မိဘကျေးဇူးမြင့်မိုရ်ဦးအထူးကျေအောင်ဆပ်ပါမည်

Saturday, January 15, 2011

မိဘမေတ္တာစန်းသော်တာနဲ့ ပမာနှိုင်းဆို

မိဘမေတ္တာ၊ စန်းသော်တာနှင့် ၊ပမာနှိုင်းဆို မနှိုင်းလိုဘူး။ ထိုစန်းတိမ်လွှာဖုန်းသောကြောင့်။
မိဘမေတ္တာ၊ပန်းရွှေကြာနှင့်၊ပမာနှိုင်းဆို မနှိုင်းလိုဘူး။ ထိုပန်းနေမှာနွမ်းသောကြောင့်။
မိဘမေတ္တာ စမ်းရေပြာနှင့် ပမာနှိုင်းဆို မနှိုင်းလိုဘူး။ထိုစမ်းနွေမှာခမ်းသောကြောင့်။

တနေ့က စင်ကာပူသူ တကာမလေးတစ်ယောက်နဲ့ စကားစမြည်ပြောဆိုရင်း သူ့မှာသားလေးမွေးဖွား
လာရင်ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးဆီမှာ novice monk (ရှင်သာမဏေ)၀တ်ပြီး လောကုတ္တရာ
ပညာသင်ယူဖြစ်အောင်စီစဉ်မယ်လို့စိတ်ကူးထားကြောင်း၊သူများတကာလိုသားလေးကိုပညာတတ်ဖြစ်
အောင်သင်ပေးပြီးသားလေးရဲ့အထောက်အပံ့ကိုမှီခိုမယ်စသည်စိတ်ကူးမရှိပါကြောင်းပြောလာပါတယ်။
သူလူ့လောက ကြီးက မထွက်ခွါမီ သားလေးအတွက် အာမခံတွေလုပ်ပေးသွားမှာပါလို့ပြောလို့ မိခင်
တစ်ဦးရဲ့မေတ္တာကိုတွေ့မြင်လိုက်ရပါတယ်။

လွန်ခဲ့သော(၂)နှစ်ခန့်ကရန်ကုန်ကို ကိစ္စတစ်ခုနဲ့အပြန် Jetstar flight ပေါ်ရှိ မိမိထိုင်ခုံအနီးမှာ
အမျိုး သမီးတစ်ဦးသည်(ဲ၃)နှစ်အရွယ်သားလေးတစ်ဦးကိုပွေ့ကာ၊ဖက်ကာ အမေကစကားလေးပြော
လိုက်၊ သား လေးကတီတီတာတာပြောလိုက်နဲ့ မြင်နေရတော့ မိမိက စိတ်ဝင်စားမိတာနဲ့မေးမြန်း
ကြည့်တော့ သူမကပြောပြပါတယ်။၊သူမဟာစင်္ကာပူမှာအလုပ်လုပ်နေတဲ့အင်ဂျင်နီယာတစ်ယောက်ဖြစ်
ကြောင်း၊သားလေးကိုမွေးပြီးကတည်းကဟင်္သတမြို့ရှိ မိဘများထံမှာအပ်နှံထားခဲ့ရတယ်။
ယခုတလော သားလေးကိုအောက်မေ့တာနဲ့စင်ကာပူကိုခဏခေါ်ယူပြီးပြုစုခဲ့ပြီးတော့ယခုမြန်မာ
ပြည်ကို ပြန်ပို့ဖို့ သွားကြောင်း ရှင်းပြပါတယ်၊


