*****စကားပုံ***** နံပါတ် ( ၁၁ )
*သူငယ်ချင်းတို့ ရေ.... သိပြီးသာတွေရှိကြသလို မသိတဲ့သူတွေလဲရှိကြမှာပါ...
ဖူးဒီနေ့ ရေးသာမှာကတော့*** သမင်မွေးရင် * ကျားစားရင် ***ဆိုတဲ့စကားပုံပါပဲ
***တချို့ စကားပုံလေးတွေဟာ ဗုဒ္ဓရဲ့ နိပါတ်တော်လာ ပုံပြင်တွေက တဆင့် ဖြစ်ပေါ်လာတယ်
သူငယ်ချင်းတို့ ရေ....
ဒီစကားပုံကလည်း ရှေးသူကြွယ်မ တစ်ဦးဟာ သူ့ သားကို သင့်လျော်တဲ့ မိန်းကလေးတစ်ဦးနဲ့ 
လက်ထပ်ပေးရာက သားသမီး မထွန်းကားဘဲ ရှိသတဲ့ ဒါနဲ့ သားကို တခြားမိန်းကလေးတစ်ဦးနဲ့ 
ထပ်မံပေးစားလိုက်တယ် ပထမဇနီးဟာ နောက်ဇနီး သားသမီးမရအောင် ပဋိသန္ဓေ ပျက်စီးအောင်
အကြိမ်ကြိမ်ပြုသတဲ့ ဒါကြောင့် ဒုတိယ ဇနီးခများ မသေသင့်ပဲနဲ့  သေဆုံးသွားရတယ်တဲ့ သူတို့ 
နှစ်ဦးဟာ မသေဆုံးမီ ကာလက လက်စားချေနိုင်ပါစေလို့ ဆုတောင်းခဲ့ကြတယ်.....
***ဒီလိုနဲ့  ကြက်နဲ့ ကြောင်ဘ၀မှာ ကြက်မွေးသမျှ ကြောင်ကစား ၊ သမင်နဲ့ ကျားဘ၀မှာ သမင်မွေးသမျှ
ကျားကစားပေါ့ ၊ နောက်ဆုံးမှာ ဘီလူးမနဲ့  လူဘ၀ရောက်မှ မြတ်စွာဘုရားရဲ့ အဆုံးမကြောင့် ရန်ပြေငြိမ်း
သွားကြတယ်တဲ့ သူငယ်ချင်းတို့ ဘ၀အဆက်ဆက် ရန်ဘက်ဖြစ်လာခဲ့ရာက တစ်ဦးက သမင် တစ်ဦးက
ကျားဘ၀မှာ သမင်မွေးလိုက်တိုင် ကျားကစားပစ်သလို အကျိုးတစ်စုံ တစ်ရာဖြစ်ပေါ်လာတိုင်း အဖတ်
မတင်ဘဲ ကုန်သွားတဲ့အခါမျိုးမှာ ဒီစကားပုံနဲ့  ခိုင်နှိုင်းလေ့ရှိတယ် ရှာဖွေလို့ ရသလောက် သုံးစရာပေါ်
လာပြီး ကုန်သွားတဲ့သဘောပေါ့ကွယ်.....
***ဒါဟာ ချွေးတာ စုဆောင်းတတ်ဖို့  သတိပေးတဲ့ စကားပုံလေးပါပဲ လူရယ်လို့ ဖြစ်လာရင် အိုစာမင်းစာ
ဆိုတာ ရှိရတယ်လေ အရေးတကြီး လိုအပ်လာတဲ့အခါ သုံးဖို့ စွဲဖို့  ဆိုပြီး သိမ်းဆည်းထား တတ်ရတယ်
ဒီကနေ့ ရတာ ဒီကနေ့ အကုန်သုံးလိုက်ပြီးဆိုပါတော့ မနက်ဖန်အတွက် မနက်ဖန်မှာ ရမှာပဲလို့  ပုံသေ
တွက်ထားရင် မှားလိမ့်မယ် သူငယ်ချင်းတို့  အဲ့ဒီမနက်ဖြန်မှာ အကြောင်းတစ်ခုခုကြောင့် ရမလာခဲ့ရင်
သူငယ်ချင်းတို့  ဘာမှမစားရဘဲ ဗိုက်မှောက်ပြီး နေကြမလား ဒါကြောင့် ခုလိုငယ်စဉ်ကတည်က ကိုယ့်မုန့် 
ဖိုးကို စုတတ်အောင် ကိုယ်အလုပ်လုပ်ရတဲ့ ပိုက်ဆံလေးကိုလဲ ခြိုးခြံသုံးစွဲတတ်အောင် လေ့ကျင့်ကြရမယ်
သူငယ်ချင်းတို့ ရေ........
***ချွေတာစုဆောင်း သူဌေးလောင်းတဲ့နော် ရသလောက်နဲ့  တင်းတိမ်ရောင့်ရဲတာ ကောင်းပါတယ် ရရစားစား
ဝါးဝါးမျိုမျို မလုပ်ကြဖို့ လိုတယ် အရေးပေါ်အတွက် သီးသန့်  ဖယ်ထားတတ်ဖို့  လိုတယ် သူငယ်ချင်းတို့ ရေ...
***အခု ဖူး ဥပမာနဲ့ နှိုင်းပြမယ် မော်တော်ကားတစ်စီး ခရီးသွားတဲ့အခါမှာ ဘီးဆိုတာ အပိုပါရသလိုမျိုးပေါ့
သူငယ်ချင်းတို့  အသင်းအဖွဲ့ လိုက် ကစားကြတဲ့ အခါမှာ အရံအင်အား ထည့်ထားရတယ် မဟုတ်လား
အဲ့လိုပါပဲ သူငယ်ချင်းတို့ ....
***ဖူး နောက်ဆုံး ပြောချင်တာကတော့ လဆိုတာ အမြဲမသာသလို နေဆိုတာလည် နေ့ စဉ်မပူတဲ့ လောက
ကြီးမှာ လာသာတုန်းဗိုင်းငင် နေပူတုန်းစပါးလှမ်း အချိန်ရှိခိုက် လုံးလစိုက် လိုက်ကြပါတော့လို့  တိုက်တွန်းရင်နဲ့ .......
*ထာဝရ သူငယ်ချင်းတို့ ရေ.....
*အများနည်းတူ မထူးခြားဘဲ
*စိတ်ကူး လုပ်ကိုင်ရင်တော့
*မထူးမခြားလေးဘဲ ဖြစ်မှာပဲ
*အောင်မြင် ထူးချွန်းပြီး
*ထူးထူးခြားခြား ဖြစ်ချင်ရင်တော့
*ထူးထူးခြားခြားကို ကြံစည်ကြိုးစား
*စိတ်ကူးတတ်ကြပါစေ လို့ .......ဆုတောင်းပေးလိုက်ပါတယ်......





0 comments:
Post a Comment