မိဘကျေးဇူးမြင့်မိုရ်ဦးအထူးကျေအောင်ဆပ်ပါမည်

Saturday, January 15, 2011

ထာဝရငြိမ်းချမ်းရာကောင်းကင်ဘုံသို့

ဟန်ဆောင်အပြုံး
လိမ်ညာတွေသုံးလို့
နင့်အပြောချိုချိုမှာ
ယစ်မှုးမိတဲ့.....
ငါ့နှလုံးသားလေး
အခုတော့....
ပိုးစားခံရပြီပေါ့။

အချိုကျွေးလွန်းတဲ့....နင်နဲ့
အချိုကြိုက်တဲ့...ငါ
ဘယ်သူမှ မလွန်ပေမယ့်
ပိုးစားခံလိုက်ရတဲ့
ငါ့နှလုံးသားလေး
အခုတော့....
ဓားစာခံ စတေးလိုက်ရပြီ။

ဝမ်းနည်းလွန်းလို့
ငိုချင်းချမိတဲ့ငါ့ကို
အခုတော့....
မြစ်နဒီတောင် လက်မှိုင်ချလို့
ကောင်းကင်တောင်
ဒူးထောက်အရှုံးပေးလိုက်ရပေါ့။

0 comments:

Post a Comment