အဲလိုနဲ့စကားစမြည်ပြောကြတော့၊သူမကသားလေးကိုရန်ကုန်မှာသူမရဲ့အမေအဖေလက်ကို ပေးအပ်ကာ၊
ဒီနေ့ညနေ fliglt နဲ့စင်္ကာပူကိုပြန်လာခဲ့မယ်လို့ပြောပါတယ်၊၊မိမိက တကာမလေး "သားလေးကိုတော်
တော်ချစ်တာပဲနော်"လို့ပြောတော့၊ဘုန်းဘုန်းရယ်ဘယ်လိုပြောလိုက်ပါလိမ့်၊မိမိသားပဲ မချစ်ပဲနေပါ့မ
လား။ သားလေးနဲ့ဘယ်ခွဲချင် ပါမလဲ၊ ဘ၀ဆိုတာပျော်ရာမှာမနေရ၊တော်ရာမှာပဲနေရတယ် ဆိုသလို
သားလေးနဲ့ဝေးနေ ရတာမပျော်ပါဘူး၊


နောက်တော့လဲ အကြောင်း ညီညွတ်ရင်သားလေးကို စင်ကာပူခေါ်ပြီးကျောင်းထားပေးဖို့ကြိုးစား
ပါ့မယ်။ သားလေး ပညာတတ်ဖြစ်အောင် သင်ပေးမယ်၊ ပြီးတော့လူ့လောကလယ်မှာ တင့်တင့်တယ်တယ်
ထားခဲ့မှာ ပေါ့ဘုရားစသည်ဖြင့်မေတ္တာ၊ကရုဏာအပြည့်ဖြင့်ပြောပြနေသောမိခင်ကလေး တစ်ဦးနဲ့
စကားပြော ခွင့်ကြုံခဲ့တာ Changi Airport မှထွက်ပြီး မြန်မာပြည် နယ်နိမိတ် မရောက်မချင်းပါပဲ ။


တကာမလေးက မေးခွန်းများမေးသောမိမိကို ခင်မင်ရင်းနှီးသလိုဖြစ်ခဲ့ပြီး စင်ကာပူပြန်ရင်လာလည်
ချင်တယ၊်လိပ်စာ၊ဖုန်းနံပါတ်လေးမေးမြန်းတဲ့အခါ ရှားရှားပါးပါးပါလာတဲ့ လိပ်စာကဒ်တစ်ခုပေးလိုက် ပါတယ်။
တကာမလေးကဘုန်းကြီးနာမည်မဖတ်တတ်လို့ဖတ်ပေးပြိးနောက်၊အရှင်ဘုရားကဘွဲ့တွေ
အများကြီးရထားတာပဲ။မိမိကလည်း ရယ်စရာလုပ်ပြီးဘွဲ့လား၊ဗွက်လားတော့မသိဘူး၊ ဒါတွေရအောင် တော့ဆယ်စုနှစ်တွေ အချိန်ပေးခဲ့ရပါတယ်၊တကာမလေးက ပြောတယ် ကိုယ့်သားလေးကဒီလိုဖြစ်ရင် ဘယ်လောက်ကောင်း မလဲနော် စသည်ဖြင့်ပြောလာတဲ့အခါ၊မိမိရဲ့အမေလည်း သူ့လိုဝမ်းသာမှာ ပဲတွေးမိပြန်တော့တကာမလေးကိုမေးမြန်းကြည့်တယ်၊တို့အမေအတော်ဝမ်းသာမှာပဲနော်တကာမလေး၊
ဘုန်းဘုန်းရယ်ပြောစရာလိုသေးလား။


မိမိကပြောလိုက်သေးတယ် တို့အမေကစာသိပ်မတတ်ဘူး၊ဒါကြောင်းဝမ်းသာရမှန်းလဲသိ
မှာမဟုတ်ဘူး၊ကိုယ်တိုင်လည်းပြုပြင်ပေးစရာ၊ဆုံးမစရာသိပ်မလို့ဘဲနဲ့သားက ကိုယ့်လမ်းကိုယ်လျှောက်
ခဲ့တာလည်းဖြစ်တော့ တကာမလေးနဲ့မတူလောက်ပါဘူး၊သူကကန့်ကွက်ပါတယ၊်
အရှင်ဘုရားရဲ့အမေကိုတွေ့ရင်ပြောပြလိုက်မယ်နော်တဲ့၊တွေ့လည်းတွေ့မှာမဟုတ်ဘူး၊ ပြောလည်းမနေပါနဲ့တကာမလေးရယ်စသည်ဖြင့်ပြောခဲ့ပါတယ်။


