မိဘကျေးဇူးမြင့်မိုရ်ဦးအထူးကျေအောင်ဆပ်ပါမည်

Thursday, January 27, 2011

နောင်တတွေကို ရင်ဝယ်မပိုက်ရအောင်

ကျွန်တော် အချစ်ဆိုတာကို ပေါ့ပေါ့ တန်တန် ဆက်ဆံမိလို့ ဘ၀မှာ ဘယ်တော့မှ ပြင်လို့မရတဲ့ အမှားတစ်ခုကို ကျွန်တော် ကျူးလွန်မိသွားတယ် ဗျာ.......ပျက်စဉ် ပြင်ခဏဆိုပင်မဲ့ ကျွနတ်တော်မှားတဲ့အမှားက ကျွန်တော်ကို ကျွန်တော် ပြင်ရင်တောင် သူမကတော့ ကျွန်တော် ဘ၀ထဲကို ဘယ်တော့ မှ ပြန်ရောက်လာတော့မှာ မဟုတ်ဘူးဗျ။
သူမနဲ့ကျွန်တော်က ငယ်သူငယ်ချင်းတွေ ........ငယ်ချစ်တွေပေါ့.............သူမိဘတွေက အရမ်းကို အရှိန်ဝါ ကြီးကြီးနဲ့ ချမ်းသာကြတဲ့သူတွေပါ.............ကျွန်တော်တို့ကတော့ အထည်ကြီးပျက်လေ ..........သူတို့တွေက အတက် ကျွန်တော်တို့က အကျပေါ့ဗျာ............သူမလေးက ကျွန်တော်ကို တော်တော် ချစ်ရှာတယ်။ ဒီလိုနဲ့ကျွန်တော် အသက်20မှာ သူမနဲ့ ကျွန်တော် ခိုးပြေးခဲ့တယ်လေ။သူနဲ့အိမ်ထောင်သက်တောက်လျှောက် ကျွန်တော် ဆိုးသမျှကို ခါးစီးခံရှာတယ်........ကျွန်တော် အရက်သောက်တယ် ..................စိတ်ဆိုးရင် အိမ်ပေါ်ကဆင်းရင် ငွေတွေ သိန်းချီဖြုန်းတယ်............ပြသနာမျိုးစုံ၇ှာတယ်.........သူမိဘတွေက သူကိုဆူနေလဲ ကျွန်တော်ဘက်က ဘဲ အမြဲ ရပ်တည်ပေးရှာတယ်................စိတ်ဆိုးလို့ ကျွန်တော် သူကိုတယောက်ထဲ ထားပြီး ထွက်သွားလဲ လိုက်ရှာတော့တာဘဲ ကျွန်တော်ကို .......... အရက်ဆိုင်တွေမှာ မူးနေလဲ သူအဆင့်တန်းနဲ့ မညီတဲ့ အရက်ဆိုင်တွေမှာ ကျွန်တော်ကို လိုက်ခေါ်ရှာတယ်..........ကျွန်တော်တင်လာသမျှ အကျွေးတွေ ဆိုလဲ သူမ ဘာသူမ ၇ှင်းပေးရှာတယ်.......ဒီလောက်ထိ ချစ်တတ်ပြီး သည်းခံပေးတဲ့ မိန်းမကို ကျွန်တော်ပြန်ပေးခဲ့တာတွေက ရက်စက်ခြင်းနဲ့ ဥပက္ခာတရားတွေလေ..........သူမ ကျွန်တော် ဆီက အမြဲတောင်းတနေခဲ့တာက ကျွန်တော် ရဲ့ ဂရုစိုက်ကြင်နာခြင်းတွေကို ..............ကျွန်တော် ဘယ်တုန်းကမှ ပေးဖို့ မစဉ်းစားခဲ့မိဘူး........ကျွန်တော် သူမလေးကို ချစ်ပါတယ် ဒါပင်မဲ့ ထုတ်မပြတတ်ဘူးဗျ............ဒီလိုနဲ့ အိမ်ထောင်သက်10နှစ်အကြာမှာ သူမနဲ့ကျွန်တော် ဘာပြသနာမှ ကြီးကြီးမားမား မရှိဘဲ သူမ သူ့မိဘအိမ်ကို ပြန်သွားတယ် ................ဘယ်လိုခေါ်ခေါ် မလိုက်တော့ဘူးဗျ...................ကမန်တော်ကို ကွာ၇ှင်းစာချုပ်မှာ လက်မှတ်ထိုးခိုင်းတယ်လေ ..........ကျွန်တော်လဲ သူခဏစိတ်ကောက်တယ်အတင်နဲ့ ထိုးပေးမိလိုက်တယ် ................ကျွန်တော် စိတ်ထဲ သူကျွန်တော်ကို အရမ်းချစ်တော့ ခဏပါဘဲ လို့ ထင်မိတာကို။ နောက် စိတ်ဆိုးရင်တောင် သူမဘဲ အမြဲ အလျှော့ ပေးနေကြဆိုတဲပအသိလဲ ရှိနေတော့ ကျွန်တော်လဲ ခပ်တင်းတင်းဘဲ နေလိုက်မိတယ်။
ဒီလိုနေလိုက်တာ ရက်ကနေလချီလာတော့ ကျွန်တော် အံ့သြလာမိတယ်............2လပြည့်တဲ့နေ့မှဘဲ သတင်းစာထဲမှာ သူမက ကွဲရှင်းပြတ်ဆဲခြင်းကြေငြာထည့်လိုက်တာ တွေ့တော့ ကျွန်တော် အတော်ကို အွှံသြမိသွားတယ်။ ဒီလောက်ထိ ပြတ်သားသွားလိမ့်မယ်လို့ မတင်ထားမိခဲ့ဘူးဗျာ။
ကျွန်တော် ဘက်က ဘယ်လိုဆက်သွယ်2လုံးဝ အတွေ့မခံတော့ ဘူးဗျာ။ ကျွန်တော် ကိုယ်ကို အရမ်းအထင်ကြီးမိသွားတယ်လေ.....သူမလေး ဘယ်တော့မှ ကျွန်တော်ကို ပြစ်ပယ်သွားမယ်လို့ မထင်ခဲ့မိဘူးလေ။ ခုဆို သူမ မှာချစ်ရမဲ့ သူရှိနေပြီတဲ့ ကျွန်တော် ဘယ်လို ပြုပြင်ပြင် သူမက လုံးဝလက်မခံနိုင်တော့ဘူးတဲ့ဗျာ.........ကမန်တော်နဲ့ပတ်သတ်ရင် သူမရင်ထဲမှာ ချစ်ခြင်းမုန်းခြင်းတွေ ကင်းရှင်းနေလို့ပါတဲ့ ဗျာ။ ကမန်တော် ရူးပြီ ဘာမှကို လုပ်လို့ မရတော့ဘူး။
ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်လို နောင်တတွေကို ရင်ဝယ်မပိုက်ရအောင် အချစ်ကို တန်ဖိုးထားတတ်ကြဖို့နဲ့ တဘက်မိန်းကလေးရဲ့ ခံစားချက်တွေကို လစ်လျူမ၇ှုမိဖို့ ၊ ကိုယ်ကို လိုတာထက်ပိုအထင်မကြီးဘဲ တဘက်လူ၇ဲ့ခံစားချက်တွေကို မြင်တတ်အောင် ကြည့်ပေးနိုင်ကြပါစေဗျာ။

0 comments:

Post a Comment