မိဘကျေးဇူးမြင့်မိုရ်ဦးအထူးကျေအောင်ဆပ်ပါမည်

Saturday, January 15, 2011

မိဘမေတ္တာ

မိဘမေတ္တာအကြောင်းကိုကျွန်တော်လူမှန်းသိတတ်စအ၇ွယ်
အထိနားမလည်သေးပါ။ မွေးချင်း၅ယောက်အနက်သားဆို
လျှင်တစ်ယောက်သာပါသောကျွန်တော့်မှာ
ဆိုးချင်တိုင်းဆိုးခဲ့ပါသည်။
“မိခင်မုဆိုးမ ကိုဒုက္ခပေးတဲ့သူတွေ နင်တို့ တွေ အိမ်ထောင်ကျပြီးသားသမီး၇မှသိလိမ့်မယ်”
ဟူသောအမေ၏စကားကိုထိုစဉ်အချိန်ကအမြဲတမ်း
ပျက်၇ယ်ပြုခဲ့မိသည်။
အမေ့၇ဲ့စကားကိုအလေးအနက်မထားခဲ့ပါ။

တက္ကသိုလ်ေ၇ာက်တော့လည်းအသိညဏ်မတိုးဘဲ
ပို၍မိုက်လုံးကြီးခဲ့သည်။ ကျွန်တော့်ကြောင့်အမေခဏခဏမျက်၇ည်ကျခဲ့၇ သည်။ မိဘဆူ၍အိမ်မှထွက်ပြေးလျင်အမေ့မှာဟို လိုက်မေးဒီလိုက်မေးနှင့်သူငယ်ချင်းများ၏မိဘများ
နှင့်စိတ်ဝမ်းကွဲခဲ့၇သည့်အကြိမ်ပေါင်းမနည်းခဲ့ပါ။
ကျွန်တော့်စိတ်ထဲမှာအမေသည်ကျွန်တော့်ကိုမချစ်
ဘူးဟုအထင်ေ၇ာက်ခဲ့မိသည်။
ကျွန်တော်အိမ်ထောင်ကျတော့လည်းကျွန်တော့်ဝင်ငွေ
နှင့်ကျွန်တော်လုံးလည်လိုက်နေ၍အမေ့ကိုမကြည့်နိုင်ခဲ့ပါ။
အမေကျွန်တော့်အပေါ်ဘယ်တော့မှစိတ်မကွက်ခဲ့ပါ။
သူ့ ဆုဆောင်းငွေပင်စင်လစာဖြင့်အေးချမ်းစွာနေထိုင်၇င်း
”မင်းတို့ အဆင်ပြေ၇င်အမေ၀မ်းသာပါတယ်“ဟုသာအမြဲ
ပြောလေ့၇ှိ၏။

ပြည်ပထွက်၍အလုပ်တော့လည်းမိခင်ကြီးထံအဆက်အသွယ်နည်း ခဲ့သည်။အမေဘယ်လောက်စိတ်ပူပန်နေမလည်းဆိုတာ ကျွန်တော်နည်းနည်းလေးမှမတွေးမိခဲ့ပါ။ မိဘမေတ္တာကိုမသိသူတဦးကဘယ်ကိုယ်ချင်းစာတတ်ပါ့မလဲ။ ဟော..ခုတော့အလှည့်ကြုံပြီပေါ့။ကျွန်တော်ကလေး၇ပါပြီ။
သမီးမိန်းကလေးပေါ့။သမီးကိုမွေးပြီး၂လအကြာမှာ
ကျွန်တော်ပြည်ပကိုထွက်ခဲ့၇ပြန်ပါပြီ။
ပြည်ပမှာ၇ုန်းကန်လှုပ်၇ှား၇င်းသမီးကိုနေ့ စဉ်သတိ၇မိပါသည်။
သမီးအကြောင်းကိုစာများဓါတ်ပုံများမှတဆင့်သိ၇ပါတယ်။
ဓါတ်ပုံထဲမှသမီး၇ဲ့ ပုံကိုနေ့ စဉ်ကြည့်မ၀ခဲ့ပါ။
၃ နှစ်လောက်ပြည်ပမှာလှုပ်၇ှား၇င်းမြန်မာပြည်ပြန်ေ၇ာက်တော့ သမီးကခတ်စိန်းစိန်းပါ။ကျွန်တော့အနားမကပ်၊သူ့ အဒေါ်များနှင့် သာပျော်နေ၏။ကျွန်တော်နဲ့ အနေဝေးခဲ့တော့
ကျွန်တော့်အပေါ်မခင်တွယ်တော့ပါ။ဒီတော့ကိုယ့်သမီးနဲ့ 
၇င်းနှီးလာအောင်ကျွန်တော့်မှာအကြံထုတ်၇တယ်။
ကျွန်တော်အပြင်ထွက်တိုင်းသမီးကိုခေါ်သွား၇သည်။
ကျွန်တော်ကဆိုင်ကယ်စီးတော့သမီးကို
၇င်ခွင်ထဲမှာထားပြီးခါးပတ်နှင့်၂ယောက်စလုံးကို
ပါတ်ပြီးခေါ်သွားသည်။သမီးတော်တော်ပျော်ပါသည်။အဲဒီတုံးက
Amusement Park ပန်းခြံတွေကပေါ်ခါစဆိုတော့သမီးက
ဆော့ကစားနေချိန်မှာအဖေကဘီယာလေးသောက်ပြီးထိုင်ကြည့်ပေါ့။
တစ်ကြိမ်သမီးပန်းခြံထဲမှာပြေး၇င်းချော်လဲသွားသည်။
ခြေသလုံးတွင်ကျောက်ခဲနှင့်ခြစ်မိ၍ပွန်းပဲသွားကာ
ဒဏ်၇ာမှသွေးမျာထွက်လာသည်။သမီးကသူမဆော့မကစား၇
မှာစိုး၇ိမ်သဖြင့်အနာကိုကြိတ်ခံကာပြန်ထပြေး သည်။သူဘယ်လောက်နာကြင်မည်ဆိုတာကျွန်တော်သိသည်။
သူ့ ဒဏ်၇ာကသွေးများကိုကြည့်၇င်းသူ့အစား
ကျွန်တော်နာကြင်နေသည်။ဒါက ပထမအကြိမ်ခံစားမှု။

