုးဖျက်ဆီးပစ်သင့်ပါတယ်။
အားလုံးအမြင်မှန်ရကြပါစေ။

0 comments:

Post a Comment