မိဘကျေးဇူးမြင့်မိုရ်ဦးအထူးကျေအောင်ဆပ်ပါမည်

Thursday, January 27, 2011

ဆင်ခြေ

လူတိုင်း လူတိုင်းလက်ရှိ ဒီ post ကိုဖတိတဲ့ အချိန်ထိ ဆင်ခြေဆိုတဲ့ စကားလေးတစ်ခွန်းတစ်လေတစ်လောက်တော့ ပြောဘူးကြမှာပါ။အလုပ်တစ်ခုလုပ်ရင် ဆင်ခြေလိုပါတယ်။တစ်ချို့ ကပြောတယ်။
“ငါ့ကိုဆင်ခြေလာမပေးနဲ ၊့ရတယ် မရဘူး ဒီနှစ်ခုထဲက တစ်ခုပဲပြော”
ဒီလိုအပြောမျိုးကို သူများအလုပ်မှာ လုပ်နေရတဲ့ ၀န်ထမ်းတွေ အများကြီးကြုံရမှာပါ။ဝန်ထမ်းဖက်ကကြည့်ရင် တောတော်ဂွကျတဲ့ မေးခွန်းပဲ။ ပိုက်ဆံမရှိလို့ သူများအလုပ် ၀င်လုပ်ပါတယ်ဆိုမှတစ်ခါတစ်ခါ ဆင်ခြေပေးတာမဟုပ်ပေမဲ့ ဖြစ်စဉ်လေးရဲ့ ကောင်းကျိုးဆိုးကျိုးလေးတော့ ရှင်းပြခွင့်လေးပေးသင့်ပါတယ်။ဘာလို့ လဲဆိုတော့ ကိုယ်ဆုံးဖြတ်ရတဲ့ ကိစ္စတစ်ချို့ ဟာ ပိုက်ဆံ သိန်းပေါင်းများစွာ တန်တဲ့ ကိစ္စမျိုးဖြစ်နေရင်တော့ သူလည်းကာဘာတစ်ခုတော့ရှာမှာပေါ့။
သူဌေးဖက်ကကြည့်ရင် ခေါင်းမစားခြင်လို့  ပိုက်ဆံပေးပြီး ခေါင်းစားဖို့တာဝန်ယူခိုင်းတာဖြစ်တော့ သူကတော့ရှင်းတယ်။
“ငါ့ကိုဆင်ခြေလာမပေးနဲ ၊့ရတယ် မရဘူး ဒီနှစ်ခုထဲက တစ်ခုပဲပြော”
ဟုပ်ပါတယ် ကျွန်တော်တို့ ကျွမ်းကျင်ပါတယ်လို့  လက်မထောင်အာမခံပြီးဝင်လာခဲ့တာပါ။ကိုယ်တာဝန်ယူခေါင်းခံရတဲ့ ကိစ္စမျိုးမှာတော့ ဖြစ်လာတဲ့ ကောင်းကျိုးဆိုကျိုးကို ကိုယ်ပဲခံရမှာပါ။ဒါပေမဲ့ ကိုယ်ခေါင်းစားရတဲ့ ကိစ္စကသိန်းပေါင်းများစွာတန်ပြီး ဖြစ်သွားရင်တော့ မင်းတော်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့  ကျေနပ်လိုက်ရပြီး။ဆုံးရှုံးမှု့ တွေဖြစ်လာပြီ ဆိုရင်တော့
“မင်းအရမ်းညံ့တာပဲ ဒီကိစ္စမျိုးလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ အစကထဲက မင်းမတွက်ထားဘူးလား အခုမင်းကြောင့် ငါပိုက်ဆံ ဘယ်လောက်ဆုံးရှုံလိုက်ရပြီ ဆိုတာမင်းအမြင်ပဲ အဲတော့မင်းလျော် မလျော်နိုင်ရင် အလုပ်ထွက်”
ကျွန်တော်တို့ ဘာလုပ်ရမှာလဲ။အကျိုးအကြောင်းအဆိုးအကောင်းလေးကို ရှင်းပြတော့
“ ငါ့ မှာအချိန်ဒီလောက်မရဘူး မင်းကဒီပညာရပ်ကို ငါ့ထပ်အများကြီးနားလည်လို့ မင်းကိုဒီနေရာကိုရာထူးပေးပြီးခန့် ထားတာ မင်းဒီလောက်တောင် မကျွမ်းကျငရင်ဘာလုပ်မှာလဲ မင်းတို့ ကျောင်းကသင်ပေးလိုက်တဲ့ ပညာတွေဒါအကုန်လား”
