ကလလရေကြည် သန္ဓေမှချည်
ပူငန်ဖန်ခါး ရှောင်ကာရှား၍
ကိုးလရင်လွယ် ပင်ပန်းသွယ်ဖြင့်
သေမင်းအန်တု သက်ကိုလု၍
မွေးဖွားကျင့်အောင်
လူ့ဘောင်ဆောင်စေ
ကျေးဇူးကြီးပေ မာတာအမေ……
ဖဝါးလက်နှစ်လုံး မွေးခင်းမှသည်
ပုခုံးလက်နှစ်သစ် အစချီလျက်
လူလယ်တင့်တယ်
ဝင့်ကြွားစေရွယ် ကောင်းကင်ဝတိံ
မီးပင်လယ်လည်း
အမေ့ဇွဲထန် စွမ်းတမံဖြင့်
ဖြတ်ကျော်နိုင်သည့် ဒို့အမေ…….
နှဖူးချွေးစက် ခြေမထက်သို့
ချောင်းလိုအသွင် စီးနေသော်လည်း
ညိုငြင်မဖက် အပြုံးဆက်၍
သားတို့ဝမ်းစာ မလစ်စေအောင် ရှေ့သို့ဆောင်လေ ဒို့အမေ….
သားသ္မီးတောင်းတ ဟူသမျှကိ
ကိုယ်ပင်မရှိ မွဲသော်ငြားလည်း
သူကြွယ်မ ဟန် ရအောင်ကြံ၍
ဖြည့်ကျင့်တမူ စွမ်းဆောင်နိင်လေ
တတ်နိုင်လွန်းသည့် ဒို့အမေ……
မကောင်းကိုတား
ကောင်းကိုမျှား၍
ရွှေအိုးပညာ ရစေကြံရွယ်
ချော့ခြောက်မာယာ နည်းထန်စွာဖြင့်
ရက်စက်ဟန်ပြု ဒေါသတု၍
ဇွဲကုန်သင်နေ ဒို့အမေ……
တောင်ပန်စုံမက် ကျင်ဖော်ဖက်၍
ဝေးရာဝဲပျံ သားတို့ဟန်ကိ
ရင်ဝယ်သောက
ပူဆွေးငြားလည်း
သားတို့ပီတိ ရင်မှာဖိ၍
ကြိတ်မှိတ်တစေ ငိုကြွေးကာဖြင့်
လွမ်းလို့သာနေ ဒို့အမေ……
နီးနေမသိ ဝေးမှသိသည့်
လောကလူသား လူအများအား
နှိုင်းမဲ့စေတနာ မိမေတ္တာကို
နောင်တရယ်အပေါင်း မနှောင်းစေဖို့
လင်္ကာကဗျာ ဖော်ကျုးဆောင်စေ
မွေးကျေးဇူးတွေ ဆပ်ကြလေ…….
အယ်အောင်မျိုး (အင်းလေး)





0 comments:
Post a Comment