နောက်တစ်ကြိမ်ကတော့ပန်းခြံတစ်ခုမှာပေါ့၊
သမီးကမြက်ခင်းပြင်မှာပြေးဆော့နေတယ်၊
ကျွန်တော်ကမနီးမဝေးမှာဘီယာသောက်၇င်းကြည့်နေသည်။
သမီးက၇ုပ်တ၇က် လျှော တစ်ခုပေါသို့ ပြေးတက်သွားသည်။
လျှော မှာသူ့ အ၇ွယ်ခလေးမျာဆော့သည်.လျှော မဟုတ်ပါ။
၁၅ပေ အမြင့်လောက်တော့၇ှိမည်ထင်သည်။
လှေကားတ၀က်လောက်ေ၇ာက်တော့ကျွန်တော့ကိုသမီးက
လှဲ့ ကြည့်သည်။ ကျွန်တော့်အထင်ကသူပြန်ဆင်းလာလိမ့်မည်ထင်သည်။
သမီးကပြန်မဆင်းဘဲလျှောထိပ်ဖျာတိုင်အောင်ဆက်တက်သွားသည်။
လှေကားတွင်ေ၇ာထိပ်ဖျားတွင်ပါအကာအ၇ံမ၇ှိပါ။
သမီးကလျှောထိဖျားေ၇ာက်တော့ကျွန်တော့်ကို
ကြောင်ကြည့်နေသည်။
ကျွန်တော်ကထိတ်လန့် တကြားဆက်မဆင်း၇န်အော်ဟစ်
၇င်းပြေးတက်ခဲ့သည်။အကယ်၍သူဆက်ဆင်းပါက
သူ့ အ၇ှိန်ကိုသူထိမ်းနိုင်မည်မဟုတ်။
ကျွန်တော်လျှောထိပ်ပေါ်ေ၇ာက်တော့ သမီးကိုဖက်ကိုင်၇င်း
လှေကားမှဆင်း၇န်ကြိုးစားပေမဲ့လှေကားကမတ်
သဖြင့်၂ယောက်ဆင်း၇န်မဖြစ်နိုင်။ဒီတော့သမီးကို
၇င်ခွင်မှာထားပြီးလျှောမှ၂ယောက်အတူဆင်းခဲ့၇သည်။
လျှောမှာအကာကသေးငယ်သည့်အပြင်အ၇ှိန်၇လာသောအခါလက်
များပူ၍ပွန်းပဲ့ခဲ့သည့်ကြားမှမနဲထိမ်း၍ဆင်းခဲ့၇သည်။
အောက်ေ၇ာက်မှသက်မချဖြစ်၇သည်။

သမီးလျောထိပ်မှာေ၇ာက်နေစဉ်ကကျွန်တော်၇င်မှာခံစား၇
သောပူပန်မှုမျိုးကျွန်တော့်ဘ၀မှာတခါမှမခံစားဘူးပါ။
သမီးတစုံတခုဖြစ်သွားမှာအတော်စိုး၇ိမ်မိခဲ့သည်။
ဝမ်းနဲ့ မလွယ်၇ပေမဲ.ကိုယ်၇င်သွေးဟူသောအသိကပင် ကျွန်တော်ကိုပူပန်စေခဲ့သည်။ဝမ်းနဲ့ လွယ်ကာ
ကျွန်တော့်ကိုမွေးဖွားခဲ့သောအမေသည်ဒီလိုပူပန်မှုမျိုး
ကျွန်တော်ကြောင့်ကြိမ်ဖန်များစွာခံစားခဲ့၇ပေမည်။

ကျွန်တော်၃ နှစ်သားအ၇ွယ်တွင်ဖခင်ဆုံးပါးချိန်မှစတင်ကာ
ကျွန်တော်တို့ မောင်နှမ ၅ ယောက်အားတစ်ဦးတည်း
၇ုန်းကန်ကာပြုစုပျိုးထောင်ခဲ့သော
အမေ၏မေတ္တာတ၇ားကိုကျွန်တော်နားလည်ခဲ့၇ပါပြီ။
၇ူပ်၇ှင်ထဲကလိုပါဘဲ ကျွန်တော်အသိတ၇ား၇၇ှိချိန်တွင်
အမေလူလောကမှာမ၇ှိတော့ပါ၊
ကျွန်တော်ပြည်ပမှာေ၇ာက်၇ှိနေချိန်အတွင်းမှာပင်အမေ
ဘ၀တပါးသို့ ပြောင်းသွားခဲ့ပါပြီ။

0 comments:

Post a Comment