နာလာအောင်ပြေတော့လည်း မခံခြင်စိတ်နဲ့  ဖြစ်နိုင်ခြေ ၅၀=၅၀ ရှိတဲ့ အလုပ်ကိုလုပ်မိလိုက်တယ်။ဖြစ်မလာတော့လည်း ကံကိုရိုးမယ်ဖွဲ့ ရမှာလား။ကျွန်တော်တော့ ဒီလိုမထင်ဘူး တစ်ခါတစ်ရံမှာ အလုပ်တစ်ချို့ က ဘယ်လောက်ပဲအရေးကြီးကြီး နီးမှအလုပ် ကိစ္စကို ကပ်မဖြတ်ပါနဲ့  ကိုယ်နားမလည်လို့  ၀န်ထမ်းတောင်ခန့် ပြီးခေါင်းစားခိုင်းထားတာလေ သူမလုပ်နိုင်လို့  ဆင်ခြေပေးတယ်လို့ မမြင်စေခြင်ဘူး။သူ့ ရဲ့ဆင်ခြေလေးတွေ ကိုအချိန်ပေးပြီးနားထောင်သင့်ပါတယ်။
“ ဆရာရေ ဒီ ကိစ္စမျိုး ကတော့ ဒီလိုရှိတယ် လုပ်ရင်တော့ ဒါတွေဖြစ်လာနိုင်တယ်။မလုပ်ရင်တော့ ဒါတွေဖြစ်လာနိုင်တယ်”
သူ့ ရဲ့ကာဘာယူတဲ့ ဆင်ခြေလေးကိုနားထောင်ကြည့်ပြီး ဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်နိုင်ချစေခြင်ပါသည်။ဆုံးရှုံးမှာကြောင့်လို့  မလုပ်ရင်လည်း သူဌေးညိုညင်မှာကြောက်ရတဲ့ ၀န်ထမ်းတစ်ယောက်ရဲ့ ခံစားချက်ကို သူဌေးဆိုတဲ့သူများသိစေခြင်ပါတယ်။သူဌေးအားလုံး ကိုဆိုလိုခြင်းမဟုပ်ပါ။လုပ်လိုက်လို့  အောင်မြင်ရင်ဘာအကြောင်းလဲ မအောင်မြင်ရင် ဖြစ်လာမယ့်အန္တယ်ရယ်တွေကို ကြောက်ရွံတဲ့ အတွက်ဝန်ထမ်းတစ်ယောက်ရဲ့ ကြိုးကျောင်းဆီလျှော်တဲ့ ဆင်ခြေလေးတွေကို ခံစားနားထောင်ရအောင်လားဗျာ။
ဒီလိုပါပဲ ချစ်သူတွေဘ၀မှာကော ဆင်ခြေလေးတွေလိုတာပါပဲ။
ချစ်သူနှစ်ယောက် တိတ်ဆိတ်တဲ့ ကန်တော်ကြီးလို နေရာမှာ ချိမ်းတယ်။ကောင်မလေး ကရောက်မလာခဲ့ဘူး ကောင်လေးကတော့ ပေါ်လာနိုးနဲ့ မျှော်တလင့်လင့်ပေါ့ အချိန်တွေကုန်လွန်သွားလည်းချစ်သူကတော့ ပေါ်မလာခဲ့ဘူး။
အဲဒီအချိန်ကောင်လေးရင်ထဲမှာ ပူလောင်သောကတွေနဲ့  ခံစားနေရတာလေ။ဒေါသတွေလဲထွက်နေပြီပေါ့ ။ နောကိရက်ကောင်မလေးနဲ့ တွေ့ ပါပြီ။ကောင်မလေးအနေနဲ့ မနေကမလာဖြစ်တဲ့အကြောင်းကို ဆင်ခြေလေးနဲ့ ပြောရမှာပဲ။မပြောဘူးဆိုရင်တော့ ကောင်မလေးအလွန်ပေါ့ သူပြောတာကိုနားမထောင်ခဲ့ရင်တော့ ကိုယ့်ရဲ့အပြစ်။ကိုယ့်ကပြစ်မဖြစ်ရအောင်သူ့ ရဲ့ဆင်ခြေကိုနားထောင်သင့်တယ်နော်။
သူ့ ရဲ့ဆင်ခြေက ကျိုးကျောင်းဆီလျှော်တဲ့ ဆင်ခြေမျိုးဆိုရင် နားလည်လက်ခံပြီး ကြည်နှုးစရာလေးပေါ့ ကိုယ်ကတစ်ဖက်သတ် ယူဆချက်နဲ့  ငါ့မှနိတယ်သူ ရဲ့ဆင်ချေတွေကို နားထောင်စရာမလိုဘူး လို့ ဆုံးဖြတ်ရင် ၀မ်းနည်းစရာတွေဖြစ်ကုန်နိုင်တာမို့  သူရဲ့ဆင်ခြေလေးကိုတော့ နားထောင်လိုက်ပြီးမှ မှားခြင်းမှန်ခြင်းကို ဆုံဖြတ်ကျရင်မကောင်းဘူးလားဗျာ။
ပျော်ရွင်ချမ်းမြေ့ပါစေ
ဝင်းမြတ်

0 comments:

Post a Comment