မိဘမေတ္တာကိုနားလည်နေသူမိခင်ကလေးတစ်ယောက်အနေဖြင့်၊ခေတ်ပညာတတ်တစ်ဦးကမိဘမေတ္တာ ကိုအသိအမှတ်မပြုသလိုသဘောမျိုးပြောလိုက်တာကို၊မခံချိမခံသာဖြစ်နေပုံရပါတယ်၊ တကယ်တော့
စာရေးသူဟာ ပညာရေးကဏ္ဍမှာဒေါက်တာ(ပါရဂူ) ဖြစ်ရင်ဖြစ်မယ်၊ မိဘမေတ္တာစာနာထောက်ထား
ကရုဏာသနားစသည် မှာ primary အဆင့်လောက်မရှိပါတကားလို့အထင်သေးရင်သေးလောက်ပါတယ်။


မင်္ဂလာဒုံလေယာဉ်ကွင်းဆင်းသက်ဖို့နီးလာတဲ့အခါ အမှတ်မထင် မိုးသက်လေပြင်း ကျရောက်
လာခဲ့သည်၊လေယာဉ်ကြီးဆင်းလို့မရဖြစ်နေပြန်ပါတယ်၊လေယာဉ်ကြီးဟာမိုးသားတွေကြားမှာ
အပတ်ပေါင်းများစွာကွေ့ပတ်ဝဲပျံနေပါတယ်။အလားတူ India Airline မှတစ်စီး၊
China Airline မှတစ်စီးကိုလည်းမိမိတို့ flight ရဲ့အောက်နားက၀ဲပျံ နေကြ တာကိုတွေ့
မြင်နေရ တယ်။မိမိအနီးမှ သားအမိနှစ်ဦးက တော့တစ်ဦး နှင့်တစ်ဦးပွေ့ ဖက်ကာဘုရား တလိုက်၊ဆုတောင်းလိုက်နဲ့ သောက၊ဗျာပါဒတွေများ နေကြပါတယ်၊


မိမိအနီးမှပါ လာသောရဟန်းတော်တစ်ပါးဆိုရင်ကြောက်လန့်ပြီးမျက်နှာတွေပျက်ပြီး လက်မှိုင်ချကာ ကမ္ဘာပျက်ခါနီးအလားကြောက်လန့်တုန်လှုပ်နေကြတာတွေ့ ရပါတယ်၊

မိမိကတော့ဘာကြောင်းလဲမသိကြောက်စိတ်ပေါ်မလာမိခဲ့ပေ၊အနီးအနား ရှိမြန်မာပြည်ဖွား ခရီးသည် များကိုလှည့်ကြည့်မိသည်၊ အများစုကတော့တုန်လှုပ်ချောက်ချားကုန်ကြပေပြီ၊ ကိုယ်နဲ့လေယာဉ်ပေါ်မှ
အခြား passengersတွေဟာလူသားတွေချည်းပဲမဟုတ်လား၊ကိုယ်ကမကြောက်ပေမယ့်
သူများတွေကြောက်ရွံ့ထိတ်လန့်စိတ်ပူနေလိုက်ကြတာသူတို့မျက်နှာလေးတွေကပြနေပါပြီ၊


မိမိကရွတ်ဖတ်နေကျ ပရိတ်ပဌာန်းတွေရွတ်ပေးပြီးနောက် နာရီဝက်ခန့်ကြာတဲ့အခါ ရာသီဥတုသာယာ
စပြုလာပြီး pilot က announcement လုပ်ပါတယ်၊ Our flight is going to start landing ...စသည်ဖြင့်ကြားရတဲ့အခါမှမျက်လုံးလေးတွေတောက်ပ၀ိုင်းစက်လာကြပါတယ်၊ နောက်တော့
လေယာဉ် ကြီးဟာလုံခြုံချောမွေ့စွာနဲ့ရန်ကုန်လေဆိပ်ကိုဆင်းသက်နိုင်ခဲ့ပါတယ်။


