ပင်လယ်ပြင် ဘယ်လောက်ကျယ်မလဲ
မုန်တိုင်းတွေ ဘယ်လောက်ထန်မလဲ
အဖေ့အပြုံး ခွန်အားအဖြစ်သောက်သုံးပြီး
ပင်လယ်ပြင်ကိုဖြတ်ကျော် ..
မုန်တိုင်းတွေ ရိုင်းစိုင်းလာရင် .. .
အပိုင်းပိုင်းဖြစ်အောင် လိုက်ဖိုက်မယ်
အဖေ့အပြုံးက ငါ့ရဲ့ခွန်အားဖြစ်တယ်....
တောင်တန်းတွေ ဘယ်လောက်မြင့်မလဲ
လောကဓံ ဘယ်လိုနှိပ်စက်မလဲ
အမေ့မေတ္တာ ရင်မှာပိုက်ကာ
တောင်းတန်းတွေကို ဖြတ်ကျော်.
လောကဓံတရား စိမ်ခေါ်ရင် ..
တိမ်ပေါ်ထိ လိုက်ဖိုက်မယ် ..
အမေ့မတ္တာ ငါ့ရဲ့လက်နက်ဖြစ်တယ်.....။





0 comments:
Post a Comment