မိမိရုတ်တရက်သတိရမိတာက ဟိုတစ်ချိန်က တွံတေးတူးမြောင်းမှာ တိုးအေး ဆိုတဲ့ သင်္ဘော
နစ်မြုပ်လို့ပြန်လည်ဆယ်ယူတဲ့အခါ မိခင်အရိုးစုတစ်ခုက သားငယ် အရိုးစုတစ်ခုကို ရင်မှာ
ပိုက်လျက် တွေ့ရပါတယ်။


တိုက်တိုက်ဆိုင်ဆိုင် မေမေ စင်္ကာပူကိုလာလည်သောနေ့မှာပဲတကာမလေးကျောင်းကိုလာလည်တာနဲ့ဆုံကြ ပါတယ်၊ မိမိကအရုပ်မလှသော်လည်း အမေကသိပ်ချောပါတယ်၊ တကာမလေးက အံ့သြတကြီးနဲ့

အော်.. တကယ်အမေရင်းပဲလားတဲ့၊ရုပ်ချင်းတော့ဆင်တယ်၊မိမိတို့သားအမိက ဘာမှပြန်မဖြေဘဲပြုံးစိစိ လုပ်နေကြပါတယ်၊ ဧည့်သည်တစ်ယောက်ရောက်လာတာနဲ့ မိမိလည်းအမေနှင့်တကာမလေးကိုတစ် နေရာမှာထားကာထွက်လာခဲ့ပါတယ်၊တကာမလေးဟာဟာအမေကိုအကြာကြီးဘာတွေပြောနေပါလိမ့်
ခန့်မှန်းသာကြပါတော့။


တရားနှလုံးနည်းနည်းသွင်းကြစို့...
ကဏှရသေ့ဇာတ်တော်ကို ဘုရားရှင်ဟောတော်မူရခြင်းအကြောင်းမှာ တနေ့သောအခါ ဘုရားရှင်
သည်ညီတော်အာနန္ဒာနဲ့ဒေသစာရီကြွချီနေတုန်းမြေနက်ရောင်ရှိနေရာတစ်ခုရောက်လာကြတော့၊
ဘုရားရှင်ပြုံးတော်မူပါသတဲ့၊ နောက်ကလိုက်နေတဲ့ညီတော်အာနန္ဒာက ဘုရားရှင်ပြုံးတော်
မူတာကို သွားတော် ရောင်ခြည်တော်ကွန့်မြူးလို့သိလိုက်ရတယ်၊


ဒါနဲ့ အကျိုးအကြောင်းမေးမြန်းတော့ဘုရားရှင်က ဒီနေရာ လေးမှာ ရသေ့ကလေးဖြစ်ခဲ့တဲ့
အကြောင်း၊ ဈာန်အဘိညာဉ် ရလာလို့၊ သိကြားမင်းနေရာ မြကျောက်ဖြာ မာကျောလာ
လို့သိကြားမင်း ကိုယ်တိုင်ဆင်းသက်လာပြီး interview လုပ်ခဲ့ရကြောင်း
မိန့်တော်မူပါတယ်၊ သူရဲ့ရည်ရွယ်ချက် ကိုထုတ်ဖေါ်ပြောဆိုရာ၊
ငါသည်ဘယ်ဘ၀မှာမှ ဘယ်သူ့ကိုမှမချစ်ရပါလို၊ ငါသည်ဘယ်ဘ၀မှာမှဘယ်
သူ့ကိုမှ မမုန်းရပါလ၊ိုငါသည် ဘယ်ဘ၀မှာမှ ဘယ်သူ့ကိုမှအမျက်မထွက်ရပါလို၊ ငါသည်
ဘယ်ဘ၀မှာမှ ဘယ်သူ့ကိုမှ မဆဲဆော်ရပါလို၊ဟူသတတ်၊၊

0 comments:

Post a Comment